ရာသီတုပ်ကွေးကြောင့် ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့တွင် ၁ ဦးစီ ထပ်မံသေဆုံး

ရာသီတုပ်ကွေးကြောင့် ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့တွင် ၁ ဦးစီ ထပ်မံသေဆုံး

ရာသီတုပ်ကွေးကြောင့် ကချင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့တွင် ဇူလိုင်လ ၁၆ ရက်နေ့က ၁ ဦးစီ ထပ်မံသေဆုံးခဲ့တယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် ရာသီတုပ်ကွေးကြောင့် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ၅၄ ဦး သေဆုံးခဲ့ပြီး ဇူလိုင်လ ၁၆ ရက်နေ့က ၂ ဦးထပ်မံသေဆုံးခဲ့တဲ့အတွက် ၁၆ ရက်အတွင်း သေဆုံးသူ ၅၆ ဦး ရှိလာတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးတွင် သေဆုံးမှုအများဆုံးဖြစ်ပွားပြီး ၄၃ ဦး သေဆုံးခဲ့ပါတယ်။ဧရာဝတီတိုင်းဒေသကြီးတွင် ၄ ဦး၊ မွန်ပြည်နယ် ၃ ဦး၊ ပဲခူးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ၂ ဦးစီ၊ မကွေးတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့တွင် ၁ ဦး သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာတစ်နိုင်ငံလုံးအနေဖြင့် ရာသီတုပ်ကွေးရောဂါအား ဓာတ်ခွဲစမ်းသပ်ခဲ့သူ ၆၈၁ ဦးတွင် ၂၈၀ ဦး ဖြစ်ပွားလျှက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နဲ့ ဒဂုံမြို့သစ် (မြောက်) တို့တွင် သေဆုံးမှုအများဆုံးဖြစ်ပွားပြီး ၅ ဦးစီ သေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဇူလိုင် - ၁၇

( Zawgyi )

ရာသီတုပ္ေကြးေၾကာင့္ ကခ်င္ျပည္နယ္နဲ႔ မြန္ျပည္နယ္တို႔တြင္ ဇူလိုင္လ ၁၆ ရက္ေန႔က ၁ ဦးစီ ထပ္မံေသဆုံးခဲ့တယ္လို႔ ျပည္သူ႔က်န္းမာေရးဦးစီးဌာနက သတင္းထုတ္ျပန္ခဲ့ပါတယ္။

ျမန္မာႏိုင္ငံတြင္ ရာသီတုပ္ေကြးေၾကာင့္ ၂၀၁၉ ခုႏွစ္ ဇူလိုင္လ ၁ ရက္ေန႔မွ ၁၅ ရက္ေန႔အထိ ၅၄ ဦး ေသဆုံးခဲ့ၿပီး ဇူလိုင္လ ၁၆ ရက္ေန႔က ၂ ဦးထပ္မံေသဆုံးခဲ့တဲ့အတြက္ ၁၆ ရက္အတြင္း ေသဆုံးသူ ၅၆ ဦး ရွိလာတယ္လို႔ ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးတြင္ ေသဆုံးမႈအမ်ားဆုံးျဖစ္ပြားၿပီး ၄၃ ဦး ေသဆုံးခဲ့ပါတယ္။ဧရာဝတီတိုင္းေဒသႀကီးတြင္ ၄ ဦး၊ မြန္ျပည္နယ္ ၃ ဦး၊ ပဲခူးတိုင္းေဒသႀကီးနဲ႔ စစ္ကိုင္းတိုင္းေဒသႀကီးတို႔တြင္ ၂ ဦးစီ၊ မေကြးတိုင္းေဒသႀကီးနဲ႔ ကခ်င္ျပည္နယ္တို႔တြင္ ၁ ဦး ေသဆုံးခဲ့ၿပီး ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

ျမန္မာတစ္ႏိုင္ငံလုံးအေနျဖင့္ ရာသီတုပ္ေကြးေရာဂါအား ဓာတ္ခြဲစမ္းသပ္ခဲ့သူ ၆၈၁ ဦးတြင္ ၂၈၀ ဦး ျဖစ္ပြားလွ်က္ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး လႈိင္သာယာၿမိဳ႕နယ္နဲ႔ ဒဂုံၿမိဳ႕သစ္ (ေျမာက္) တို႔တြင္ ေသဆုံးမႈအမ်ားဆုံးျဖစ္ပြားၿပီး ၅ ဦးစီ ေသဆုံးခဲ့တယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ဇူလိုင္ - ၁၇