လေးကောင်ဂျင်ဝိုင်းဝင်ဖမ်းရာ ဆိုင်ကယ် ၁၁ စီး၊ ငွေ ၄ သိန်းကျော်နှင့် အတူ လူ ၅ ဦးကို ဖမ်းဆီးရမိ

လေးကောင်ဂျင်ဝိုင်းဝင်ဖမ်းရာ  ဆိုင်ကယ် ၁၁ စီး၊ ငွေ ၄ သိန်းကျော်နှင့် အတူ လူ ၅ ဦးကို ဖမ်းဆီးရမိ

တံတားဦးမြို့နယ်၊ ရေငံချောင်းဘေးရှိယာခင်းအနီးလေးကောင်ဂျင်ဝိုင်း ကစားနေကြောင်းသတင်းအရ ဝင်ဖမ်းရာ လူ ၅ ဦးကို ဆိုင်ကယ် ၁၁ စီး၊ ငွေ ၄ သိန်းကျော်နှင့် အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

တံတားဦးမြို့နယ်၊ ညောင်ပင်စောက်ကျေးရွာ၏အနောက်တောင်ဘက် (၂)မိုင်ခန့်အကွာ ရေငံချောင်း ဘေးရှိယာခင်းအနီး ထနောင်းပင်နှင့် ကန္တာရပင်အောက်ရှိ ထန်းလက်မိုးတဲအောက်တွင် လေးကောင်ဂျင် လောင်းကစားဝိုင်းပြုလုပ် နေကြောင်းသတင်းအရ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစိတ်မှ တပ်ဖွဲ့ဝင်များ၊ ချောင်းခွနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ဇွန် ၃ ရက် ညနေ ၃ နာရီခွဲအချိန်က ဝင်ဖမ်းခဲ့ရာ လောင်းကစားနေသူများ ဖြစ်သည့် ဝေမိုး ၃၂ နှစ်၊ မန်ကျီးကုန်းကျေးရွာ၊ နွားထိုးကြီးမြို့နယ်၊ သိန်းဌေး ၅၅ နှစ်၊ သာစည်ကျေးရွာ၊ နွားထိုးကြီးမြို့နယ်၊ သန်းမြိုင် ၅၈ နှစ်၊ မန်ကျီးကုန်းကျေးရွာ၊ နွားထိုးကြီးမြို့နယ်၊ ပေါကြည် ၅၀ နှစ်၊ မန်ကျီးကုန်းကျေးရွာ၊ နွားထိုးကြီး မြို့နယ်၊ ကျော်မင်း ၆၃ နှစ်၊ မန်ကျီးကုန်းကျေးရွာ၊ နွားထိုးကြီးမြို့နယ်နေသူတို့ ၅ ဦးအား ဂျင်ဝိုင်းလောင်းကစား ရာတွင်အသုံးပြုသည့်ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေ ၄၅၇၆၅၀ ကျပ်၊ ဆိုင်ကယ်မျိုးစုံ ၁၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

ထိုသို့ ဖမ်းဆီးရမိသဖြင့် ဝေမိုးအပါအဝင် ၅ ဦးအား ချောင်းခွနယ်မြေရဲစခန်း (ပ)၂၄/၂၀၁၉၊ လောင်း ကစား ဥပဒေပုဒ်မ ၁၅(က)/၁၆ (က) အရအမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရပါတယ်။

KZ
မန္တလေး၊ ဇူလိုင် ၅

( Zawgyi )

 တံတားဦးၿမိဳ႕နယ္၊ ေရငံေခ်ာင္းေဘးရွိယာခင္းအနီးေလးေကာင္ဂ်င္ဝိုင္း ကစားေနေၾကာင္းသတင္းအရ ဝင္ဖမ္းရာ လူ ၅ ဦးကို ဆိုင္ကယ္ ၁၁ စီး၊ ေငြ ၄ သိန္းေက်ာ္ႏွင့္ အတူ ဖမ္းဆီးရမိခဲ့တယ္လို႔ မႏၲေလးတိုင္း ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ခဲ့ပါတယ္။

တံတားဦးၿမိဳ႕နယ္၊ ေညာင္ပင္ေစာက္ေက်း႐ြာ၏အေနာက္ေတာင္ဘက္ (၂)မိုင္ခန႔္အကြာ ေရငံေခ်ာင္း ေဘးရွိယာခင္းအနီး ထေနာင္းပင္ႏွင့္ ကႏၲာရပင္ေအာက္ရွိ ထန္းလက္မိုးတဲေအာက္တြင္ ေလးေကာင္ဂ်င္ ေလာင္းကစားဝိုင္းျပဳလုပ္ ေနေၾကာင္းသတင္းအရ မႏၲေလးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မႉး႐ုံး၊ မႈခင္းအကူဌာနစိတ္မွ တပ္ဖြဲ႕ဝင္မ်ား၊ ေခ်ာင္းခြနယ္ေျမရဲစခန္းမွ တပ္ဖြဲ႕ဝင္တို႔ပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ သက္ေသမ်ားႏွင့္အတူ ဇြန္ ၃ ရက္ ညေန ၃ နာရီခြဲအခ်ိန္က ဝင္ဖမ္းခဲ့ရာ ေလာင္းကစားေနသူမ်ား ျဖစ္သည့္ ေဝမိုး ၃၂ ႏွစ္၊ မန္က်ီးကုန္းေက်း႐ြာ၊ ႏြားထိုးႀကီးၿမိဳ႕နယ္၊ သိန္းေဌး ၅၅ ႏွစ္၊ သာစည္ေက်း႐ြာ၊ ႏြားထိုးႀကီးၿမိဳ႕နယ္၊ သန္းၿမိဳင္ ၅၈ ႏွစ္၊ မန္က်ီးကုန္းေက်း႐ြာ၊ ႏြားထိုးႀကီးၿမိဳ႕နယ္၊ ေပါၾကည္ ၅၀ ႏွစ္၊ မန္က်ီးကုန္းေက်း႐ြာ၊ ႏြားထိုးႀကီး ၿမိဳ႕နယ္၊ ေက်ာ္မင္း ၆၃ ႏွစ္၊ မန္က်ီးကုန္းေက်း႐ြာ၊ ႏြားထိုးႀကီးၿမိဳ႕နယ္ေနသူတို႔ ၅ ဦးအား ဂ်င္ဝိုင္းေလာင္းကစား ရာတြင္အသုံးျပဳသည့္ဆက္စပ္ပစၥည္းမ်ား၊ ေလာင္းေၾကးေငြ ၄၅၇၆၅၀ က်ပ္၊ ဆိုင္ကယ္မ်ိဳးစုံ ၁၁ စီးတို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ပါတယ္။

ထိုသို႔ ဖမ္းဆီးရမိသျဖင့္ ေဝမိုးအပါအဝင္ ၅ ဦးအား ေခ်ာင္းခြနယ္ေျမရဲစခန္း (ပ)၂၄/၂၀၁၉၊ ေလာင္း ကစား ဥပေဒပုဒ္မ ၁၅(က)/၁၆ (က) အရအမႈဖြင့္စစ္ေဆးေဆာင္႐ြက္လ်က္ရွိေၾကာင္းသိရပါတယ္။

KZ
မႏၲေလး၊ ဇူလိုင္ ၅