မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှ နားမကြားသောကလေးများကျောင်း(ရန်ကုန်)သို့ ကျောင်းဝတ်စုံများပေးအပ်လှူဒါန်း

 မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှ နားမကြားသောကလေးများကျောင်း(ရန်ကုန်)သို့ ကျောင်းဝတ်စုံ များပေး အပ်လှူဒါန်း

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိနားမကြားသောကလေးများကျောင်း(ရန်ကုန်)သို့ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)မှ ကျောင်းဝတ်စုံများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ဒီကနေ့ ဇူလိုင် ၂၆ ရက်၊ နံနက်ပိုင်းအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ်၊မေတ္တာညွှန့်ရပ်ကွက်၊အိုးစု(၃)လမ်းရှိ အဆိုပါကျောင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ယခုကဲ့သို့ ကျောင်းဝတ်စုံတွေကို လှူဒါန်းရတာဟာအကြားအာရုံချို့တဲ့နေလို့ စကားမပြောနိုင်တဲ့ ကလေးတွေ အတွက် စိတ်ဓါတ်ခွန်း အားမြှင့်တင်ရေးနှင့်သန့်ရှင်းသပ်ရပ်ရေးတို့ အတွက်လူမှုဝန်ထမ်းကို တဖက်တလမ်းကနေ ကူညီပံ့ပိုးပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လှူဒါန်း ရတာဖြစ်တယ်လို့လည်း မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို)၊ အတွင်းရေးမှူး ဦးစိုးမြင့်ထွန်း ကပြောပါတယ်။

“အနယ်နယ်အရပ်ရပ်က အဆောင်နေတက်ရောက်နေသူတွေ နေ့ကျောင်းတက်သူတွေအားလုံးအတွက် တစ်ဦးချင်းစီ ကိုယ်တိုင်းနဲ့ ချုပ်လုပ်ထား တဲ့ကျောင်းဝတ်စုံတွေလှူဒါန်းရတယ်ဆိုတာအကြားအာရုံချို့တဲ့နေလို့ စကားမပြောနိုင်တဲ့ ကလေးတွေ အတွက် စိတ်ဓါတ်ခွန်အားမြှင့်တင်ရေးနှင့်သန့်ရှင်းသပ်ရပ်ရေးတို့ အတွက် လူမှုဝန်ထမ်းကိုတဖက်တလမ်းကနေ ကူညီပံ့ပိုးပေးကြတာဖြစ် ပါတယ်။

သူတို့မှာဒါတွေကလိုအပ်တယ်၊ အဲ့ဒါကြောင့်မို့ ကျနော်တို့လှူဒါန်းခြင်းဖြစ်ပါတယ်။ဒီနေ့က ကျောင်းဝတ်စုံအားလုံးပေါင်း ၁၁၂ စုံကိုလှူဒါန်း တာပါ။ ကာလတန်ဖိုးက ၇ သိန်းနီးပါးရှိပါတယ်။နောက် ကျနော်တို့အသင်းအနေနဲ့ တရုတ်ပြည်ကနေ လာပြီးတော့ BLUE SKY ဆိုတဲ့ သက်ကယ်အဖွဲ့ က သင်တန်းပေးတာတွေရှိပါတယ်။နောက်တစ်ခါ နိုင်ငံတော်အတွက် ချစ်ကြည်ရေးလည်း လုပ်ပါတယ်။

လူမှုအကျိုးပြုလုပ်ငန်းတွေကိုလည်းနိုင်ငံတစ်ဝှမ်းမှာလုပ်ဆောင်နေပါတယ်။ကျနော်တို့အသင်းအနေနဲ့ လူမှုရေးလုပ်ငန်းများအဖြစ် ယမန်နှစ်က လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့တွံ့တေးငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၊ကျိုက်ဝိုင်းလူငယ်င်တန်းကျောင်း၊ပါရမီ ချော်တွင်းကုန်း အမျိုုးသမီးကလေးများသင်တန်းကျောင်း၊ရွှေဂုံတိုင်ကလေးပြုစုရေးဌာနနှင့် ယခု နားမကြားသောကလေးများကျောင်း(ရန်ကုန်) အစရှိတဲ့ကျောင်းတွေကို အဝတ်အထည်၊လူသုံးကုန်၊ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာ၊ စားစရာနှင့် အချိုရည်တို့ကို လှူဒါန်ခဲ့ပါတယ်။ဒီကျောင်းမှာလှူဒါန်းမှုကတော့ ဒုတိယမြောက်လှူဒါန်းခြင်းဖြစ်ပါတယ်။”လို့ အတွင်းရေးမှူး ဦးစိုးမြင့်ထွန်း ကပြောကြားခဲ့ပါတယ်။

အဆိုပါနားမကြားသောကလေးများကျောင်း(ရန်ကုန်)ကို ၂၀၁၅ ခုနှစ်တွင်စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ယခုလက်ရှိမှာတော့ ကျောင်းသား၊ကျောင်းသူ ဦးရေ ၁၁၂ ဦးကိုလက်ခံစောင့်ရှောက်ပေးထားကာ လက်ပညာဖြင့်စကားပြောနည်းနှင့် ပညာရေးကိုအဓိကထားပြီးလေ့ကျင့်သင်ကြားပေးလျက်ရှိတယ်လို့လည်း သိရပါတယ်။

 ပြေသိမ်း
ရန်ကုန်၊ဇူလိုင် ၂၆

(  Zawgyi  )

 လူမႈဝန္ထမ္းကယ္ဆယ္ေရးႏွင့္ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန၊လူမႈဝန္ထမ္းဦးစီးဌာနလက္ေအာက္ရွိနားမၾကားေသာကေလးမ်ားေက်ာင္း(ရန္ကုန္)သို႔ ျမန္မာ-တ႐ုတ္ခ်စ္ၾကည္ေရးအသင္း(ဗဟို)မွ ေက်ာင္းဝတ္စုံမ်ား ေပးအပ္လႉဒါန္းပြဲ အခမ္းအနားကို ဒီကေန႔ ဇူလိုင္ ၂၆ ရက္၊ နံနက္ပိုင္းအခ်ိန္က ရန္ကုန္ၿမိဳ႕၊ တာေမြၿမိဳ႕နယ္၊ေမတၱာၫႊန႔္ရပ္ကြက္၊အိုးစု(၃)လမ္းရွိ အဆိုပါေက်ာင္းမွာ က်င္းပျပဳလုပ္ခဲ့ပါတယ္။

ယခုကဲ့သို႔ ေက်ာင္းဝတ္စုံေတြကို လႉဒါန္းရတာဟာအၾကားအာ႐ုံခ်ိဳ႕တဲ့ေနလို႔ စကားမေျပာႏိုင္တဲ့ ကေလးေတြ အတြက္ စိတ္ဓါတ္ခြန္း အားျမႇင့္တင္ေရးႏွင့္သန႔္ရွင္းသပ္ရပ္ေရးတို႔ အတြက္လူမႈဝန္ထမ္းကို တဖက္တလမ္းကေန ကူညီပံ့ပိုးေပးဖို႔ ဆိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ လႉဒါန္း ရတာျဖစ္တယ္လို႔လည္း ျမန္မာ-တ႐ုတ္ခ်စ္ၾကည္ေရးအသင္း (ဗဟို)၊ အတြင္းေရးမႉး ဦးစိုးျမင့္ထြန္း ကေျပာပါတယ္။

“အနယ္နယ္အရပ္ရပ္က အေဆာင္ေနတက္ေရာက္ေနသူေတြ ေန႔ေက်ာင္းတက္သူေတြအားလုံးအတြက္ တစ္ဦးခ်င္းစီ ကိုယ္တိုင္းနဲ႔ ခ်ဳပ္လုပ္ထား တဲ့ေက်ာင္းဝတ္စုံေတြလႉဒါန္းရတယ္ဆိုတာအၾကားအာ႐ုံခ်ိဳ႕တဲ့ေနလို႔ စကားမေျပာႏိုင္တဲ့ ကေလးေတြ အတြက္ စိတ္ဓါတ္ခြန္အားျမႇင့္တင္ေရးႏွင့္သန႔္ရွင္းသပ္ရပ္ေရးတို႔ အတြက္ လူမႈဝန္ထမ္းကိုတဖက္တလမ္းကေန ကူညီပံ့ပိုးေပးၾကတာျဖစ္ ပါတယ္။

သူတို႔မွာဒါေတြကလိုအပ္တယ္၊ အဲ့ဒါေၾကာင့္မို႔ က်ေနာ္တို႔လႉဒါန္းျခင္းျဖစ္ပါတယ္။ဒီေန႔က ေက်ာင္းဝတ္စုံအားလုံးေပါင္း ၁၁၂ စုံကိုလႉဒါန္း တာပါ။ ကာလတန္ဖိုးက ၇ သိန္းနီးပါးရွိပါတယ္။ေနာက္ က်ေနာ္တို႔အသင္းအေနနဲ႔ တ႐ုတ္ျပည္ကေန လာၿပီးေတာ့ BLUE SKY ဆိုတဲ့ သက္ကယ္အဖြဲ႕ က သင္တန္းေပးတာေတြရွိပါတယ္။ေနာက္တစ္ခါ ႏိုင္ငံေတာ္အတြက္ ခ်စ္ၾကည္ေရးလည္း လုပ္ပါတယ္။

လူမႈအက်ိဳးျပဳလုပ္ငန္းေတြကိုလည္းႏိုင္ငံတစ္ဝွမ္းမွာလုပ္ေဆာင္ေနပါတယ္။က်ေနာ္တို႔အသင္းအေနနဲ႔ လူမႈေရးလုပ္ငန္းမ်ားအျဖစ္ ယမန္ႏွစ္က လည္း ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွာရွိတဲ့တြံ႕ေတးငွက္ေအာ္စမ္းလူငယ္သင္တန္းေက်ာင္း၊က်ိဳက္ဝိုင္းလူငယ္င္တန္းေက်ာင္း၊ပါရမီ ေခ်ာ္တြင္းကုန္း အမ်ိဳုးသမီးကေလးမ်ားသင္တန္းေက်ာင္း၊ေ႐ႊဂုံတိုင္ကေလးျပဳစုေရးဌာနႏွင့္ ယခု နားမၾကားေသာကေလးမ်ားေက်ာင္း(ရန္ကုန္) အစရွိတဲ့ေက်ာင္းေတြကို အဝတ္အထည္၊လူသုံးကုန္၊ေက်ာင္းသုံးဗလာစာအုပ္ႏွင့္ စာေရးကိရိယာ၊ စားစရာႏွင့္ အခ်ိဳရည္တို႔ကို လႉဒါန္ခဲ့ပါတယ္။ဒီေက်ာင္းမွာလႉဒါန္းမႈကေတာ့ ဒုတိယေျမာက္လႉဒါန္းျခင္းျဖစ္ပါတယ္။”လို႔ အတြင္းေရးမႉး ဦးစိုးျမင့္ထြန္း ကေျပာၾကားခဲ့ပါတယ္။

အဆိုပါနားမၾကားေသာကေလးမ်ားေက်ာင္း(ရန္ကုန္)ကို ၂၀၁၅ ခုႏွစ္တြင္စတင္ဖြင့္လွစ္ခဲ့တာျဖစ္ၿပီး ယခုလက္ရွိမွာေတာ့ ေက်ာင္းသား၊ေက်ာင္းသူ ဦးေရ ၁၁၂ ဦးကိုလက္ခံေစာင့္ေရွာက္ေပးထားကာ လက္ပညာျဖင့္စကားေျပာနည္းႏွင့္ ပညာေရးကိုအဓိကထားၿပီးေလ့က်င့္သင္ၾကားေပးလ်က္ရွိတယ္လို႔လည္း သိရပါတယ္။

 ေျပသိမ္း
ရန္ကုန္၊ဇူလိုင္ ၂၆