လူကုန်ကူး ဖြစ်ရပ်များ စီမံဆောင်ရွက်ခြင်းနှင့် တရားစွဲဆိုရေးလုပ်ငန်းစဉ်ဆိုင်ရာ စွမ်းရည်မြင့် သင်တန်း များ ဖွင့်လှစ်

လူကုန်ကူး ဖြစ်ရပ်များ စီမံဆောင်ရွက်ခြင်းနှင့် တရားစွဲဆိုရေးလုပ်ငန်းစဉ်ဆိုင်ရာ စွမ်းရည်မြင့် သင်တန်း များ ဖွင့်လှစ်

လူကုန်ကူးမှုနှင့် သက်ဆိုင်သော ဖြစ်ရပ်များ စီမံဆောင်ရွက်ခြင်းနှင့် တရားစွဲဆိုရေး လုပ်ငန်းစဉ် ဆိုင်ရာ စွမ်းရည်မြင့် သင်တန်းကို နေပြည်တော် Grand Amara တွင် ယနေ နံနက်ပိုင်းဖွင့်လှစ်ခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း တက်ရောက် အမှာ စကား ပြောကြားခဲ့ပါတယ်။
 
လူကုန်ကူးသူများကို အရေးယူနိုင်ရန် အဓိကသက်သေဖြစ်သည့် လူကုန်ကူးခံရသူ လူသက်သေများ က တရားစွဲဆိုသည့်ကိစ္စရပ်များ၌ ပူးပေါင်းပါဝင်ဆောင်ရွက်မှ တရားရေးလုပ်ငန်းလည်း အောင်မြင်မှာ ဖြစ်ပြီး လူကုန်ကူးသူများအားလည်း ထိရောက်သည့် ပြစ်ဒဏ်များချမှတ်ဆောင်ရွက်နိုင် မည်ဖြစ်ပါ တယ်။

 လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် အသိပညာပေးခြင်း၊ ဟောပြောခြင်းများ ရှိဖို့ လိုအပ် သကဲ့သို တရားစီရင်ရေးနှင့် ပတ်သက်သည့် Process များကိုလည်း သိထားဖို့လိုအပ် ပြီး၊ တရားစွဲဆို မှုအောင်မြင် သွားလျှင် လူကုန်ကူး မှုခံရသူများက လျော်ကြေးနစ်နာကြေးများရရှိကာ ၎င်းတို့၏ Rights အပြည့်အဝအကာအကွယ်ရမည် ဖြစ် ပါတယ်။ဒါ့အပြင် တရားစီရင်ရာ၌ ၎င်းတို့မိသားစုများကို အကာ အကွယ်ပေးနိုင်ဖို့ လိုအပ်ပါတယ်။

 အဂတိ လိုက်စားပြီး အမှုဖျက်ခြင်း၊ ဖြေလျှော့ခြင်း၊ လူကုန်ကူးမှုခံရသူများကို ခြိမ်းခြောက်များအား အဖွဲ့အစည်းများက သိရှိဖို့လိုအပ်ကာတရားစွဲဆိုခြင်း ကိစ္စများအောင်မြင်ဖို့အတွက် သူတို့ကို တရားရုံး၏လုပ်ထုံးလုပ်နည်း procedure များ အသေးစိတ် ရှင်းပြဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မြန်မြန် ပြီးအောင်၊ မကြန့်ကြာအောင် ဌာနဆိုင်ရာများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်း က ပြောပါတယ်။

ယင်းအပြင် “လူကုန်ကူးခံရသူတွေရဲ့ အကြောင်းတွေ၊ သူတို့နဲ့ပတ်သက်ဆက်စပ်နေတဲ့ သတင်း အ ချက်အလက် တွေ၊ သူတို့ရဲ့ခံစားချက်တွေ၊ သူတို့ရဲ့လိုလားချက်တွေ လိုအပ်ချက်တွေ ဒါတွေကို သိမှ ကျွန် တော်တို က ဖြည့်ဆည်းပေးနိုင်မယ်။ဒါတွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေပေါ်မူတည်ပြီးမှ ကျွန်တော်တို့ က လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ မူဝါဒတွေချမှတ်တဲ့အခါတွေမှာပဲဖြစ်ဖြစ် ကြိုတင် ကာကွယ်မှု အပိုင်းတွေမှာပဲ ဖြစ်ဖြစ် သူတို့ကို ကာကွယ်စောင့်ရှောက်ပေးတဲ့အခါမှာပဲဖြစ်ဖြစ် တရားစွဲ ဆိုတဲ့ အပိုင်းမှာပဲ ဖြစ်ဖြစ် သူတို့က အဓိကနေရာက ပါဝင်ပါတယ် သူတို့ဆီက ရရှိတဲ့ အချက်အလက် တွေနဲ့သူတို့ဆီက အတွေ့အကြုံတွေကို မူတည်ြ့ပီးတော့ ကျွန်တော်တို့က အခုလို သင်တန်း လုပ် ရခြင်း ပဲဖြစ်ပါတယ်” ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင် ထွန်းက ပြောကြားခဲ့ပါတယ်။

အဆိုပါသင်တန်းအားဇူလိုင်၁၀ ရက်မှ ၁၂ ရက်အထိ သုံးရက်တိုင် ကျင်းပမည်ဖြစ်ပြီးသင်တန်း၌ သင်တန်းသား/ သူ ၃၀ ဦးကျော် တက်ရောက်ကြောင်းလည်းသိရပါတယ်။

PTG
နေပြည်တော်၊ ဇူလိုင် ၁၀

(  Zawgyi  )

 လူကုန္ကူးမႈႏွင့္ သက္ဆိုင္ေသာ ျဖစ္ရပ္မ်ား စီမံေဆာင္႐ြက္ျခင္းႏွင့္ တရားစြဲဆိုေရး လုပ္ငန္းစဥ္ ဆိုင္ရာ စြမ္းရည္ျမင့္ သင္တန္းကို ေနျပည္ေတာ္ Grand Amara တြင္ ယေန နံနက္ပိုင္းဖြင့္လွစ္ခဲ့ၿပီး လူမႈဝန္ထမ္း၊ ကယ္ ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးဝင္းႏိုင္ထြန္း တက္ေရာက္ အမွာ စကား ေျပာၾကားခဲ့ပါတယ္။
 
လူကုန္ကူးသူမ်ားကို အေရးယူႏိုင္ရန္ အဓိကသက္ေသျဖစ္သည့္ လူကုန္ကူးခံရသူ လူသက္ေသမ်ား က တရားစြဲဆိုသည့္ကိစၥရပ္မ်ား၌ ပူးေပါင္းပါဝင္ေဆာင္႐ြက္မွ တရားေရးလုပ္ငန္းလည္း ေအာင္ျမင္မွာ ျဖစ္ၿပီး လူကုန္ကူးသူမ်ားအားလည္း ထိေရာက္သည့္ ျပစ္ဒဏ္မ်ားခ်မွတ္ေဆာင္႐ြက္ႏိုင္ မည္ျဖစ္ပါ တယ္။

 လူကုန္ကူးမႈ တိုက္ဖ်က္ေရးလုပ္ငန္းစဥ္တြင္ အသိပညာေပးျခင္း၊ ေဟာေျပာျခင္းမ်ား ရွိဖို႔ လိုအပ္ သကဲ့သို တရားစီရင္ေရးႏွင့္ ပတ္သက္သည့္ Process မ်ားကိုလည္း သိထားဖို႔လိုအပ္ ၿပီး၊ တရားစြဲဆို မႈေအာင္ျမင္ သြားလွ်င္ လူကုန္ကူး မႈခံရသူမ်ားက ေလ်ာ္ေၾကးနစ္နာေၾကးမ်ားရရွိကာ ၎တို႔၏ Rights အျပည့္အဝအကာအကြယ္ရမည္ ျဖစ္ ပါတယ္။ဒါ့အျပင္ တရားစီရင္ရာ၌ ၎တို႔မိသားစုမ်ားကို အကာ အကြယ္ေပးႏိုင္ဖို႔ လိုအပ္ပါတယ္။

 အဂတိ လိုက္စားၿပီး အမႈဖ်က္ျခင္း၊ ေျဖေလွ်ာ့ျခင္း၊ လူကုန္ကူးမႈခံရသူမ်ားကို ၿခိမ္းေျခာက္မ်ားအား အဖြဲ႕အစည္းမ်ားက သိရွိဖို႔လိုအပ္ကာတရားစြဲဆိုျခင္း ကိစၥမ်ားေအာင္ျမင္ဖို႔အတြက္ သူတို႔ကို တရား႐ုံး၏လုပ္ထုံးလုပ္နည္း procedure မ်ား အေသးစိတ္ ရွင္းျပဖို႔ လိုအပ္ပါတယ္။ ဒါေၾကာင့္ျမန္ျမန္ ၿပီးေအာင္၊ မၾကန႔္ၾကာေအာင္ ဌာနဆိုင္ရာမ်ားႏွင့္ ေပါင္းစပ္ ေဆာင္႐ြက္ေပးၾကရမွာျဖစ္ပါေၾကာင္း ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးဝင္းႏိုင္ထြန္း က ေျပာပါတယ္။

ယင္းအျပင္ “လူကုန္ကူးခံရသူေတြရဲ႕ အေၾကာင္းေတြ၊ သူတို႔နဲ႔ပတ္သက္ဆက္စပ္ေနတဲ့ သတင္း အ ခ်က္အလက္ ေတြ၊ သူတို႔ရဲ႕ခံစားခ်က္ေတြ၊ သူတို႔ရဲ႕လိုလားခ်က္ေတြ လိုအပ္ခ်က္ေတြ ဒါေတြကို သိမွ ကြၽန္ ေတာ္တို က ျဖည့္ဆည္းေပးႏိုင္မယ္။ဒါေတြနဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြေပၚမူတည္ၿပီးမွ ကြၽန္ေတာ္တို႔ က လူကုန္ကူးမႈတိုက္ဖ်က္ေရးမွာ မူဝါဒေတြခ်မွတ္တဲ့အခါေတြမွာပဲျဖစ္ျဖစ္ ႀကိဳတင္ ကာကြယ္မႈ အပိုင္းေတြမွာပဲ ျဖစ္ျဖစ္ သူတို႔ကို ကာကြယ္ေစာင့္ေရွာက္ေပးတဲ့အခါမွာပဲျဖစ္ျဖစ္ တရားစြဲ ဆိုတဲ့ အပိုင္းမွာပဲ ျဖစ္ျဖစ္ သူတို႔က အဓိကေနရာက ပါဝင္ပါတယ္ သူတို႔ဆီက ရရွိတဲ့ အခ်က္အလက္ ေတြနဲ႔သူတို႔ဆီက အေတြ႕အႀကဳံေတြကို မူတည္ျ့ပီးေတာ့ ကြၽန္ေတာ္တို႔က အခုလို သင္တန္း လုပ္ ရျခင္း ပဲျဖစ္ပါတယ္” ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးဝင္းႏိုင္ ထြန္းက ေျပာၾကားခဲ့ပါတယ္။

အဆိုပါသင္တန္းအားဇူလိုင္၁၀ ရက္မွ ၁၂ ရက္အထိ သုံးရက္တိုင္ က်င္းပမည္ျဖစ္ၿပီးသင္တန္း၌ သင္တန္းသား/ သူ ၃၀ ဦးေက်ာ္ တက္ေရာက္ေၾကာင္းလည္းသိရပါတယ္။

PTG
ေနျပည္ေတာ္၊ ဇူလိုင္ ၁၀