လူငယ်တွေရဲ့ အနာဂတ်ဖွံ့ဖြိုးမှု အလားအလာကောင်းများ ဖြည့်ဆည်းနိုင်မယ့် မူဘောင်နဲ့အတူ စွမ်းရည်ပြည့်ဝတဲ့ လူငယ်တွေ ပေါ်ထွက်ရန် ရည်ရွယ်ထားဟု ဆို

လူငယ်တွေရဲ့ အနာဂတ်ဖွံ့ဖြိုးမှု အလားအလာကောင်းများ ဖြည့်ဆည်းနိုင်မယ့် မူဘောင်နဲ့အတူ စွမ်းရည်ပြည့်ဝတဲ့ လူငယ်တွေ ပေါ်ထွက်ရန် ရည်ရွယ်ထားဟု ဆို

လူငယ်တွေအနေနဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ယဉ်ကျေးမှု ဖွံ့ဖြိုးရေးတွေကနေ အနာဂတ် အလားလာကောင်းတွေ ဖြည့်ဆည်းပေးနိုင်မယ့် မဟာဗျူဟာလမ်းညွှန်ချက်တွေကို ဆောင်ရွက်ဖို့ မူဘောင်တွေနဲ့အတူ အနာဂတ်မှာစွမ်းရည်ပြည့်ဝတဲ့ လူငယ်တွေ ပေါ်ထွက်စေဖို့ ရည်ရွယ်ကာ လူငယ်ရေးရာ မူဝါဒဆိုင်ရာ မိတ်ဆက်ရှင်းလင်းတာတွေကို လုပ်ဆောင်တာဖြစ်တယ်လို့ အင်းစိန်မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန် က ပြောပါတယ်။

အဆိုပါ မူဝါဒမိတ်ဆက်ရှင်းလင်းမှုနဲ့အတူ ရန်ကုန်မြောက်ပိုင်းခရိုင် လူငယ်ရေးရာကော်မတီကိုလည်း ဖွဲ့စည်းခဲ့ကြပါတယ်။မြန်မာနိုင်ငံ လူငယ်ရေးရာမူဝါဒကို အတည်ပြုပြီးနောက် ၎င်းရဲ့နောက်ဆက်တွဲအဖြစ် အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း ရေးဆွဲရေးကို ဆက်လက်ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် လူငယ်ရေးရာကော်မတီတွေကို ဖွဲ့စည်းခဲ့ပြီး ဆက်လက်၍ ဖွဲ့စည်းရန် ကျန်နေသေးတဲ့ ခရိုင်အဆင့် ကော်မတီတွေကိုလည်း ယခုလိုဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

“ပတ်ဝန်းကျင်အတွက် ကျန်းမာကြံ့ခိုင်ပြီး နိုင်ငံတော်ကို ကာကွယ်တည်ဆောက်နိုင်မယ့် စွမ်းရည်ပြည့်ဝသော လူငယ်များ ပေါ်ထွန်းလာစေဖို့ မျှော်မှန်းချက် လမ်းစဉ်ရည်ရွယ်ချက်တွေနဲ့ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ့် တိကျသေချာတဲ့ မဟာဗျူဟာတွေအဖြစ် ပြောင်းလဲပေးနိုင်ဖို့ဟာ လူငယ်မူဝါဒက အရေးကြီးပါတယ်၊ ဒါ့ကြောင့်လည်း အခုလို မိတ်ဆက်ရှင်းလင်းတာတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် ဆောင်ရွက်ကြတာ ဖြစ်ပါတယ်” လို့ ၎င်းက ရှင်းပြပါတယ်။

လူငယ်ရေးရာမူဝါဒကို လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်က အတည်ပြု ပြဋ္ဌာန်းခဲ့သော်လည်း အောက်ခြေမှာ လူငယ်တွေကိုယ်တိုင် မသိသေးတဲ့အတွက် မိတ်ဆက်ရှင်းလင်းပွဲတွေကို အောက်ခြေဒေသအထိဆင်းကာ လုပ်ဆောင်နေကြသလို တက္ကသိုလ်၊ ကောလိပ်တွေမှာလည်း ယခုရှင်းလင်းတာတွေကို လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

လူငယ်တွေအတွက် အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို ဆောင်ရွက်တဲ့အခါ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့် စတဲ့ လူငယ်ရေးရာ ကော်မတီတွေဟာ သက်ဆိုင်ရာ ဝန်ကြီးဌာန အဖွဲ့အစည်းတွေနဲ့အတူ ဆောင်ရွက်ကြရမှာဖြစ်တဲ့အတွက် တာဝန်ယူမှု တာဝန်ခံမှု အားကောင်းစွာဖြင့် အနာဂတ် လူမှုအဖွဲ့အစည်းမှာ လူငယ်တွေအနေနဲ့ တိုင်းပြည်အတွက်လည်း အကျိုးပြုကာ စွမ်းရည်ပြည့်ဝတဲ့ မျိုးဆက်သစ်တွေ ပေါ်ထွက်လာစေဖို့ ရည်ရွယ်ထားကြတာ ဖြစ်ပါတယ်။

စက်တင်ဘာ ၁၃ ရက်က အင်းစိန်မြို့နယ် အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်းမှာ ပြုလုပ်တဲ့ လူငယ်ရေးရာမူဝါဒ မိတ်ဆက်ရှင်းလင်းပွဲမှာ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန် နဲ့ ရန်ကုန်မြောက်ပိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်သီရိထွန်း တို့က ရှင်းလင်းပြောကြားခဲ့ကြသလို လူငယ်ရေးရာကော်မတီ ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်တွေနဲ့ ပတ်သက်ပြီး ကိုဒီငြိမ်းလင်း က ရှင်းပြခဲ့ကြပါတယ်။

ယခုကဲ့သို့သော မိတ်ဆက်ရှင်းလင်းပွဲကို သန်လျင်မြို့နယ်က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှာလည်း တစ်ပြိုင်နက်ကျင်းပနေသလို ရန်ကုန်တောင်ပိုင်းခရိုင်အဆင့် လူငယ်ရေးရာကော်မတီကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။

ဇွဲမာန်
ရန်ကုန်၊ စက်တင်ဘာ - ၁၄

( Zawgyi )

လူငယ္ေတြအေနနဲ႔ လူမႈေရး၊ စီးပြားေရး၊ ႏိုင္ငံေရး၊ ပညာေရး၊ ယဥ္ေက်းမႈ ဖြံ႕ၿဖိဳးေရးေတြကေန အနာဂတ္ အလားလာေကာင္းေတြ ျဖည့္ဆည္းေပးႏိုင္မယ့္ မဟာဗ်ဴဟာလမ္းၫႊန္ခ်က္ေတြကို ေဆာင္႐ြက္ဖို႔ မူေဘာင္ေတြနဲ႔အတူ အနာဂတ္မွာစြမ္းရည္ျပည့္ဝတဲ့ လူငယ္ေတြ ေပၚထြက္ေစဖို႔ ရည္႐ြယ္ကာ လူငယ္ေရးရာ မူဝါဒဆိုင္ရာ မိတ္ဆက္ရွင္းလင္းတာေတြကို လုပ္ေဆာင္တာျဖစ္တယ္လို႔ အင္းစိန္မဲဆႏၵနယ္မွ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝၿဖိဳးဟန္ က ေျပာပါတယ္။

အဆိုပါ မူဝါဒမိတ္ဆက္ရွင္းလင္းမႈနဲ႔အတူ ရန္ကုန္ေျမာက္ပိုင္းခ႐ိုင္ လူငယ္ေရးရာေကာ္မတီကိုလည္း ဖြဲ႕စည္းခဲ့ၾကပါတယ္။ျမန္မာႏိုင္ငံ လူငယ္ေရးရာမူဝါဒကို အတည္ျပဳၿပီးေနာက္ ၎ရဲ႕ေနာက္ဆက္တြဲအျဖစ္ အမ်ိဳးသားအဆင့္ မဟာဗ်ဴဟာစီမံကိန္း ေရးဆြဲေရးကို ဆက္လက္ေဆာင္႐ြက္လ်က္ရွိရာ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အဆင့္ လူငယ္ေရးရာေကာ္မတီေတြကို ဖြဲ႕စည္းခဲ့ၿပီး ဆက္လက္၍ ဖြဲ႕စည္းရန္ က်န္ေနေသးတဲ့ ခ႐ိုင္အဆင့္ ေကာ္မတီေတြကိုလည္း ယခုလိုဖြဲ႕စည္းခဲ့တာျဖစ္ပါတယ္။

“ပတ္ဝန္းက်င္အတြက္ က်န္းမာႀကံ့ခိုင္ၿပီး ႏိုင္ငံေတာ္ကို ကာကြယ္တည္ေဆာက္ႏိုင္မယ့္ စြမ္းရည္ျပည့္ဝေသာ လူငယ္မ်ား ေပၚထြန္းလာေစဖို႔ ေမွ်ာ္မွန္းခ်က္ လမ္းစဥ္ရည္႐ြယ္ခ်က္ေတြနဲ႔ လက္ေတြ႕အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္မယ့္ တိက်ေသခ်ာတဲ့ မဟာဗ်ဴဟာေတြအျဖစ္ ေျပာင္းလဲေပးႏိုင္ဖို႔ဟာ လူငယ္မူဝါဒက အေရးႀကီးပါတယ္၊ ဒါ့ေၾကာင့္လည္း အခုလို မိတ္ဆက္ရွင္းလင္းတာေတြနဲ႔ က်ယ္က်ယ္ျပန႔္ျပန႔္ျဖစ္ေအာင္ ေဆာင္႐ြက္ၾကတာ ျဖစ္ပါတယ္” လို႔ ၎က ရွင္းျပပါတယ္။

လူငယ္ေရးရာမူဝါဒကို လြန္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္၊ ႏိုဝင္ဘာ ၈ ရက္က အတည္ျပဳ ျပ႒ာန္းခဲ့ေသာ္လည္း ေအာက္ေျခမွာ လူငယ္ေတြကိုယ္တိုင္ မသိေသးတဲ့အတြက္ မိတ္ဆက္ရွင္းလင္းပြဲေတြကို ေအာက္ေျခေဒသအထိဆင္းကာ လုပ္ေဆာင္ေနၾကသလို တကၠသိုလ္၊ ေကာလိပ္ေတြမွာလည္း ယခုရွင္းလင္းတာေတြကို လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

လူငယ္ေတြအတြက္ အမ်ိဳးသားအဆင့္ မဟာဗ်ဴဟာစီမံခ်က္ကို ေဆာင္႐ြက္တဲ့အခါ ျပည္ေထာင္စုအဆင့္၊ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္အဆင့္ စတဲ့ လူငယ္ေရးရာ ေကာ္မတီေတြဟာ သက္ဆိုင္ရာ ဝန္ႀကီးဌာန အဖြဲ႕အစည္းေတြနဲ႔အတူ ေဆာင္႐ြက္ၾကရမွာျဖစ္တဲ့အတြက္ တာဝန္ယူမႈ တာဝန္ခံမႈ အားေကာင္းစြာျဖင့္ အနာဂတ္ လူမႈအဖြဲ႕အစည္းမွာ လူငယ္ေတြအေနနဲ႔ တိုင္းျပည္အတြက္လည္း အက်ိဳးျပဳကာ စြမ္းရည္ျပည့္ဝတဲ့ မ်ိဳးဆက္သစ္ေတြ ေပၚထြက္လာေစဖို႔ ရည္႐ြယ္ထားၾကတာ ျဖစ္ပါတယ္။

စက္တင္ဘာ ၁၃ ရက္က အင္းစိန္ၿမိဳ႕နယ္ အမွတ္ (၆) အေျခခံပညာ အထက္တန္းေက်ာင္းမွာ ျပဳလုပ္တဲ့ လူငယ္ေရးရာမူဝါဒ မိတ္ဆက္ရွင္းလင္းပြဲမွာ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝၿဖိဳးဟန္ နဲ႔ ရန္ကုန္ေျမာက္ပိုင္းခ႐ိုင္ လူမႈဝန္ထမ္းဦးစီးဌာနမႉး ေဒၚသီရိထြန္း တို႔က ရွင္းလင္းေျပာၾကားခဲ့ၾကသလို လူငယ္ေရးရာေကာ္မတီ ဖြဲ႕စည္းရတဲ့ ရည္႐ြယ္ခ်က္ေတြနဲ႔ ပတ္သက္ၿပီး ကိုဒီၿငိမ္းလင္း က ရွင္းျပခဲ့ၾကပါတယ္။

ယခုကဲ့သို႔ေသာ မိတ္ဆက္ရွင္းလင္းပြဲကို သန္လ်င္ၿမိဳ႕နယ္က အမွတ္ (၁) အေျခခံပညာ အထက္တန္းေက်ာင္းမွာလည္း တစ္ၿပိဳင္နက္က်င္းပေနသလို ရန္ကုန္ေတာင္ပိုင္းခ႐ိုင္အဆင့္ လူငယ္ေရးရာေကာ္မတီကိုလည္း ဖြဲ႕စည္းခဲ့ပါတယ္။

ဇြဲမာန္
ရန္ကုန္၊ စက္တင္ဘာ - ၁၄