မြန်မာ့ရွှေဈေး ၁၁ သိန်း ၃ သောင်းကျော်ဖြင့် ဈေးနှုန်းစံချိန်တင်မြင့်တက်နေ

 
မြန်မာ့ရွှေဈေး ၁၁ သိန်း ၃ သောင်းကျော်ဖြင့် ဈေးနှုန်းစံချိန်တင်မြင့်တက်နေ

မြန်မာ့ရွှေဈေးမှာ ယနေ့တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၁ သိန်း ၃ သောင်းကျော်ဖြင့် ဈေးနှုန်းစံချိန်တင်မြင့်တက်လျက်ရှိပြီး လတ်တလော မှာတော့ ပြည်တွင်းရွှေဈေးအနေနဲ့ အမြင့်ပိုင်းမှာသာ ဆက်လက်တည်ရှိနေအုံးမယ်လို့ ရွှေလုပ်ငန်းရှင်များထံမှ သိရပါတယ်။

ယင်းကဲ့သို့ပြည်တွင်းရွှေ ဈေးနှုန်းမြင့်တက်ရတာဟာ ကမ္ဘာ့ရွှေဈေးနှုန်းမြင့်တက်မှုနှင့်နိုင်ငံခြားငွေလဲလှယ်မှုနှှုန်း တို့ကြောင့်ဖြစ်ပြီး လက်ရှိဈေးကွက် အတွင်းရောင်းဝယ်ဖောက်ကားမှု အခြေအနေမှာလည်း အေးစက်လျက် ရှိတယ်လို့ ဆိုပါတယ်။

“ကမ္ဘာ့ရွှေဈေးတွေတက်လို့ ပြည်တွင်းရွှေဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ပါတယ်။လောလောအနေအထားမှာတော့ ပြည်တွင်းရွှေဈေးကပြန်ကျဖို့ အနေအထားမရှိသေးပါဘူး၊အမြင့်ပိုင်းမှာပဲဈေးရှိနေမယ့် သဘောရှိပါတယ်။ပြောရရင် ဒီ ၁၁ သိန်း ၃ သောင်းဆိုတာက ပြည်တွင်းမှာတော့ အမြင့်ဆုံးဈေးပါ ဒါပေမယ့် ပြည်ပမှာတော့အမြင့်ဆုံးဈေးမဟုတ်သေးပါဘူး။

ကမ္ဘာ့ဈေးမှာတော့ အမြင့်ဆုံးမဟုတ်သေးဘူးပေါ့။ကမ္ဘာ့ဈေးကတစ်ချိန်ကဆို အမြင့်ဆုံးတက်ခဲ့တာက တစ်အောင်စကိုအမေရိကန်ဒေါ်လာ ၁၉၀၀ အထိတက်ခဲ့ဘူးပါတယ်။အခုက ၁၄၀၀ ဆိုတော့ ကမ္ဘာ့ဈေးကတော့တက်နိုင်သေးတယ်ပေါ့။လောလောဆယ်တော့ ဒီအနေအထား မျိုးရှိတယ် ဒါကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကဆက် တက်နိုင်တဲ့ သဘောမျိုး ရှိပါတယ်။ဈေးကွက်အရောင်းအဝယ် အနေအထားကတော့ အေးပါတယ်။” လို့ ရွှေလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးကျော်ဝင်း ကပြောကြားခဲ့ပါတယ်။

ဒီကနေ့ ဇူလိုင် ၁၂ ရက်ရွှေဈေးနှုန်းများအရ အခေါက်ရွှေတစ်ကျပ်သားလျှင် ၁၁၃၃၀၀၀ ကျပ်နှင့် ၁၅ ပဲရည်တစ်ကျပ်သားလျှင် ၁၀၆၆၈၀၀ အထိဈေးနှုန်းမြင့်တက်လျက်ရှိပြီး ကမ္ဘာရွှေဈေးမှာတစ်ထရွိုင်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၄၂၂  အထိဈေးနှုန်းမြင့်တက်နေ တာဖြစ်ပါ တယ်။ဒါ့အပြင် ယခုနှစ်ဆန်းပိုင်းကာလမှစတင်ကာ မြန်မာ့ရွှေဈေးမှာ ကျပ်သိန်းဆယ်အထက်၌သာဈေးရှိနေခဲ့တာဖြစ်ပါတယ်။

ယခုနှစ်အတွင်း  ပြည်တွင်းရွှေဈေးအမြင့်ဆုံးစံချိန်တင် မြင့်တက်ဘူးတဲ့ဈေးကတော့ ကျပ် ၁၀ သိန်း ၉ သောင်းအထိရှိခဲ့တာဖြစ်သလို ယနေ့ မှာတော့ ကျပ် ၁၁ သိန်း ၃ သောင်းဖြင့် ပြည်တွင်းမှာတစ်ခါမှမဖြစ်ပေါ်ခဲ့ဘူးတဲ့ဈေးနဲ့ ရွှေနှုန်းစံချိန်တင်မြင့်တက်နေ တာဖြစ်တယ် လို့လည်း သိရပါတယ်။

ပြေသိမ်း
ရန်ကုန်၊ဇူလိုင် ၁၂

(  Zawgyi  )

 
ျမန္မာ့ေ႐ႊေဈး ၁၁ သိန္း ၃ ေသာင္းေက်ာ္ျဖင့္ ေဈးႏႈန္းစံခ်ိန္တင္ျမင့္တက္ေန
 
ျမန္မာ့ေ႐ႊေဈးမွာ ယေန႔တြင္ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ၁၁ သိန္း ၃ ေသာင္းေက်ာ္ျဖင့္ ေဈးႏႈန္းစံခ်ိန္တင္ျမင့္တက္လ်က္ရွိၿပီး လတ္တေလာ မွာေတာ့ ျပည္တြင္းေ႐ႊေဈးအေနနဲ႔ အျမင့္ပိုင္းမွာသာ ဆက္လက္တည္ရွိေနအုံးမယ္လို႔ ေ႐ႊလုပ္ငန္းရွင္မ်ားထံမွ သိရပါတယ္။

ယင္းကဲ့သို႔ျပည္တြင္းေ႐ႊ ေဈးႏႈန္းျမင့္တက္ရတာဟာ ကမာၻ႔ေ႐ႊေဈးႏႈန္းျမင့္တက္မႈႏွင့္ႏိုင္ငံျခားေငြလဲလွယ္မႈႏွႈန္း တို႔ေၾကာင့္ျဖစ္ၿပီး လက္ရွိေဈးကြက္ အတြင္းေရာင္းဝယ္ေဖာက္ကားမႈ အေျခအေနမွာလည္း ေအးစက္လ်က္ ရွိတယ္လို႔ ဆိုပါတယ္။

“ကမာၻ႔ေ႐ႊေဈးေတြတက္လို႔ ျပည္တြင္းေ႐ႊေဈးႏႈန္းျမင့္တက္ရျခင္းျဖစ္ပါတယ္။ေလာေလာအေနအထားမွာေတာ့ ျပည္တြင္းေ႐ႊေဈးကျပန္က်ဖို႔ အေနအထားမရွိေသးပါဘူး၊အျမင့္ပိုင္းမွာပဲေဈးရွိေနမယ့္ သေဘာရွိပါတယ္။ေျပာရရင္ ဒီ ၁၁ သိန္း ၃ ေသာင္းဆိုတာက ျပည္တြင္းမွာေတာ့ အျမင့္ဆုံးေဈးပါ ဒါေပမယ့္ ျပည္ပမွာေတာ့အျမင့္ဆုံးေဈးမဟုတ္ေသးပါဘူး။

ကမာၻ႔ေဈးမွာေတာ့ အျမင့္ဆုံးမဟုတ္ေသးဘူးေပါ့။ကမာၻ႔ေဈးကတစ္ခ်ိန္ကဆို အျမင့္ဆုံးတက္ခဲ့တာက တစ္ေအာင္စကိုအေမရိကန္ေဒၚလာ ၁၉၀၀ အထိတက္ခဲ့ဘူးပါတယ္။အခုက ၁၄၀၀ ဆိုေတာ့ ကမာၻ႔ေဈးကေတာ့တက္ႏိုင္ေသးတယ္ေပါ့။ေလာေလာဆယ္ေတာ့ ဒီအေနအထား မ်ိဳးရွိတယ္ ဒါေၾကာင့္ ျပည္တြင္းေ႐ႊေဈးႏႈန္းကဆက္တက္ႏိုင္တဲ့သေဘာမ်ိဳးရွိပါတယ္။ေဈးကြက္အေရာင္းအဝယ္ အေနအထားကေတာ့ ေအးပါတယ္။” လို႔ ေ႐ႊလုပ္ငန္းရွင္တစ္ဦးျဖစ္သူ ဦးေက်ာ္ဝင္း ကေျပာၾကားခဲ့ပါတယ္။

ဒီကေန႔ ဇူလိုင္ ၁၂ ရက္ေ႐ႊေဈးႏႈန္းမ်ားအရ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ၁၁၃၃၀၀၀ က်ပ္ႏွင့္ ၁၅ ပဲရည္တစ္က်ပ္သားလွ်င္ ၁၀၆၆၈၀၀ အထိေဈးႏႈန္းျမင့္တက္လ်က္ရွိၿပီး ကမာၻေ႐ႊေဈးမွာတစ္ထ႐ြိဳင္ေအာင္စလွ်င္ အေမရိကန္ေဒၚလာ ၁၄၂၂  အထိေဈးႏႈန္းျမင့္တက္ေန တာျဖစ္ပါ တယ္။ဒါ့အျပင္ ယခုႏွစ္ဆန္းပိုင္းကာလမွစတင္ကာ ျမန္မာ့ေ႐ႊေဈးမွာ က်ပ္သိန္းဆယ္အထက္၌သာေဈးရွိေနခဲ့တာျဖစ္ပါတယ္။

ယခုႏွစ္အတြင္း  ျပည္တြင္းေ႐ႊေဈးအျမင့္ဆုံးစံခ်ိန္တင္ ျမင့္တက္ဘူးတဲ့ေဈးကေတာ့ က်ပ္ ၁၀ သိန္း ၉ ေသာင္းအထိရွိခဲ့တာျဖစ္သလို ယေန႔ မွာေတာ့ က်ပ္ ၁၁ သိန္း ၃ ေသာင္းျဖင့္ ျပည္တြင္းမွာတစ္ခါမွမျဖစ္ေပၚခဲ့ဘူးတဲ့ေဈးနဲ႔ ေ႐ႊႏႈန္းစံခ်ိန္တင္ျမင့္တက္ေန တာျဖစ္တယ္ လို႔လည္း သိရပါတယ္။

ေျပသိမ္း
ရန္ကုန္၊ဇူလိုင္ ၁၂