လေ့လာကြည့်ရှုသူများကို အသုတ်လိုက်ခွဲကာ ဗိုလ်ချုပ်ပြတိုက် အပေါ်ထပ် လေ့လာခွင့်ပေးမည်

 
လေ့လာကြည့်ရှုသူများကို အသုတ်လိုက်ခွဲကာ ဗိုလ်ချုပ်ပြတိုက် အပေါ်ထပ် လေ့လာခွင့်ပေးမည်

ယခု ဇူလိုင်လ ၁၉ ရက်မှာ ကျရောက်တဲ့ ၇၂ နှစ်မြောက် အာဇာနည်နေ့မှာ ရန်ကုန်မြို့က ဗိုလ်ချုပ် အောင်ဆန်း နေအိမ်ပြတိုက်ကို လေ့လာကြည့်ရှု သူတွေများပြားမယ့်အတွက် အသုတ်လိုက်ခွဲကာ ကြည့်ရှုခွင့်ပေးဖို့ စီစဉ်ထားတယ်လို့ အမျိုးသားပြတိုက်(ရန်ကုန်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်စိုး ကပြောပါတယ်။

“အာဇာနည်နေ့အတွက် ဗိုလ်ချုပ်ပြတိုက်မှာ တာဝန်ယူဆောင်ရွက်ရတာ ဖြစ်ပါတယ်၊ မနှစ်ကတော့ အပေါ်ထပ်ကို ပေးမတက်ပါဘူး၊ ပရိုဂျက် တာနဲ့ပဲ ပြသခဲ့ပါတယ်၊ ဒီနှစ်ကတော့ ပေးတက်ပါမယ်၊ ဒါပေမဲ့ လူသိပ်များမှာဖြစ်တဲ့အတွက် တစ်သုတ်စီခွဲပြီးတော့ လူ ၅၀ စီကို ပေးတက်မှာ ဖြစ်ပါတယ်”လို့ သူက ရှင်းပြပါတယ်။

ယခု အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်ရဲ့ အပေါ်ထပ်ကို တက်ရောက်လေ့လာခွင့်ပြုနိုင်ရန် အတွက် ကြံ့ခိုင်မှုအနေ အထား ကို ရရှိတဲ့ဘတ်ဂျက်ပေါ်မူတည်ကာ ပြုပြင်ခဲ့တာဖြစ်ပြီး အဆောက်အအုံ ကြံ့ခိုင်မှုကို လုပ်ငန်းစဉ်(၉)မျိုးဖြင့် ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ ထိုသို့ အပေါ်ထပ်ကို တက်ခွင့်ပြုတဲ့အခါ ဗိုလ်ချုပ်စာဖတ်ခန်းနဲ့ အထူးအစည်းအဝေးခန်းမကို အပြင်ကနေပဲ ကြည့်ရှုခွင့်ရမှာ ဖြစ်ပြီး ဗိုလ်ချုပ်အိပ်ခန်းနဲ့ ကလေးများအိပ်ခန်းကိုသာ ဝင်ရောက်လေ့လာ ကြည့်ရှုခွင့်ရမယ်လို့ သိရပါတယ်။

ထိုသို့ ကန့်သတ်လုပ်ဆောင်တာဟာ ဇူလိုင် ၁၉ ရက်မှ ၂၁ ရက်အထိ ကာလအတွင်းဖြစ်ပြီး နောက်ပိုင်းမှာ ပုံမှန်အတိုင်း အပေါ်ထပ်ကို ကြည့်ရှုခွင့်ပြုမှာဖြစ်ကြောင်း၊ ပြတိုက်ကိုလာတဲ့ ဧည့်သည်တွေအနေနဲ့ ခြံဝင်း ထဲကို ဝင်လိုက်တဲ့အခါ ဗိုလ်ချုပ်ပုံပါတဲ့ ပိုက်ဆံတွေ၊ ဗိုလ်ချုပ်ပုံပါတဲ့ ပစ္စည်းတွေကို စီစဉ်ထားပြီး ဗိုလ်ချုပ်ရဲ့ ပုံတူ ဆီလီကွန်ရုပ်တုကို လေ့လာကာ ထမင်းစားခန်း ကိုလေ့လာနိုင်ကြောင်း၊ ယင်းမှ အပြင်ကိုပြန်ထွက် ပြီး အပြင်မှာ ယခုနှစ် ထပ်ပြီးလုပ်ထားတဲ့ သလဲပင်ပြကွက်ကိုလေ့လာကာ ပြုပြင်မွမ်းမံထားတဲ့ ဧည့်ခန်းကနေ အပေါ်ထပ်ကို တက်ရောက်ကြည့် ရှု ခွင့် ရမှာဖြစ်ကြောင်း သိရပါတယ်။

ထိုအဆောက်အအုံဟာ ၁၉၄၅ ခုနှစ်မှ ဗိုလ်ချုပ်မကျဆုံးခင်အထိနေထိုင်ခဲ့တဲ့ အဆောက်အအုံဖြစ်ပြီး ၁၉၆၀နောက်ပိုင်းမှ စတင်ကာ ပြတိုက် အဖြစ်ဖွင့်လှစ်ခဲ့ပါတယ်။ ယခု ၂၀၁၉ ခုနှစ် အာဇာနည်နေ့ အထူး ပြပွဲတွင် လက်ကိုင်ဖုန်း၊ အိတ်၊ ကင်မရာ၊ မီးခြစ်၊ အစားအသောက်များ၊ အခြားပေါက်ကွဲစေသောပစ္စည်းများ ယူဆောင်ခြင်းမပြုဖို့ကိုလည်း ကန့်သတ်ထားတယ်လို့ သိရပါတယ်။

  ဇွဲမာန်
ရန်ကုန်၊ ဇူလိုင် ၁၈

(  Zawgyi  )

 ယခု ဇူလိုင္လ ၁၉ ရက္မွာ က်ေရာက္တဲ့ ၇၂ ႏွစ္ေျမာက္ အာဇာနည္ေန႔မွာ ရန္ကုန္ၿမိဳ႕က ဗိုလ္ခ်ဳပ္ ေအာင္ဆန္း ေနအိမ္ျပတိုက္ကို ေလ့လာၾကည့္ရႈ သူေတြမ်ားျပားမယ့္အတြက္ အသုတ္လိုက္ခြဲကာ ၾကည့္ရႈခြင့္ေပးဖို႔ စီစဥ္ထားတယ္လို႔ အမ်ိဳးသားျပတိုက္(ရန္ကုန္)မွ လက္ေထာက္ၫႊန္ၾကားေရးမႉး ဦးခင္ေမာင္စိုး ကေျပာပါတယ္။

“အာဇာနည္ေန႔အတြက္ ဗိုလ္ခ်ဳပ္ျပတိုက္မွာ တာဝန္ယူေဆာင္႐ြက္ရတာ ျဖစ္ပါတယ္၊ မႏွစ္ကေတာ့ အေပၚထပ္ကို ေပးမတက္ပါဘူး၊ ပ႐ိုဂ်က္ တာနဲ႔ပဲ ျပသခဲ့ပါတယ္၊ ဒီႏွစ္ကေတာ့ ေပးတက္ပါမယ္၊ ဒါေပမဲ့ လူသိပ္မ်ားမွာျဖစ္တဲ့အတြက္ တစ္သုတ္စီခြဲၿပီးေတာ့ လူ ၅၀ စီကို ေပးတက္မွာ ျဖစ္ပါတယ္”လို႔ သူက ရွင္းျပပါတယ္။

ယခု အာဇာနည္ေန႔မွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေနအိမ္ျပတိုက္ရဲ႕ အေပၚထပ္ကို တက္ေရာက္ေလ့လာခြင့္ျပဳႏိုင္ရန္ အတြက္ ႀကံ့ခိုင္မႈအေန အထား ကို ရရွိတဲ့ဘတ္ဂ်က္ေပၚမူတည္ကာ ျပဳျပင္ခဲ့တာျဖစ္ၿပီး အေဆာက္အအုံ ႀကံ့ခိုင္မႈကို လုပ္ငန္းစဥ္(၉)မ်ိဳးျဖင့္ ေဆာင္႐ြက္ခဲ့ၾကတာျဖစ္ပါတယ္။ ထိုသို႔ အေပၚထပ္ကို တက္ခြင့္ျပဳတဲ့အခါ ဗိုလ္ခ်ဳပ္စာဖတ္ခန္းနဲ႔ အထူးအစည္းအေဝးခန္းမကို အျပင္ကေနပဲ ၾကည့္ရႈခြင့္ရမွာ ျဖစ္ၿပီး ဗိုလ္ခ်ဳပ္အိပ္ခန္းနဲ႔ ကေလးမ်ားအိပ္ခန္းကိုသာ ဝင္ေရာက္ေလ့လာ ၾကည့္ရႈခြင့္ရမယ္လို႔ သိရပါတယ္။

ထိုသို႔ ကန႔္သတ္လုပ္ေဆာင္တာဟာ ဇူလိုင္ ၁၉ ရက္မွ ၂၁ ရက္အထိ ကာလအတြင္းျဖစ္ၿပီး ေနာက္ပိုင္းမွာ ပုံမွန္အတိုင္း အေပၚထပ္ကို ၾကည့္ရႈခြင့္ျပဳမွာျဖစ္ေၾကာင္း၊ ျပတိုက္ကိုလာတဲ့ ဧည့္သည္ေတြအေနနဲ႔ ၿခံဝင္း ထဲကို ဝင္လိုက္တဲ့အခါ ဗိုလ္ခ်ဳပ္ပုံပါတဲ့ ပိုက္ဆံေတြ၊ ဗိုလ္ခ်ဳပ္ပုံပါတဲ့ ပစၥည္းေတြကို စီစဥ္ထားၿပီး ဗိုလ္ခ်ဳပ္ရဲ႕ ပုံတူ ဆီလီကြန္႐ုပ္တုကို ေလ့လာကာ ထမင္းစားခန္း ကိုေလ့လာႏိုင္ေၾကာင္း၊ ယင္းမွ အျပင္ကိုျပန္ထြက္ ၿပီး အျပင္မွာ ယခုႏွစ္ ထပ္ၿပီးလုပ္ထားတဲ့ သလဲပင္ျပကြက္ကိုေလ့လာကာ ျပဳျပင္မြမ္းမံထားတဲ့ ဧည့္ခန္းကေန အေပၚထပ္ကို တက္ေရာက္ၾကည့္ ရႈ ခြင့္ ရမွာျဖစ္ေၾကာင္း သိရပါတယ္။

ထိုအေဆာက္အအုံဟာ ၁၉၄၅ ခုႏွစ္မွ ဗိုလ္ခ်ဳပ္မက်ဆုံးခင္အထိေနထိုင္ခဲ့တဲ့ အေဆာက္အအုံျဖစ္ၿပီး ၁၉၆၀ေနာက္ပိုင္းမွ စတင္ကာ ျပတိုက္ အျဖစ္ဖြင့္လွစ္ခဲ့ပါတယ္။ ယခု ၂၀၁၉ ခုႏွစ္ အာဇာနည္ေန႔ အထူး ျပပြဲတြင္ လက္ကိုင္ဖုန္း၊ အိတ္၊ ကင္မရာ၊ မီးျခစ္၊ အစားအေသာက္မ်ား၊ အျခားေပါက္ကြဲေစေသာပစၥည္းမ်ား ယူေဆာင္ျခင္းမျပဳဖို႔ကိုလည္း ကန႔္သတ္ထားတယ္လို႔ သိရပါတယ္။

  ဇြဲမာန္
ရန္ကုန္၊ ဇူလိုင္ ၁၈