မြန်မာနိုင်ငံတွင် ရာသီတုပ်ကွေး ကြောင့် ၂၆ ရက် အတွင်း သေဆုံးသူ ၇၃ ဦးရှိလာ

မြန်မာနိုင်ငံတွင် ရာသီတုပ်ကွေး ကြောင့် ၂၆ ရက် အတွင်း သေဆုံးသူ ၇၃ ဦးရှိလာ

မြန်မာနိုင်ငံတွင် ရာသီတုပ်ကွေး ကြောင့် ၂၆ ရက် အတွင်း သေဆုံးသူ ၇၃ ဦး ရှိလာပြီဖြစ်တယ်လို့ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ သတင်း ထုတ်ပြန်ခဲ့ပါတယ်။ဇူလိုင်လ ၁ ရက်နေ့မှ ၂၆ ရက်နေ့အထိသေဆုံးသူ ၇၃ ဦးရှိခဲ့ပြီး ဇူလိုင်လ ၂၆ ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီးတွင် ၁ ဦးထပ်မံသေဆုံးခဲ့ခြင်းဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးတွင် သေဆုံးမှုအများဆုံးဖြစ်ပွားလျှက်ရှိပြီး ၅၇ ဦးသဆုံးခဲ့ပြီဖြစ်ပါတယ်။ဧရာဝတီတိုင်းဒေသကြီးတွင် ၅ ဦး၊မွန်ပြည်နယ် ၃ ဦး ၊ပဲခူးတိုင်းဒေသကြီးတွင် ၄ ဦး စစ်ကိုင်းတိုင်းဒေသကြီးတ ၂ ဦး၊ မကွေးတိုင်းဒေသကြီး နဲ့ ကချင်ပြည်နယ်တို့တွင် ၁ ဦးသေဆုံးခဲ့ပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

မြန်မာတစ်နိုင်ငံလုံးအနေဖြင့် ရာသီတုပ်ကွေးရောဂါ ဓာတ်ခွဲစမ်းသပ်ခဲ့သူ ၉၄၂ ဦးတွင် ၃၉၇ ဦးဖြစ်ပွား လျှက်ရှိတယ်လို့ ဖော်ပြထားပါတယ်။ရန်ကုန်တိုင်းဒေသကြီးတွင် သေဆုံးမှုအများအဆုံးအဖြစ် လှိုင်သာယာမြို့နယ် နဲ့ ဒဂုံမြို့သစ်(မြောက်)တို့တွင် ၅ ဦးစီ၊ သင်္ဃန်းကျွန်း၊မြောက်ဥက္ကလာ၊မှော်ဘီတို့တွင် ၄ ဦးစီ သေဆုံးခဲ့တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ဇူလိုင် ၂၇
Photo Credit:နာရေးကူညီမှုအသင်း-ရန်ကုန်

(  Zawgyi  )

 ျမန္မာႏိုင္ငံတြင္ ရာသီတုပ္ေကြး ေၾကာင့္ ၂၆ ရက္ အတြင္း ေသဆုံးသူ ၇၃ ဦး ရွိလာၿပီျဖစ္တယ္လို႔ ျပည္သူ႔ က်န္းမာေရးဦးစီးဌာနမွ သတင္း ထုတ္ျပန္ခဲ့ပါတယ္။ဇူလိုင္လ ၁ ရက္ေန႔မွ ၂၆ ရက္ေန႔အထိေသဆုံးသူ ၇၃ ဦးရွိခဲ့ၿပီး ဇူလိုင္လ ၂၆ ရက္ေန႔က ရန္ကုန္တိုင္း ေဒသႀကီးတြင္ ၁ ဦးထပ္မံေသဆုံးခဲ့ျခင္းျဖစ္ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးတြင္ ေသဆုံးမႈအမ်ားဆုံးျဖစ္ပြားလွ်က္ရွိၿပီး ၅၇ ဦးသဆုံးခဲ့ၿပီျဖစ္ပါတယ္။ဧရာဝတီတိုင္းေဒသႀကီးတြင္ ၅ ဦး၊မြန္ျပည္နယ္ ၃ ဦး ၊ပဲခူးတိုင္းေဒသႀကီးတြင္ ၄ ဦး စစ္ကိုင္းတိုင္းေဒသႀကီးတ ၂ ဦး၊ မေကြးတိုင္းေဒသႀကီး နဲ႔ ကခ်င္ျပည္နယ္တို႔တြင္ ၁ ဦးေသဆုံးခဲ့ၿပီးျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။

ျမန္မာတစ္ႏိုင္ငံလုံးအေနျဖင့္ ရာသီတုပ္ေကြးေရာဂါ ဓာတ္ခြဲစမ္းသပ္ခဲ့သူ ၉၄၂ ဦးတြင္ ၃၉၇ ဦးျဖစ္ပြား လွ်က္ရွိတယ္လို႔ ေဖာ္ျပထားပါတယ္။ရန္ကုန္တိုင္းေဒသႀကီးတြင္ ေသဆုံးမႈအမ်ားအဆုံးအျဖစ္ လႈိင္သာယာၿမိဳ႕နယ္ နဲ႔ ဒဂုံၿမိဳ႕သစ္(ေျမာက္)တို႔တြင္ ၅ ဦးစီ၊ သဃၤန္းကြၽန္း၊ေျမာက္ဥကၠလာ၊ေမွာ္ဘီတို႔တြင္ ၄ ဦးစီ ေသဆုံးခဲ့တယ္လို႔သတင္းထုတ္ျပန္ထားပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ဇူလိုင္ ၂၇
Photo Credit:နာေရးကူညီမႈအသင္း-ရန္ကုန္