လပေါ်သို့ လွှတ်တင်မည့် အိန္ဒိယအာကာသယာဉ် လွှတ်တင်ခါနီး ၁နာရီအလိုတွင် ဖျက်သိမ်းလိုက်ရ

 
လပေါ်သို့ လွှတ်တင်မည့် အိန္ဒိယအာကာသယာဉ် လွှတ်တင်ခါနီး ၁နာရီအလိုတွင် ဖျက်သိမ်းလိုက်ရ

လပေါ်တွင် စူးစမ်းလေ့လာမှုများ လုပ်ဆောင်ရန် စေလွှတ်မည့် အာကာသယာဉ်အား ဇူလိုင် ၁၅ ရက်က လွှတ်တင်ခါနီး တစ်နာရီခန့်အလိုတွင် နည်းပညာဆိုင်ရာ ပြဿနာကြောင့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။
 
Chandrayaan-2  ခေါ် Moon Chariot 2 (လရထား-၂) အား စေလွှတ်နိုင်ပါက အိန္ဒိယသည် ရုရှား၊ အမေရိကန်၊ တရုတ်တို့ပြီးနောက် အိန္ဒိယသည် လပေါ်တွင် အာကာသယာဉ် လွှတ်တင်မည့် စတုတ္ထမြောက် နိုင်ငံ ဖြစ်လာပါလိမ့်မယ်။ Satish Dhawan  အာကာသစင်တာမှ  ယာဉ် လွှတ်တင်မည့် အချိန်ရေတွက်မှုအား မူလလွှတ်တင်ရန် သတ်မှတ်ထားသည့် နံနက် ၂ နာရီ ၅၁ မိနစ် ရောက်ရန် ၅၆ မိနစ် ၂၄ စက္ကန့်အလိုတွင် ရပ်ဆိုင်းခဲ့ရခြင်းဖြစ် ပါတယ်။

“T-56 မိနစ်မှာ ယာဉ်လွှတ်တင်တဲ့စနစ်ရဲ့ နည်းပညာပြဿနာကို တွေ့ရှိခဲ့ပါတယ်” ဟု အိန္ဒိယအာကာသ သုတေသနအဖွဲ့က တွစ်တာမှာ ရေးသားထားပါတယ်။Chandrayaan2 လွှတ်တင်မှုကို အဆိုပါနေ့တွင် ဆိုင်းငံ့လိုက်ပြီး ပြန်လည်လွှတ်တင်မည်နေ့ကို ထပ်မံကြေညာ သွားမည် ဟုလည်း  ဖော်ပြခဲ့ပါတယ်။

အန်ဒရာပရာဒေ့ရှ်ပြည်နယ် ကမ်းရိုးတန်းဒေသ ကျွန်းတစ်ကျွန်းပေါ်ရှိ အဆိုပါ အာကာသစင်တာမှ တာဝန်ရှိသူများက ဒုံးပျံလွှတ်တင်မည့် ယာဉ်တွင် စနစ်ချို့ယွင်းခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားပါတယ်။ အမေရိကန် အာကာသယာဉ်မှူး နေးလ်အမ်းစထောင်းက လပေါ်တွင် ပထမဆုံး ခြေချသည့် နှစ် ၅၀ ပြည့် အထိမ်းအမှတ် မတိုင်မီ ၅ ရက်အလိုတွင် အိန္ဒိယက ယခုကဲ့သို့ အာကာသယဉ် လွှတ်တင်မည့် အစီအစဉ်အပေါ် စိတ်ဝင်စားမှုများ ရှိခဲ့ပါတယ်။Chandrayaan2 အတွက် အိန္ဒိယအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၁၄၀ ဝန်းကျင် သုံးစွဲခဲ့ပြီး အာကာသယာဉ် လွှတ်တင်မှုပိုင်းတွင် တန်ဖိုးအနည်းဆုံး ဖြစ်ခဲ့ပါတယ်။

အဆိုပါ အာကာသယာဉ်အား လပေါ်သို့ စက်တင်ဘာ ၆ ရက်တွင် ဆင်းသက်ရန် စီစဉ်ထားပါတယ်။ ၁၉၆၀ နှင့် ၁၉၇၀ ပြည့်နှစ် ကာလများက လပေါ်သို့ Apollo အာကာသယာဉ်များ ၁၅ ကြိမ် လွှတ်တင်မှုအတွက် အမေရိကန်က ဒေါ်လာ ၂၅ ဘီလျံ (ယနေ့ခေတ် တန်ဖိုးဖြင့် ဒေါ်လာ ၁၀၀ ဘီလျံ) သုံးစွဲခဲ့ပါတယ်။Chandrayaan2 အာကာသယာဉ်၏ ကိုယ်ထည်၊ ဆင်းသက်သည့်အစိတ်အပိုင်းနှင့် လှည့်ပတ်သည့် အစိတ်အပိုင်းတို့ကို အိန္ဒိယတွင် ပုံစံတီထွင် ထုတ်လုပ်ထားပါတယ်။ အလေးချိန် ၂ ဒသမ ၄ တန် ရှိ အာကာသ ယာဉ်ကို သယ်ဆောင်ရန် GSLV Mk III ဒုံးပျံကိုလည်း ပြည်တွင်းမှာပဲ ထုတ်လုပ်ခဲ့ပါတယ်။

အဆိုပါ ယာဉ်သည် လကို တစ်နှစ်ကြာလှည့်ပတ်၍ လမျက်နှာပြင်၏ ဓာတ်ပုံများကို ရိုက်ကူးပြီး လေထုဆိုင်ရာ သတင်းအချက်အလက်များကို ပြန်လည်ပေးပို့ဖို့ စီစဉ်ခဲ့ပါတယ်။

Linko
Ref:Afp
နယူးဒေလီ၊ ဇူလိုင် ၁၅

(  Zawgyi  )

 လေပၚတြင္ စူးစမ္းေလ့လာမႈမ်ား လုပ္ေဆာင္ရန္ ေစလႊတ္မည့္ အာကာသယာဥ္အား ဇူလိုင္ ၁၅ ရက္က လႊတ္တင္ခါနီး တစ္နာရီခန႔္အလိုတြင္ နည္းပညာဆိုင္ရာ ျပႆနာေၾကာင့္ အစီအစဥ္ကို ဖ်က္သိမ္းလိုက္ရပါတယ္။
 
Chandrayaan-2  ေခၚ Moon Chariot 2 (လရထား-၂) အား ေစလႊတ္ႏိုင္ပါက အိႏၵိယသည္ ႐ုရွား၊ အေမရိကန္၊ တ႐ုတ္တို႔ၿပီးေနာက္ အိႏၵိယသည္ လေပၚတြင္ အာကာသယာဥ္ လႊတ္တင္မည့္ စတုတၳေျမာက္ ႏိုင္ငံ ျဖစ္လာပါလိမ့္မယ္။ Satish Dhawan  အာကာသစင္တာမွ  ယာဥ္ လႊတ္တင္မည့္ အခ်ိန္ေရတြက္မႈအား မူလလႊတ္တင္ရန္ သတ္မွတ္ထားသည့္ နံနက္ ၂ နာရီ ၅၁ မိနစ္ ေရာက္ရန္ ၅၆ မိနစ္ ၂၄ စကၠန႔္အလိုတြင္ ရပ္ဆိုင္းခဲ့ရျခင္းျဖစ္ ပါတယ္။

“T-56 မိနစ္မွာ ယာဥ္လႊတ္တင္တဲ့စနစ္ရဲ႕ နည္းပညာျပႆနာကို ေတြ႕ရွိခဲ့ပါတယ္” ဟု အိႏၵိယအာကာသ သုေတသနအဖြဲ႕က တြစ္တာမွာ ေရးသားထားပါတယ္။Chandrayaan2 လႊတ္တင္မႈကို အဆိုပါေန႔တြင္ ဆိုင္းငံ့လိုက္ၿပီး ျပန္လည္လႊတ္တင္မည္ေန႔ကို ထပ္မံေၾကညာ သြားမည္ ဟုလည္း  ေဖာ္ျပခဲ့ပါတယ္။

အန္ဒရာပရာေဒ့ရွ္ျပည္နယ္ ကမ္း႐ိုးတန္းေဒသ ကြၽန္းတစ္ကြၽန္းေပၚရွိ အဆိုပါ အာကာသစင္တာမွ တာဝန္ရွိသူမ်ားက ဒုံးပ်ံလႊတ္တင္မည့္ ယာဥ္တြင္ စနစ္ခ်ိဳ႕ယြင္းခဲ့ျခင္း ျဖစ္ေၾကာင္း ေျပာၾကားပါတယ္။ အေမရိကန္ အာကာသယာဥ္မႉး ေနးလ္အမ္းစေထာင္းက လေပၚတြင္ ပထမဆုံး ေျခခ်သည့္ ႏွစ္ ၅၀ ျပည့္ အထိမ္းအမွတ္ မတိုင္မီ ၅ ရက္အလိုတြင္ အိႏၵိယက ယခုကဲ့သို႔ အာကာသယဥ္ လႊတ္တင္မည့္ အစီအစဥ္အေပၚ စိတ္ဝင္စားမႈမ်ား ရွိခဲ့ပါတယ္။Chandrayaan2 အတြက္ အိႏၵိယအေနျဖင့္ အေမရိကန္ေဒၚလာ သန္း ၁၄၀ ဝန္းက်င္ သုံးစြဲခဲ့ၿပီး အာကာသယာဥ္ လႊတ္တင္မႈပိုင္းတြင္ တန္ဖိုးအနည္းဆုံး ျဖစ္ခဲ့ပါတယ္။

အဆိုပါ အာကာသယာဥ္အား လေပၚသို႔ စက္တင္ဘာ ၆ ရက္တြင္ ဆင္းသက္ရန္ စီစဥ္ထားပါတယ္။ ၁၉၆၀ ႏွင့္ ၁၉၇၀ ျပည့္ႏွစ္ ကာလမ်ားက လေပၚသို႔ Apollo အာကာသယာဥ္မ်ား ၁၅ ႀကိမ္ လႊတ္တင္မႈအတြက္ အေမရိကန္က ေဒၚလာ ၂၅ ဘီလ်ံ (ယေန႔ေခတ္ တန္ဖိုးျဖင့္ ေဒၚလာ ၁၀၀ ဘီလ်ံ) သုံးစြဲခဲ့ပါတယ္။Chandrayaan2 အာကာသယာဥ္၏ ကိုယ္ထည္၊ ဆင္းသက္သည့္အစိတ္အပိုင္းႏွင့္ လွည့္ပတ္သည့္ အစိတ္အပိုင္းတို႔ကို အိႏၵိယတြင္ ပုံစံတီထြင္ ထုတ္လုပ္ထားပါတယ္။ အေလးခ်ိန္ ၂ ဒသမ ၄ တန္ ရွိ အာကာသ ယာဥ္ကို သယ္ေဆာင္ရန္ GSLV Mk III ဒုံးပ်ံကိုလည္း ျပည္တြင္းမွာပဲ ထုတ္လုပ္ခဲ့ပါတယ္။

အဆိုပါ ယာဥ္သည္ လကို တစ္ႏွစ္ၾကာလွည့္ပတ္၍ လမ်က္ႏွာျပင္၏ ဓာတ္ပုံမ်ားကို ႐ိုက္ကူးၿပီး ေလထုဆိုင္ရာ သတင္းအခ်က္အလက္မ်ားကို ျပန္လည္ေပးပို႔ဖို႔ စီစဥ္ခဲ့ပါတယ္။

Linko
Ref:Afp
နယူးေဒလီ၊ ဇူလိုင္ ၁၅