ရွှေဈေးကျပ် ၁၁ သိန်းကျော်ဖြင့် အမြင့်ပိုင်းဈေးတွင် ဆက်လက်တည်ရှိနေ

ရွှေဈေးကျပ် ၁၁ သိန်းကျော်ဖြင့် အမြင့်ပိုင်းဈေးတွင် ဆက်လက်တည်ရှိနေ

 ပြည်တွင်းရွှေဈေးကွက်တွင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၁ သိန်းကျော်ဖြင့် ဈေးနှုန်းစံချိန်တင်မြင့်တက် မှုဖြစ်ပေါ်ခဲ့ပြီး ယခုလက်ရှိမှာလည်းမြန်မာ့ရွှေဈေးမှာ အမြင့်ပိုင်းဈေးဖြင့်သာ ဆက်လက်တည်ရှိနေကာ ဈေးကွက်အခြေအနေအရ အတက်ဘက်သို့ ဦးတည်မယ့် အနေအထားမျိုးမှာရှိနေမယ်လို့ ရွှေလုပ်ငန်းရှင်တွေက ဆိုပါတယ်။

ယနေ့ ဇူလိုင် ၂၂ ရက်တွင် ပြည်တွင်းရွှေဈေးနှုန်းပေါက်ဈေးမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၁၄၆၀၀၀ ကျပ်နှင့် ၁၅ ပဲရည်တစ်ကျပ်သားလျှင် ၁၀၇၉၁၀၀ ကျပ်အထိရှိနေခဲ့ပြီး ကမ္ဘာ့ရွှေဈေးမှာလည်း တစ်ထရွိုင် အောင်စ လျှင် ၁၄၂၆ ဒေါ်လာအထိ အမြင့်ပိုင်းဈေးမှာပဲ ဆက်လက်တည်ရှိနေ တာဖြစ်ပါတယ်။

ယင်းကဲ့သို့ ပြည်တွင်းရွှေဈေးနှုန်းမြင့်တက်ရခြင်းသည် ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်မှုကြောင့်ဖြစ်ပြီး လတ်တလောအခြေအနေအရ ပြည်တွင်း ရွှေဈေးမှာ အတက်ဘက်သို့သာ ဦးတည်နိုင်မည့် အနေအထားရှိတယ်လို့ခန့်မှန်းရကြောင်း ရွှေလုပ်ငန်းတစ်ဦးဖြစ်သူ ဦးကျော်ဝင်း ကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်းက ကမ္ဘာ့ရွှေဈေးဟာ တစ်အောင်စလျှင် ၁၃၁၇ ဒေါ်လာအထိရှိခဲ့ပြီးမြန်မာ့ရွှေေ ဈးသည်လည်း အကယ်ဒမီ မီးလင်းအခေါက်ရွှေတစ်ကျပ်သားလျှင် ၉၄၁၃၀၀ မှ ကျပ် ၉၄၂၀၀၀ ရှိခဲ့သလို ယခု ၂၀၁၉ ခုနှစ်၊နှစ်ဆန်းပိုင်းမှာလည်း မြန်မာ့ရွှွှေဈေးသည်ကျပ် ၁၀ သိန်းကျော်ဖြင့် ဈေးနှုန်းအမြင့်ပိုင်းမှာသာရှိခဲ့တာပါ။

ထို့အတူ လက်ရှိမှာလည်း ပြည်တွင်းရွှေဈေးကွက်မှာ မဖြစ်ပေါ်ခဲ့ဘူးတဲ့ ဈေးနှုန်း ၁၁ သိန်းကျော်ဖြင့် ပြည်တွင်းရွှေဈေးက အမြင့်ပိုင်းမှာတည်ရှိနေ ခဲ့တာပါ။ ဒါ့အပြင် ဒီကနေ့ နိုင်ငံခြားငွေလဲလှယ်မှုနှုန်းမှာလည်း အမေရိကန်တစ်ဒေါ်လာလျှင် ဝယ်ဈေး ၁၅၀၇ ကျပ်၊ရောင်းဈေး ၁၅၁၀ ကျပ်၊စင်ကာပူတစ်ဒေါ်လာလျှင် ဝယ်ဈေး ၁၁၀၉ ကျပ်၊ရောင်းဈေး ၁၁၁၂ ကျပ်နှင့်ဥရောပငွေကြေးတစ်ဒေါ်လာလျှင် ဝယ်ဈေး ၁၆၉၀ ကျပ်၊ရောင်းဈေး ၁၆၉၈ ကျပ် အထိရှိနေခဲ့တာလည်းဖြစ်ပါတယ်။

ပြေသိမ်း
ရန်ကုန်၊ဇူလိုင် ၂၂

(  Zawgyi  )

  ျပည္တြင္းေ႐ႊေဈးကြက္တြင္ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းက အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ က်ပ္ ၁၁ သိန္းေက်ာ္ျဖင့္ ေဈးႏႈန္းစံခ်ိန္တင္ျမင့္တက္ မႈျဖစ္ေပၚခဲ့ၿပီး ယခုလက္ရွိမွာလည္းျမန္မာ့ေ႐ႊေဈးမွာ အျမင့္ပိုင္းေဈးျဖင့္သာ ဆက္လက္တည္ရွိေနကာ ေဈးကြက္အေျခအေနအရ အတက္ဘက္သို႔ ဦးတည္မယ့္ အေနအထားမ်ိဳးမွာရွိေနမယ္လို႔ ေ႐ႊလုပ္ငန္းရွင္ေတြက ဆိုပါတယ္။

ယေန႔ ဇူလိုင္ ၂၂ ရက္တြင္ ျပည္တြင္းေ႐ႊေဈးႏႈန္းေပါက္ေဈးမွာ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ၁၁၄၆၀၀၀ က်ပ္ႏွင့္ ၁၅ ပဲရည္တစ္က်ပ္သားလွ်င္ ၁၀၇၉၁၀၀ က်ပ္အထိရွိေနခဲ့ၿပီး ကမာၻ႔ေ႐ႊေဈးမွာလည္း တစ္ထ႐ြိဳင္ ေအာင္စ လွ်င္ ၁၄၂၆ ေဒၚလာအထိ အျမင့္ပိုင္းေဈးမွာပဲ ဆက္လက္တည္ရွိေန တာျဖစ္ပါတယ္။

ယင္းကဲ့သို႔ ျပည္တြင္းေ႐ႊေဈးႏႈန္းျမင့္တက္ရျခင္းသည္ ကမာၻ႔ေ႐ႊေဈးႏႈန္းျမင့္တက္မႈေၾကာင့္ျဖစ္ၿပီး လတ္တေလာအေျခအေနအရ ျပည္တြင္း ေ႐ႊေဈးမွာ အတက္ဘက္သို႔သာ ဦးတည္ႏိုင္မည့္ အေနအထားရွိတယ္လို႔ခန႔္မွန္းရေၾကာင္း ေ႐ႊလုပ္ငန္းတစ္ဦးျဖစ္သူ ဦးေက်ာ္ဝင္း ကေျပာပါတယ္။
ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္အတြင္းက ကမာၻ႔ေ႐ႊေဈးဟာ တစ္ေအာင္စလွ်င္ ၁၃၁၇ ေဒၚလာအထိရွိခဲ့ၿပီးျမန္မာ့ေ႐ႊေ ဈးသည္လည္း အကယ္ဒမီ မီးလင္းအေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ၉၄၁၃၀၀ မွ က်ပ္ ၉၄၂၀၀၀ ရွိခဲ့သလို ယခု ၂၀၁၉ ခုႏွစ္၊ႏွစ္ဆန္းပိုင္းမွာလည္း ျမန္မာ့႐ႊႊေေဈးသည္က်ပ္ ၁၀ သိန္းေက်ာ္ျဖင့္ ေဈးႏႈန္းအျမင့္ပိုင္းမွာသာရွိခဲ့တာပါ။

ထို႔အတူ လက္ရွိမွာလည္း ျပည္တြင္းေ႐ႊေဈးကြက္မွာ မျဖစ္ေပၚခဲ့ဘူးတဲ့ ေဈးႏႈန္း ၁၁ သိန္းေက်ာ္ျဖင့္ ျပည္တြင္းေ႐ႊေဈးက အျမင့္ပိုင္းမွာတည္ရွိေန ခဲ့တာပါ။ ဒါ့အျပင္ ဒီကေန႔ ႏိုင္ငံျခားေငြလဲလွယ္မႈႏႈန္းမွာလည္း အေမရိကန္တစ္ေဒၚလာလွ်င္ ဝယ္ေဈး ၁၅၀၇ က်ပ္၊ေရာင္းေဈး ၁၅၁၀ က်ပ္၊စင္ကာပူတစ္ေဒၚလာလွ်င္ ဝယ္ေဈး ၁၁၀၉ က်ပ္၊ေရာင္းေဈး ၁၁၁၂ က်ပ္ႏွင့္ဥေရာပေငြေၾကးတစ္ေဒၚလာလွ်င္ ဝယ္ေဈး ၁၆၉၀ က်ပ္၊ေရာင္းေဈး ၁၆၉၈ က်ပ္ အထိရွိေနခဲ့တာလည္းျဖစ္ပါတယ္။

ေျပသိမ္း
ရန္ကုန္၊ဇူလိုင္ ၂၂