ယဉ်ကျေးမှုတက္ကသိုလ်တွင် ပန်းချီပညာအတွက် ဦးရေတိုးမြှင့်ခေါ်ယူမည်ဖြစ်သော်လည်း စိတ်ဝင်စား တဲ့ကြောင်း လက်တွေ့စစ်ဆေးမည်

 ယဉ်ကျေးမှုတက္ကသိုလ်တွင် ပန်းချီပညာအတွက် ဦးရေတိုးမြှင့်ခေါ်ယူမည်ဖြစ်သော်လည်း စိတ်ဝင်စား တဲ့ကြောင်း လက်တွေ့စစ်ဆေးမည်

တက္ကသိုလ်ဝင်တန်း အောင်မြင်ထားကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေထဲက ပန်းချီပညာကို စိတ်ဝင်စားကြသူတွေအတွက် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှာ ယခုနှစ် အရေအတွက် တိုးမြှင့်ခေါ်ယူရန်စီစဉ်ထားသော်လည်း ယင်းပညာရပ် အပေါ် စိတ်ဝင်စားမှုရှိမရှိကို လက်တွေ့စစ်ဆေးအကဲဖြတ်သွားဖို့ရှိတယ်လို့ ယင်းတက္ကသိုလ်ရဲ့ ပန်းချီပညာဌာန၊ ပါမောက္ခဌာနမှူး ဦးမြတ်ထွန်းအောင် က ပြောပါတယ်။

“ဆရာတို့အနေနဲ့ အရင်နှစ်က အတွေ့အကြုံတွေအရ ဒီနှစ်မှာတော့ အရေအတွက်ကိုလည်း တိုးပြီးခေါ်ယူမှာ ဖြစ်ပါတယ်၊ ဒါ့အပြင် တကယ် ဝါသနာပါသလား၊ တကယ်ပဲ စိတ်ဝင်စားသလား ဆိုတာကိုတော့ လက်တွေ့ စစ်ဆေးမှာပါ”လို့ သူက ရှင်းပြပါတယ်။ ထိုတက္ကသိုလ်မှာ ပန်းချီပညာရပ်ကို လျှောက်ထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာ လက်ခံနိုင်မယ့် အရေအတွက်ထက် နှစ်ဆကျော်လောက် များပြားခဲ့ပြီး လွန်ခဲ့တဲ့နှစ်က ၅၀ ဦးသာ ခေါ်ယူခဲ့ပေမယ့် ယခုနှစ်မှာ ၇၀ ဦးအထိ တိုးကာခေါ်ယူဖို့စီစဉ်ထားတဲ့အပြင် လက်တွေ့စစ်ဆေးဖို့လည်း စီစဉ်ထားပါတယ်။

“တကယ်စိတ်ဝင်စားလို့ လာလျှောက်တာဆိုရင်တော့ လက်တွေ့လုပ်ဆောင်ပြနိုင်မှာပေါ့၊ အခုမှ လျှောက်လွှာ လက်ခံဆဲဖြစ်လို့ လူတွေ့စစ် တဲ့အခါ လက်တွေ့စစ်ဆေးဖို့ အခုကတည်းက ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် အချိန်ရပါသေးတယ်”လို့ သူက ရှင်းပြပါတယ်။ ထိုတက္ကသိုလ်က ပန်းချီပညာဌာနမှာ လာရောက် ပညာသင်ယူကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို စာပေအပိုင်းသာမကဘဲ သီအိုရီပိုင်းဆိုင်ရာများဖြင့် သင်ကြားပေးသလို ရေဆေး၊ ဆီဆေး၊ အခရိုင်းလစ် စတဲ့ ပန်းချီကားအမျိုးအစားများအလိုက် သင်ကြားပေး လျက်ရှိကြောင်း၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့စေရန်အတွက်ကိုလည်း ရည်ရွယ်ကာ မြန်မာ့ရိုးရာ ပန်းချီပညာရပ်ကိုလည်း အခြေခံမှ စတင် သင်ကြားပေးလျက်ရှိကြောင်း၊ ပန်းချီကားတွေရဲ့ သမိုင်းကြောင်းဆိုင်ရာ စဉ်းစားတွေးခေါ်ပုံတွေကိုလည်း သင်ကြားပေးကာ ပန်းချီကား တစ်ကားပေါ် ခံစားပြီး ဝေဖန်သုံးသပ်တတ်တဲ့ အရည်အသွေးမျိုးရှိစေရန်လည်း လေ့ကျင့်ပျိုးထောင်နေတယ်လို့ သိရပါတယ်။

လက်ရှိကာလမှာ တက်ရောက်ချင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ဝင်ခွင့်လျှောက်လွှာတွေကို လက်ခံနေပြီး တက္ကသိုလ်ဝင်တန်း ရမှတ်များကို ပြသရန်မလိုအပ်သော်လည်း လူတွေ့စစ်ဆေးတဲ့အခါ စိတ်ဝင်စားမှုအခြေအနေကို လက်တွေ့စစ်ဆေးရန်စီစဉ်ထားသလို လာမယ့် အောက်တိုဘာပထမပတ်ထဲ လူတွေ့ခေါ်ယူစစ်ဆေးရန်လည်း လျာထားတယ်လို့ သိရပါတယ်။      
                                    
 ဇွဲမာန်
 ရန်ကုန်၊ ဇူလိုင် ၂၇

(  Zawgyi  )

 
တကၠသိုလ္ဝင္တန္း ေအာင္ျမင္ထားၾကတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြထဲက ပန္းခ်ီပညာကို စိတ္ဝင္စားၾကသူေတြအတြက္ အမ်ိဳးသား ယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္ (ရန္ကုန္) မွာ ယခုႏွစ္ အေရအတြက္ တိုးျမႇင့္ေခၚယူရန္စီစဥ္ထားေသာ္လည္း ယင္းပညာရပ္ အေပၚ စိတ္ဝင္စားမႈရွိမရွိကို လက္ေတြ႕စစ္ေဆးအကဲျဖတ္သြားဖို႔ရွိတယ္လို႔ ယင္းတကၠသိုလ္ရဲ႕ ပန္းခ်ီပညာဌာန၊ ပါေမာကၡဌာနမႉး ဦးျမတ္ထြန္းေအာင္ က ေျပာပါတယ္။

“ဆရာတို႔အေနနဲ႔ အရင္ႏွစ္က အေတြ႕အႀကဳံေတြအရ ဒီႏွစ္မွာေတာ့ အေရအတြက္ကိုလည္း တိုးၿပီးေခၚယူမွာ ျဖစ္ပါတယ္၊ ဒါ့အျပင္ တကယ္ ဝါသနာပါသလား၊ တကယ္ပဲ စိတ္ဝင္စားသလား ဆိုတာကိုေတာ့ လက္ေတြ႕ စစ္ေဆးမွာပါ”လို႔ သူက ရွင္းျပပါတယ္။ ထိုတကၠသိုလ္မွာ ပန္းခ်ီပညာရပ္ကို ေလွ်ာက္ထားတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြဟာ လက္ခံႏိုင္မယ့္ အေရအတြက္ထက္ ႏွစ္ဆေက်ာ္ေလာက္ မ်ားျပားခဲ့ၿပီး လြန္ခဲ့တဲ့ႏွစ္က ၅၀ ဦးသာ ေခၚယူခဲ့ေပမယ့္ ယခုႏွစ္မွာ ၇၀ ဦးအထိ တိုးကာေခၚယူဖို႔စီစဥ္ထားတဲ့အျပင္ လက္ေတြ႕စစ္ေဆးဖို႔လည္း စီစဥ္ထားပါတယ္။

“တကယ္စိတ္ဝင္စားလို႔ လာေလွ်ာက္တာဆိုရင္ေတာ့ လက္ေတြ႕လုပ္ေဆာင္ျပႏိုင္မွာေပါ့၊ အခုမွ ေလွ်ာက္လႊာ လက္ခံဆဲျဖစ္လို႔ လူေတြ႕စစ္ တဲ့အခါ လက္ေတြ႕စစ္ေဆးဖို႔ အခုကတည္းက ႀကိဳတင္ျပင္ဆင္ထားမယ္ဆိုရင္ အခ်ိန္ရပါေသးတယ္”လို႔ သူက ရွင္းျပပါတယ္။ ထိုတကၠသိုလ္က ပန္းခ်ီပညာဌာနမွာ လာေရာက္ ပညာသင္ယူၾကတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြကို စာေပအပိုင္းသာမကဘဲ သီအိုရီပိုင္းဆိုင္ရာမ်ားျဖင့္ သင္ၾကားေပးသလို ေရေဆး၊ ဆီေဆး၊ အခ႐ိုင္းလစ္ စတဲ့ ပန္းခ်ီကားအမ်ိဳးအစားမ်ားအလိုက္ သင္ၾကားေပး လ်က္ရွိေၾကာင္း၊ ျမန္မာ့႐ိုးရာ ယဥ္ေက်းမႈအေမြအႏွစ္မ်ား ေရရွည္တည္တံ့ေစရန္အတြက္ကိုလည္း ရည္႐ြယ္ကာ ျမန္မာ့႐ိုးရာ ပန္းခ်ီပညာရပ္ကိုလည္း အေျခခံမွ စတင္ သင္ၾကားေပးလ်က္ရွိေၾကာင္း၊ ပန္းခ်ီကားေတြရဲ႕ သမိုင္းေၾကာင္းဆိုင္ရာ စဥ္းစားေတြးေခၚပုံေတြကိုလည္း သင္ၾကားေပးကာ ပန္းခ်ီကား တစ္ကားေပၚ ခံစားၿပီး ေဝဖန္သုံးသပ္တတ္တဲ့ အရည္အေသြးမ်ိဳးရွိေစရန္လည္း ေလ့က်င့္ပ်ိဳးေထာင္ေနတယ္လို႔ သိရပါတယ္။

လက္ရွိကာလမွာ တက္ေရာက္ခ်င္တဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြရဲ႕ ဝင္ခြင့္ေလွ်ာက္လႊာေတြကို လက္ခံေနၿပီး တကၠသိုလ္ဝင္တန္း ရမွတ္မ်ားကို ျပသရန္မလိုအပ္ေသာ္လည္း လူေတြ႕စစ္ေဆးတဲ့အခါ စိတ္ဝင္စားမႈအေျခအေနကို လက္ေတြ႕စစ္ေဆးရန္စီစဥ္ထားသလို လာမယ့္ ေအာက္တိုဘာပထမပတ္ထဲ လူေတြ႕ေခၚယူစစ္ေဆးရန္လည္း လ်ာထားတယ္လို႔ သိရပါတယ္။      
                                    
 ဇြဲမာန္
 ရန္ကုန္၊ ဇူလိုင္ ၂၇