မြန်မာနိုင်ငံရဲ့ဒီမိုကရေစီတည်ဆောက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၌ ပြင်သစ်နိုင်ငံ က ကူညီမည်

မြန်မာနိုင်ငံရဲ့ဒီမိုကရေစီတည်ဆောက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၌ ပြင်သစ်နိုင်ငံ က ကူညီမည်

မြန်မာနိုင်ငံအနေနဲ့ လာမယ့်နှစ်တွေမှာ ပြောင်းလဲမှုတွေများစွာ ကြုံရမှာဖြစ်သလို မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီတည်ဆောက်မှုတွေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ပြင်သစ်နိုင်ငံအနေနဲ့ အကူအညီပေးသွားဖို့ ရှိနေတယ်လို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ ပြင်သစ်နိုင်ငံသံအမတ်ကြီး မစ္စတာ ခရစ်(စ်) ကျန်းလက်(က်)ချဲလ်ဗီ က ပြောပါတယ်။

ရန်ကုန်မြို့၊ ပြည်လမ်းက နိုဗိုတယ်ဟိုတယ်မှာ ဇူလိုင် ၁၄ ရက် ညပိုင်းက ပြင်သစ်သမ္မတ နိုင်ငံတော်ရဲ့ အမျိုးသားနေ့ အခမ်းအနားကို ကျင်းပ ခဲ့ရာမှာ ၎င်းက ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ ယခုနှစ် ပြင်သစ် အမျိုးသားနေ့ဟာ အဆွေတော်တို့နဲ့အတူ ဆင်နွှဲရသော ပွဲဖြစ်ကြောင်း၊ ကျွန်တော် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာပြီး တစ်နှစ်ခန့်အကြာ ယခုလိုအချန်အခါသမယမှာ ကျွန်တော်နဲ့ ကျွန်တော့် ဇနီး ကက်သရိန်း တို့က ပထမဆုံးအနေနဲ့ ရာစုနှစ်များစွာက အစပြုခဲ့တဲ့ ပြင်သစ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ချစ်ကြည်ရေးကို ပိုမိုကောင်းမွန် လာအောင်လုပ်ဆောင်ပေးနေသော ပြင်သစ်သံရုံးမှဝန်ထမ်းများ၊ ကျွန်တော် တို့နဲ့အတူ တွဲဖက်လုပ်ကိုင်နေကြသော မိတ်ဖက်အားလုံးကို ယခုကဲ့သို့ အတူတကွ ပူးပေါင်းဆောင်ရွက်ခွင့် ရလို့ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဒီလိုကောင်းမွန်တဲ့ နှစ်နိုင်ငံချစ်ကြည်ရေးတည်ဆောက်နိုင်တာဟာ လူကြီးမင်းတို့ရဲ့ ကူညီမှု၊ အထူးသဖြင့် ကျွန်တော်တို့ရဲ့ မိတ်ဆွေ လုပ်ဖော်ကိုင်ဖက်များဖြစ်တဲ့ မြန်မာနိုင်ငံ အစိုးရအဖွဲ့ဝင်များ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ အဖွဲ့ဝင်များ၊ ပုဂ္ဂလိကကဏ္ဍမှ တာဝန်ရှိသူများနဲ့ လှပတဲ့ မြန်မာနိုင်ငံမှာ နေထိုင်ကြသော ပြင်သစ်နိုင်ငံသူနိုင်ငံသား များရဲ့ အကူအညီကြောင့်ပဲဖြစ်တယ်လို့ ပြောချင်ပါကြောင်း၊ အချို့သောဒေသတွေမှာ ပဋိပက္ခတွေဖြစ်နေပြီး ဒါတွေဟာ လူမှုအသိုင်းအဝိုင်း များစွာ ကို ထိခိုက်နေသော်လည်း မြန်မာနိုင်ငံဟာ ငြိမ်းချမ်းရေးရရှိဖို့အတွက် လုပ်ဆောင်နေကြောင်း၊ မြန်မာနိုင်ငံမှာရှိတဲ့ ကွဲပြားခြားနားတဲ့ လူမျိုး၊ အသိုင်းအဝိုင်းများစွာဟာ ငြိမ်းချမ်းရေးလမ်းစဉ်ကို အတူလျှောက်လှမ်းကြပြီး အားလုံး အတူတကွ ငြိမ်းချမ်းစွာနေထိုင်ရန် အားသွန် ခွန် စိုက်လုပ်ဆောင်သွားမယ်လို့ ကျွန်တော့်အနေနဲ့ ယုံကြည်ပါကြောင်း၊ ဒါ့ကြောင့် လာမယ့်နှစ်တွေမှာ မြန်မာနိုင်ငံဟာ ပြောင်းလဲမှုတွေအများကြီးနဲ့ ကြုံရမှာ ဖြစ်ကြောင်း၊ ဒီအခြေအနေမှာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ခြင်းကိုဖော်ဆောင်မှု ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ တည်ဆောက်မှု၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာ ပြင်သစ်နိုင်ငံအနေနဲ့ အမြဲကူညီသွားမှာဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

အဆိုပါအခမ်းအနားမှာ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် အပါအဝင် အစိုးရအဖွဲ့တွေ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တွေ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက် ကြပြီး နှစ်နိုင်ငံချစ်ကြည်ရေး အဓွန့်ရှည်တည်တံ့ ဖို့အတွက် ဆုတောင်းစကားတွေကိုလည်း ပြည်ထေင်စုဝန်ကြီး ဦးအုန်းမောင်က ပြောကြားခဲ့ပါတယ်။

ထို့အပြင် အာရှပစိဖိတ်ဒေသအတွက် ပြင်သစ်နိုင်ငံရဲ့အဓိကမျှော်မှန်းချက်မှာ အားလုံးပါဝင်နိုင်သော အင်ဒိုပစိဖိတ်အာရှဒေသ တစ်ခုဖြစ်လာစေ ရန် ပြင်သစ်သမ္မတက ကန်ဘေရာ၊ တိုကျို၊ ပီကင်း၊ နယူးဒေလီ မြို့တွေမှာ ပြောကြားခဲ့ပြီး မကြာခင်မှာလည်း အရှေ့တောင်အာရှ နိုင်ငံတွေမှာ လာရောက်ပြောကြားဖို့ ရှိကြောင်း သိရသည်။ “အိန္ဒိယနဲ့ ပစိဖိတ်သမုဒ္ဒရာရဲ့ ကမ်းရိုးတန်းဒေသတွေနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ ပြင်သစ်နိုင်ငံ ဟာ ထိုဒေသအတွင်း သဟဇာတဖြစ်ရေး အလွန်အရေးကြီးပါတယ်၊ ထိုဒေသမှာ ဘက်ပေါင်းစုံပါဝင်သောအုပ်ချုပ်မှု၊ မျှတသော ပူးပေါင်းဆောင် ရွက်မှု၊ လွတ်လပ်စွာသဘောထား ထုတ်ဖော်နိုင်မှု၊ စီးပွားရေးလုပ်ဆောင်နိုင်မှု၊ တစ်ဦး တစ်ဖွဲ့တည်းက လွှမ်းမိုးတာကို ငြင်းဆန်နိုင်မှုတို့ကို ကျွန်တော်တို့အနေနဲ့ ထောက်ခံပါတယ်၊ အင်ဒိုပစိဖိတ်အာရှဒေသဟာ ကမ္ဘာ့စိန်ခေါ်မှုများမှာ အဓိကကျသော ဒေသဖြစ်ပြီး စီးပွားရေး အကျိုးအမြတ် များစွာရှိတဲ့ ဒေသဖြစ်ပါတယ်၊ ပြင်သစ်နိုင်ငံရဲ့ ရည်ရွယ်ချက်ဟာ ထိုဒေသ အတွင်း ဥရောပသမဂ္ဂအနေနဲ့ ပိုမိုပါဝင်လာနိုင်စေ ရန်ဖြစ်ပါတယ်၊ ပြင်သစ်နိုင်ငံနဲ့ ဥရောပသမဂ္ဂတို့အနေဖြင့် မြန်မာနိုင်ငံပါဝင်သော အရှေ့တောင်အာရှ နိုင်ငံများအသင်းရဲ့ ထိုဒေသအတွင်း အရေး ပါမှုကို နှစ်ပေါင်း များစွာက သိရှိပြီးဖြစ်ပါတယ်၊ ကျွန်တော်တို့အနေနဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်းနဲ့ ဧရာဝတီ၊ ကျောက်ဖရား၊ မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာအောက်မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍများမှာ အတူတကွအလုပ်လုပ်ရတာကြောင့် အလွန်ဝမ်းသာမိပါတယ်၊ ဒေသဆိုင်ရာ အကျိုးတူပူးပေါင်း ဆောင်ရွက်မှုသည် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အာမခံချက်ဖြစ်ပါတယ်၊ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ မိတ်ဖက်ဆက်ဆံရေးကို ပိုမိုခိုင်မာလာအောင် ပြုလုပ်လိုပါတယ်၊ မြန်မာနိုင်ငံဟာ အိန္ဒိယနဲ့ ပစိဖိတ်သမုဒ္ဒရာ ဒေသရဲ့ ဗဟိုကျတဲ့တိုင်းပြည်ဖြစ်တာကြောင့် ကျွန်တော်တို့ရဲ့ ဒေသဆိုင်ရာမဟာဗျူဟာမြောက် ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအတွက် အဓိကနေရာက ပါဝင်နေပါတယ်”လို့လည်း ပြင်သစ်နိုင်ငံသံအမတ်ကြီး မစ္စတာ ခရစ်(စ်) ကျန်းလက်(က်)ချဲလ်ဗီ က ပြောကြားခဲ့ပါတယ်။

ပြင်သစ်နိုင်ငံခြားရေးနှင့် ဥရောပရေးရာ ဝန်ကြီးဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြီးခဲ့တဲ့ ဧပြီလက တွေ့ဆုံခဲ့ကြ သလို လွန်ခဲ့သောနှစ်ဟာ နှစ်နိုင်ငံအတွက် အရေးကြီးတဲ့နှစ်လည်း ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခုလတ်တလောမှာ မြန်မာနိုင်ငံရဲ့ အရေးကြီး တဲ့ စီမံကိန်းတွေမှာလည်း လုပ်ကိုင် လာတာတွေရှိပြီး ယင်းကုမ္ပဏီတွေအနေနဲ့ အကူအညီတွေအတွက်ကိုလည်း ရန်ကုန်၊ နေပြည်တော်နဲ့ အခြား ဒေသတွေမှာ အခြေစိုက်ဖွင့်လှစ်ထားတဲ့ ပြင်သစ်သံရုံး၊ ပြင်သစ်ကုန်သွယ်ရေးဌာနနဲ့ ပြင်သစ်အစိုးရတို့ထံ အကူအညီတွေကိုလည်း စိတ်ချစွာတောင်းခံနိုင်ဖို့ ဖိတ်ခေါ်ထားကြောင်း သိရပါတယ်။
                                             
 ဇွဲမာန်                                               
ရန်ကုန်၊ ဇူလိုင် ၁၅

(  Zawgyi  )

 ျမန္မာႏိုင္ငံအေနနဲ႔ လာမယ့္ႏွစ္ေတြမွာ ေျပာင္းလဲမႈေတြမ်ားစြာ ႀကဳံရမွာျဖစ္သလို ျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရး၊ ဒီမိုကေရစီတည္ေဆာက္မႈေတြနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းေတြမွာ ျပင္သစ္ႏိုင္ငံအေနနဲ႔ အကူအညီေပးသြားဖို႔ ရွိေနတယ္လို႔ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္ဆိုင္ရာ ျပင္သစ္ႏိုင္ငံသံအမတ္ႀကီး မစၥတာ ခရစ္(စ္) က်န္းလက္(က္)ခ်ဲလ္ဗီ က ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕၊ ျပည္လမ္းက ႏိုဗိုတယ္ဟိုတယ္မွာ ဇူလိုင္ ၁၄ ရက္ ညပိုင္းက ျပင္သစ္သမၼတ ႏိုင္ငံေတာ္ရဲ႕ အမ်ိဳးသားေန႔ အခမ္းအနားကို က်င္းပ ခဲ့ရာမွာ ၎က ထည့္သြင္းေျပာၾကားခဲ့တာျဖစ္ပါတယ္။ ယခုႏွစ္ ျပင္သစ္ အမ်ိဳးသားေန႔ဟာ အေဆြေတာ္တို႔နဲ႔အတူ ဆင္ႏႊဲရေသာ ပြဲျဖစ္ေၾကာင္း၊ ကြၽန္ေတာ္ သံအမတ္အျဖစ္ တာဝန္ထမ္းေဆာင္ရန္ ေရာက္ရွိလာၿပီး တစ္ႏွစ္ခန႔္အၾကာ ယခုလိုအခ်န္အခါသမယမွာ ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့္ ဇနီး ကက္သရိန္း တို႔က ပထမဆုံးအေနနဲ႔ ရာစုႏွစ္မ်ားစြာက အစျပဳခဲ့တဲ့ ျပင္သစ္-ျမန္မာ ႏွစ္ႏိုင္ငံဆက္ဆံေရးနဲ႔ ခ်စ္ၾကည္ေရးကို ပိုမိုေကာင္းမြန္ လာေအာင္လုပ္ေဆာင္ေပးေနေသာ ျပင္သစ္သံ႐ုံးမွဝန္ထမ္းမ်ား၊ ကြၽန္ေတာ္ တို႔နဲ႔အတူ တြဲဖက္လုပ္ကိုင္ေနၾကေသာ မိတ္ဖက္အားလုံးကို ယခုကဲ့သို႔ အတူတကြ ပူးေပါင္းေဆာင္႐ြက္ခြင့္ ရလို႔ ဝမ္းေျမာက္ဂုဏ္ယူပါေၾကာင္း၊ ဒီလိုေကာင္းမြန္တဲ့ ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရးတည္ေဆာက္ႏိုင္တာဟာ လူႀကီးမင္းတို႔ရဲ႕ ကူညီမႈ၊ အထူးသျဖင့္ ကြၽန္ေတာ္တို႔ရဲ႕ မိတ္ေဆြ လုပ္ေဖာ္ကိုင္ဖက္မ်ားျဖစ္တဲ့ ျမန္မာႏိုင္ငံ အစိုးရအဖြဲ႕ဝင္မ်ား၊ အစိုးရ မဟုတ္ေသာ အဖြဲ႕အစည္းမ်ားမွ အဖြဲ႕ဝင္မ်ား၊ ပုဂၢလိကက႑မွ တာဝန္ရွိသူမ်ားနဲ႔ လွပတဲ့ ျမန္မာႏိုင္ငံမွာ ေနထိုင္ၾကေသာ ျပင္သစ္ႏိုင္ငံသူႏိုင္ငံသား မ်ားရဲ႕ အကူအညီေၾကာင့္ပဲျဖစ္တယ္လို႔ ေျပာခ်င္ပါေၾကာင္း၊ အခ်ိဳ႕ေသာေဒသေတြမွာ ပဋိပကၡေတြျဖစ္ေနၿပီး ဒါေတြဟာ လူမႈအသိုင္းအဝိုင္း မ်ားစြာ ကို ထိခိုက္ေနေသာ္လည္း ျမန္မာႏိုင္ငံဟာ ၿငိမ္းခ်မ္းေရးရရွိဖို႔အတြက္ လုပ္ေဆာင္ေနေၾကာင္း၊ ျမန္မာႏိုင္ငံမွာရွိတဲ့ ကြဲျပားျခားနားတဲ့ လူမ်ိဳး၊ အသိုင္းအဝိုင္းမ်ားစြာဟာ ၿငိမ္းခ်မ္းေရးလမ္းစဥ္ကို အတူေလွ်ာက္လွမ္းၾကၿပီး အားလုံး အတူတကြ ၿငိမ္းခ်မ္းစြာေနထိုင္ရန္ အားသြန္ ခြန္ စိုက္လုပ္ေဆာင္သြားမယ္လို႔ ကြၽန္ေတာ့္အေနနဲ႔ ယုံၾကည္ပါေၾကာင္း၊ ဒါ့ေၾကာင့္ လာမယ့္ႏွစ္ေတြမွာ ျမန္မာႏိုင္ငံဟာ ေျပာင္းလဲမႈေတြအမ်ားႀကီးနဲ႔ ႀကဳံရမွာ ျဖစ္ေၾကာင္း၊ ဒီအေျခအေနမွာ ျမန္မာႏိုင္ငံရဲ႕ လြတ္လပ္ျခင္းကိုေဖာ္ေဆာင္မႈ ၿငိမ္းခ်မ္းေရးနဲ႔ ဒီမိုကေရစီ တည္ေဆာက္မႈ၊ ဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းေတြမွာ ျပင္သစ္ႏိုင္ငံအေနနဲ႔ အၿမဲကူညီသြားမွာျဖစ္ေၾကာင္း ေျပာၾကား ခဲ့ပါတယ္။

အဆိုပါအခမ္းအနားမွာ ဟိုတယ္ႏွင့္ခရီးသြားလာေရးလုပ္ငန္းဝန္ႀကီးဌာနမွ ျပည္ေထာင္စုဝန္ႀကီး ဦးအုန္းေမာင္ အပါအဝင္ အစိုးရအဖြဲ႕ေတြ၊ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ေတြ ျပည္တြင္းစီးပြားေရးလုပ္ငန္းရွင္ေတြ တက္ေရာက္ ၾကၿပီး ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရး အဓြန႔္ရွည္တည္တံ့ ဖို႔အတြက္ ဆုေတာင္းစကားေတြကိုလည္း ျပည္ေထင္စုဝန္ႀကီး ဦးအုန္းေမာင္က ေျပာၾကားခဲ့ပါတယ္။

ထို႔အျပင္ အာရွပစိဖိတ္ေဒသအတြက္ ျပင္သစ္ႏိုင္ငံရဲ႕အဓိကေမွ်ာ္မွန္းခ်က္မွာ အားလုံးပါဝင္ႏိုင္ေသာ အင္ဒိုပစိဖိတ္အာရွေဒသ တစ္ခုျဖစ္လာေစ ရန္ ျပင္သစ္သမၼတက ကန္ေဘရာ၊ တိုက်ိဳ၊ ပီကင္း၊ နယူးေဒလီ ၿမိဳ႕ေတြမွာ ေျပာၾကားခဲ့ၿပီး မၾကာခင္မွာလည္း အေရွ႕ေတာင္အာရွ ႏိုင္ငံေတြမွာ လာေရာက္ေျပာၾကားဖို႔ ရွိေၾကာင္း သိရသည္။ “အိႏၵိယနဲ႔ ပစိဖိတ္သမုဒၵရာရဲ႕ ကမ္း႐ိုးတန္းေဒသေတြနဲ႔ တိုက္႐ိုက္ဆက္စပ္ေနတဲ့ ျပင္သစ္ႏိုင္ငံ ဟာ ထိုေဒသအတြင္း သဟဇာတျဖစ္ေရး အလြန္အေရးႀကီးပါတယ္၊ ထိုေဒသမွာ ဘက္ေပါင္းစုံပါဝင္ေသာအုပ္ခ်ဳပ္မႈ၊ မွ်တေသာ ပူးေပါင္းေဆာင္ ႐ြက္မႈ၊ လြတ္လပ္စြာသေဘာထား ထုတ္ေဖာ္ႏိုင္မႈ၊ စီးပြားေရးလုပ္ေဆာင္ႏိုင္မႈ၊ တစ္ဦး တစ္ဖြဲ႕တည္းက လႊမ္းမိုးတာကို ျငင္းဆန္ႏိုင္မႈတို႔ကို ကြၽန္ေတာ္တို႔အေနနဲ႔ ေထာက္ခံပါတယ္၊ အင္ဒိုပစိဖိတ္အာရွေဒသဟာ ကမာၻ႔စိန္ေခၚမႈမ်ားမွာ အဓိကက်ေသာ ေဒသျဖစ္ၿပီး စီးပြားေရး အက်ိဳးအျမတ္ မ်ားစြာရွိတဲ့ ေဒသျဖစ္ပါတယ္၊ ျပင္သစ္ႏိုင္ငံရဲ႕ ရည္႐ြယ္ခ်က္ဟာ ထိုေဒသ အတြင္း ဥေရာပသမဂၢအေနနဲ႔ ပိုမိုပါဝင္လာႏိုင္ေစ ရန္ျဖစ္ပါတယ္၊ ျပင္သစ္ႏိုင္ငံနဲ႔ ဥေရာပသမဂၢတို႔အေနျဖင့္ ျမန္မာႏိုင္ငံပါဝင္ေသာ အေရွ႕ေတာင္အာရွ ႏိုင္ငံမ်ားအသင္းရဲ႕ ထိုေဒသအတြင္း အေရး ပါမႈကို ႏွစ္ေပါင္း မ်ားစြာက သိရွိၿပီးျဖစ္ပါတယ္၊ ကြၽန္ေတာ္တို႔အေနနဲ႔ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္းနဲ႔ ဧရာဝတီ၊ ေက်ာက္ဖရား၊ မဲေခါင္ စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈ မဟာဗ်ဴဟာေအာက္မွာ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး က႑မ်ားမွာ အတူတကြအလုပ္လုပ္ရတာေၾကာင့္ အလြန္ဝမ္းသာမိပါတယ္၊ ေဒသဆိုင္ရာ အက်ိဳးတူပူးေပါင္း ေဆာင္႐ြက္မႈသည္ ၿငိမ္းခ်မ္းေရးနဲ႔ ဖြံ႕ၿဖိဳးေရးအတြက္ အာမခံခ်က္ျဖစ္ပါတယ္၊ ဒါေၾကာင့္ ကြၽန္ေတာ္တို႔အေနနဲ႔ မိတ္ဖက္ဆက္ဆံေရးကို ပိုမိုခိုင္မာလာေအာင္ ျပဳလုပ္လိုပါတယ္၊ ျမန္မာႏိုင္ငံဟာ အိႏၵိယနဲ႔ ပစိဖိတ္သမုဒၵရာ ေဒသရဲ႕ ဗဟိုက်တဲ့တိုင္းျပည္ျဖစ္တာေၾကာင့္ ကြၽန္ေတာ္တို႔ရဲ႕ ေဒသဆိုင္ရာမဟာဗ်ဴဟာေျမာက္ ဆက္ဆံေရးနဲ႔ ပူးေပါင္းေဆာင္႐ြက္ေရးအတြက္ အဓိကေနရာက ပါဝင္ေနပါတယ္”လို႔လည္း ျပင္သစ္ႏိုင္ငံသံအမတ္ႀကီး မစၥတာ ခရစ္(စ္) က်န္းလက္(က္)ခ်ဲလ္ဗီ က ေျပာၾကားခဲ့ပါတယ္။

ျပင္သစ္ႏိုင္ငံျခားေရးႏွင့္ ဥေရာပေရးရာ ဝန္ႀကီးဟာ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ၿပီးခဲ့တဲ့ ဧၿပီလက ေတြ႕ဆုံခဲ့ၾက သလို လြန္ခဲ့ေသာႏွစ္ဟာ ႏွစ္ႏိုင္ငံအတြက္ အေရးႀကီးတဲ့ႏွစ္လည္း ျဖစ္ခဲ့တယ္လို႔ သိရပါတယ္။ ယခုလတ္တေလာမွာ ျမန္မာႏိုင္ငံရဲ႕ အေရးႀကီး တဲ့ စီမံကိန္းေတြမွာလည္း လုပ္ကိုင္ လာတာေတြရွိၿပီး ယင္းကုမၸဏီေတြအေနနဲ႔ အကူအညီေတြအတြက္ကိုလည္း ရန္ကုန္၊ ေနျပည္ေတာ္နဲ႔ အျခား ေဒသေတြမွာ အေျခစိုက္ဖြင့္လွစ္ထားတဲ့ ျပင္သစ္သံ႐ုံး၊ ျပင္သစ္ကုန္သြယ္ေရးဌာနနဲ႔ ျပင္သစ္အစိုးရတို႔ထံ အကူအညီေတြကိုလည္း စိတ္ခ်စြာေတာင္းခံႏိုင္ဖို႔ ဖိတ္ေခၚထားေၾကာင္း သိရပါတယ္။
                                             
 ဇြဲမာန္                                               
ရန္ကုန္၊ ဇူလိုင္ ၁၅