မြန်မာ့ရိုးရာစက္ကူအရုပ်ချိုးလုပ်ငန်း ဝယ်လိုအားကြောင့် တွင်ကျယ်စွာလုပ်ကိုင်နေကြဆဲဖြစ်

မြန်မာ့ရိုးရာစက္ကူအရုပ်ချိုးလုပ်ငန်း ဝယ်လိုအားကြောင့် တွင်ကျယ်စွာလုပ်ကိုင်နေကြဆဲဖြစ်

နှစ်ပေါင်းတစ်ရာကျော်သက်တမ်း ရှိနေပြီဖြစ်တဲ့ မြန်မာ့ရိုးရာ စက္ကူအရုပ်ကလေးတွေ ပြုလုပ်တဲ့ လုပ်ငန်းက ကုန်ကြမ်းရှားပါးမှု နဲ့ ကြုံနေရပေမယ့်လည်း ဝယ်ယူသူတွေရှိနေဆဲပဲဖြစ်တာကြောင့် ဒီကနေ့အထိတွင်ကျယ်စွာ လုပ်ကိုင်နေကြတုန်းပဲဖြစ်တယ်လို့ စစ်ကိုင်းမြို့ က စက္ကူအရုပ်ချိုးလုပ်ငန်းလုပ်ကိုင်ကြ သူတွေကပြောပါတယ်။

“ ဒီစက္ကူအရုပ်ချိုးလုပ်ငန်းက မိဘတွေလက်ထက်ကတည်းကလုပ်လာတာဆိုတော့ နှစ်ပေါင်းက တစ်ရာကျော်ရှိနေပါပြီ၊ အရင်က ဒါလုပ်တဲ့သူလေးငါး ယောက်လောက်ပဲရှိနေတာကနေ အခုဆိုရင် ၁၀ ယောက် ၁၅ ယောက်လောက်ရှိနေပြီ” လို့ စစ်ကိုင်းမြို့ ကန္နားတော်ကျေးရွာက စက္ကူအရုပ်ချိုးလုပ်ငန်း လုပ်ကိုင်သူဒေါ်ခင်မာရီကပြောပါတယ်။

မြန်မာ့ရိုးရာလက်မှုအတတ်ပညာရပ်တစ်ခုဖြစ်တဲ့ စက္ကူအရုပ်ကလေးတွေချိုးတဲ့လုပ်ငန်းက ရှေးမြန်မာ ဘုရင်တွေ လက်ထက် နှစ်ပေါင်း တစ်ရာကျော်က တည်းက စတင်လုပ်ကိုင်ခဲ့တဲ့ မြန်မာ့အမွေအနှစ်လုပ်ငန်း တစ်ခုဖြစ်ပြီး ဒီစက္ကူနဲ့ပြုလုပ်တဲ့ အရုပ်ကလေး တွေဟာ ကလေးငယ်တွေကစားစရာအဖြစ်နဲ့သာ မကဘဲ လက်ဆောင်ပေးစရာ အိမ်တွင်းအလှဆင်ပစ္စည်းတစ်ခုအဖြစ်ပါ မြန်မာတို့အသုံးပြုနေ ဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေကစလို့ ကုန်ကြမ်းရရှိမှုအခြေအနေကြောင့် ဒီလုပ်ငန်းလုပ်ကိုင်သူတစ်ချို့ လုပ်ငန်းပြောင်း လုပ်ကိုင်မှုတွေရှိခဲ့ ပေမယ့် လည်း အခုအခါမှာ တော့ ဝယ်လိုအားဆက်ရှိနေသေးလို့ဆိုပြီး လုပ်ငန်းလုပ်ကိုင် သူတွေလည်း ပိုတိုးလာတယ်လို့သိရပါတယ်။“ဟိုတုန်းကတော့ ဘိလပ်မြေစက္ကူတစ်ပိဿာကိုမှ နှစ်ရာ(ကျပ်)နဲ့ပဲဝယ်ရတာပါ၊ အခုကတော့ လေးရာလောက်အထိဈေးကတက် သွားတယ်၊ ကုန်ကြမ်း ပစ္စည်းဈေးတွေတိုးလာတာပေါ့ ”လို့လည်း ၎င်းကဆိုပါတယ်။

မြန်မာ့ရိုးရာစက္ကူအရုပ်ကလေးတွေမှာ ဆင်ရုပ် မြင်းရုပ် ဖိုးဝရုပ် ဇီးကွက်ရုပ်အစရှိသဖြင့် ပုံစံဒီဇိုင်းမျိုးစုံ ရှိတာဖြစ်ပြီး ဝယ်ယူသူ စိတ်ကြိုက်အရုပ်ကလေး တွေချိုးပေးရတာမျိုးလည်းရှိတယ်လို့သိရပါတယ်။ အရင်ကတော့  ဒီစက္ကူအရုပ်ချိုးလုပ်ငန်း ကို  စစ်ကိုင်းမြို့က ကန္နားတော်ကျေးရွာ ညောင်ကုန်းကျေးရွာနဲ့ ဂုန်ညင်းကျေးရွာ စတဲ့ကျေးရွာ ၃ ရွာမှာလုပ်ကိုင်ခဲ့ကြတာဖြစ်ပြီး ကန္နားတော်ကျေးရွာကတော့ အခုအချိန်အထိ ဒီလုပ်ငန်းလုပ်ကိုင်ကြသူတွေပိုတိုးလာတယ်လို့လည်းသိရပါတယ်။“ကုန်ကြမ်း အခက်အခဲ ရှိပေမယ့်လည်း တစ်ချို့လည်းမြန်မာ့ရိုးရာလက်မှုပညာရပ်တစ်ခုကိုထိန်းသိမ်း ထား တဲ့အနေနဲ့ ဆက်လုပ်တာမျိုးလည်းရှိတယ် ဝယ်လိုအားရှိနေသေးလို့လည်း လုပ်ကိုင်သူတွေတိုးလာတာမျိုး လည်း ရှိတာပေါ့ ”လို့ စက္ကူအရုပ်ချိုး လုပ်ငန်း လုပ်ကိုင်သူ တစ်ဦးက ပြောပါတယ်။

မြန်မာ့ရိုးရာစက္ကူအရုပ်ကလေးတွေက ပုံသဏ္ဍန်အရွယ်အစားအလိုက် ၁၅၀ ကျပ်ကနေ ကျပ် ၃၀၀၀ ကျော်လောက် အထိ တန်ကြေး ရှိကြပြီး ဒါတွေကို မြန်မာနိုင်ငံဒေသအနှံ့အပြားကဝယ်ယူကြတာဖြစ်ပြီး အများဆုံး က တော့ မန္တလေးမြို့ကနေ ဝယ်ယူကြတာလို့ သိရပါတယ်။

KT
မန္တလေး ၊ ဇန်နဝါရီ ၂၈

(  Zawgyi  )

 ႏွစ္ေပါင္းတစ္ရာေက်ာ္သက္တမ္း ရွိေနၿပီျဖစ္တဲ့ ျမန္မာ့႐ိုးရာ စကၠဴအ႐ုပ္ကေလးေတြ ျပဳလုပ္တဲ့ လုပ္ငန္းက ကုန္ၾကမ္းရွားပါးမႈ နဲ႔ ႀကဳံေနရေပမယ့္လည္း ဝယ္ယူသူေတြရွိေနဆဲပဲျဖစ္တာေၾကာင့္ ဒီကေန႔အထိတြင္က်ယ္စြာ လုပ္ကိုင္ေနၾကတုန္းပဲျဖစ္တယ္လို႔ စစ္ကိုင္းၿမိဳ႕ က စကၠဴအ႐ုပ္ခ်ိဳးလုပ္ငန္းလုပ္ကိုင္ၾက သူေတြကေျပာပါတယ္။

“ ဒီစကၠဴအ႐ုပ္ခ်ိဳးလုပ္ငန္းက မိဘေတြလက္ထက္ကတည္းကလုပ္လာတာဆိုေတာ့ ႏွစ္ေပါင္းက တစ္ရာေက်ာ္ရွိေနပါၿပီ၊ အရင္က ဒါလုပ္တဲ့သူေလးငါး ေယာက္ေလာက္ပဲရွိေနတာကေန အခုဆိုရင္ ၁၀ ေယာက္ ၁၅ ေယာက္ေလာက္ရွိေနၿပီ” လို႔ စစ္ကိုင္းၿမိဳ႕ ကႏၷားေတာ္ေက်း႐ြာက စကၠဴအ႐ုပ္ခ်ိဳးလုပ္ငန္း လုပ္ကိုင္သူေဒၚခင္မာရီကေျပာပါတယ္။

ျမန္မာ့႐ိုးရာလက္မႈအတတ္ပညာရပ္တစ္ခုျဖစ္တဲ့ စကၠဴအ႐ုပ္ကေလးေတြခ်ိဳးတဲ့လုပ္ငန္းက ေရွးျမန္မာ ဘုရင္ေတြ လက္ထက္ ႏွစ္ေပါင္း တစ္ရာေက်ာ္က တည္းက စတင္လုပ္ကိုင္ခဲ့တဲ့ ျမန္မာ့အေမြအႏွစ္လုပ္ငန္း တစ္ခုျဖစ္ၿပီး ဒီစကၠဴနဲ႔ျပဳလုပ္တဲ့ အ႐ုပ္ကေလး ေတြဟာ ကေလးငယ္ေတြကစားစရာအျဖစ္နဲ႔သာ မကဘဲ လက္ေဆာင္ေပးစရာ အိမ္တြင္းအလွဆင္ပစၥည္းတစ္ခုအျဖစ္ပါ ျမန္မာတို႔အသုံးျပဳေန ဆဲျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ေတြကစလို႔ ကုန္ၾကမ္းရရွိမႈအေျခအေနေၾကာင့္ ဒီလုပ္ငန္းလုပ္ကိုင္သူတစ္ခ်ိဳ႕ လုပ္ငန္းေျပာင္း လုပ္ကိုင္မႈေတြရွိခဲ့ ေပမယ့္ လည္း အခုအခါမွာ ေတာ့ ဝယ္လိုအားဆက္ရွိေနေသးလို႔ဆိုၿပီး လုပ္ငန္းလုပ္ကိုင္ သူေတြလည္း ပိုတိုးလာတယ္လို႔သိရပါတယ္။“ဟိုတုန္းကေတာ့ ဘိလပ္ေျမစကၠဴတစ္ပိႆာကိုမွ ႏွစ္ရာ(က်ပ္)နဲ႔ပဲဝယ္ရတာပါ၊ အခုကေတာ့ ေလးရာေလာက္အထိေဈးကတက္ သြားတယ္၊ ကုန္ၾကမ္း ပစၥည္းေဈးေတြတိုးလာတာေပါ့ ”လို႔လည္း ၎ကဆိုပါတယ္။

ျမန္မာ့႐ိုးရာစကၠဴအ႐ုပ္ကေလးေတြမွာ ဆင္႐ုပ္ ျမင္း႐ုပ္ ဖိုးဝ႐ုပ္ ဇီးကြက္႐ုပ္အစရွိသျဖင့္ ပုံစံဒီဇိုင္းမ်ိဳးစုံ ရွိတာျဖစ္ၿပီး ဝယ္ယူသူ စိတ္ႀကိဳက္အ႐ုပ္ကေလး ေတြခ်ိဳးေပးရတာမ်ိဳးလည္းရွိတယ္လို႔သိရပါတယ္။ အရင္ကေတာ့  ဒီစကၠဴအ႐ုပ္ခ်ိဳးလုပ္ငန္း ကို  စစ္ကိုင္းၿမိဳ႕က ကႏၷားေတာ္ေက်း႐ြာ ေညာင္ကုန္းေက်း႐ြာနဲ႔ ဂုန္ညင္းေက်း႐ြာ စတဲ့ေက်း႐ြာ ၃ ႐ြာမွာလုပ္ကိုင္ခဲ့ၾကတာျဖစ္ၿပီး ကႏၷားေတာ္ေက်း႐ြာကေတာ့ အခုအခ်ိန္အထိ ဒီလုပ္ငန္းလုပ္ကိုင္ၾကသူေတြပိုတိုးလာတယ္လို႔လည္းသိရပါတယ္။“ကုန္ၾကမ္း အခက္အခဲ ရွိေပမယ့္လည္း တစ္ခ်ိဳ႕လည္းျမန္မာ့႐ိုးရာလက္မႈပညာရပ္တစ္ခုကိုထိန္းသိမ္း ထား တဲ့အေနနဲ႔ ဆက္လုပ္တာမ်ိဳးလည္းရွိတယ္ ဝယ္လိုအားရွိေနေသးလို႔လည္း လုပ္ကိုင္သူေတြတိုးလာတာမ်ိဳး လည္း ရွိတာေပါ့ ”လို႔ စကၠဴအ႐ုပ္ခ်ိဳး လုပ္ငန္း လုပ္ကိုင္သူ တစ္ဦးက ေျပာပါတယ္။

ျမန္မာ့႐ိုးရာစကၠဴအ႐ုပ္ကေလးေတြက ပုံသ႑န္အ႐ြယ္အစားအလိုက္ ၁၅၀ က်ပ္ကေန က်ပ္ ၃၀၀၀ ေက်ာ္ေလာက္ အထိ တန္ေၾကး ရွိၾကၿပီး ဒါေတြကို ျမန္မာႏိုင္ငံေဒသအႏွံ႔အျပားကဝယ္ယူၾကတာျဖစ္ၿပီး အမ်ားဆုံး က ေတာ့ မႏၲေလးၿမိဳ႕ကေန ဝယ္ယူၾကတာလို႔ သိရပါတယ္။

KT
မႏၲေလး ၊ ဇန္နဝါရီ ၂၈