မြစ်ကြီးနားတွင် နှစ် ၂၀ ကျော် ရေအောက်ပြိုကျမြုပ်ခဲ့သည့် စေတီတစ်ဆူ ပြန်ပေါ်ကာ ဗုဒ္ဓရုပ်ပွားတော် ၁ ဆူ တူးဖော်ရရှိ

မြစ်ကြီးနားတွင် နှစ် ၂၀ ကျော် ရေအောက်ပြိုကျမြုပ်ခဲ့သည့် စေတီတစ်ဆူ ပြန်ပေါ်ကာ ဗုဒ္ဓရုပ်ပွားတော် ၁ ဆူ တူးဖော်ရရှိ

မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက် ဇီးကုန်းကျေးရွာ ဟောင်းတွင်လွန်ခဲ့သည့် နှစ်နှစ်ဆယ်ကျော် ရေမြုပ်ခဲ့သည့် စေတီတစ်ဆူပြန်ပေါ်လာကာ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူပြန်ပေါ်လာသည့် ဖြစ်ရပ် ဇူလိုင် ၂၂ ရက်က ဖြစ်ပေါ်ခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက် ဇီးကုန်းကျေးရွာ ဟောင်း(ရေလယ်ကျွန်း)၌ အာသောက မင်းကြီးတည်ထားကိုးကွယ်ခဲ့သော ခေါင်ဖူးလောကမာရ်စိန် စေတီတော်မြတ် ကြီး၏ ညီနောင် စေတီတော်ဖြစ် သည့် လောကမာရ်အောင်စေတီတော်ကြီးသည် ၁၉၉၇ ခုနှစ်တွင် ပြိုကျပျက်စီးရေနစ်မြုပ်ခဲ့ရာမှ  ယခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့တွင် ပြန်လည်ပေါ်တော်မူခဲ့ရာ ဇူလိုင် ၂၅ ရက်ညနေ့လယ် ၂ နာရီ ခွဲ အချိန်တွင် အဆိုပါ စေတီတော်ပျက်ကြီးမှာ တစ်ခုလုံး ပေါ်လာသည့်အတွက် အောင်ချမ်းသာကျောင်းတိုက် ဆရာတော် ဉူးသီရိန္ဒ ဦးဆောင်၍ တူးဖော်ခဲ့ရာ ဉာဏ်တော် ၃ လက်မခွဲခန့်ရှိ ရှေးဟောင်းငွေစင် ဗုဒ္ဓရုပ်ပွားတော် ၁ ဆူ(သက်တမ်း-စိစစ်ဆဲ)တူးဖော်ရရှိခဲ့ပါတယ်။

စေတီတော်ပျက်မှာ ဧရာဝတီမြစ်ရေတိုးလာမှုကြောင့် ပြန်လည်နစ်မြုပ်သွားခဲ့သဖြင့် တူးဖော်ရရှိသည့် ငွေစင်ဗုဒ္ဓရုပ်ပွားတော်အား အောင်ချမ်းသာ
ကျောင်းတိုက်သို့ ပင့်ဆောင်ပူဇော် ထားရှိကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

KZ
ရန်ကုန်၊ဇူလိုင် ၂၆

(  Zawgyi  )

 ျမစ္ႀကီးနားၿမိဳ႕၊ လယ္ကုန္းရပ္ကြက္ ဇီးကုန္းေက်း႐ြာ ေဟာင္းတြင္လြန္ခဲ့သည့္ ႏွစ္ႏွစ္ဆယ္ေက်ာ္ ေရျမဳပ္ခဲ့သည့္ ေစတီတစ္ဆူျပန္ေပၚလာကာ ဗုဒၶ႐ုပ္ပြားေတာ္ တစ္ဆူျပန္ေပၚလာသည့္ ျဖစ္ရပ္ ဇူလိုင္ ၂၂ ရက္က ျဖစ္ေပၚခဲ့တယ္လို႔ ျပည္ထဲေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ ျမစ္ႀကီးနားၿမိဳ႕၊ လယ္ကုန္းရပ္ကြက္ ဇီးကုန္းေက်း႐ြာ ေဟာင္း(ေရလယ္ကြၽန္း)၌ အာေသာက မင္းႀကီးတည္ထားကိုးကြယ္ခဲ့ေသာ ေခါင္ဖူးေလာကမာရ္စိန္ ေစတီေတာ္ျမတ္ ႀကီး၏ ညီေနာင္ ေစတီေတာ္ျဖစ္ သည့္ ေလာကမာရ္ေအာင္ေစတီေတာ္ႀကီးသည္ ၁၉၉၇ ခုႏွစ္တြင္ ၿပိဳက်ပ်က္စီးေရနစ္ျမဳပ္ခဲ့ရာမွ  ယခုႏွစ္ ဇူလိုင္လ ၂၂ ရက္ေန႔တြင္ ျပန္လည္ေပၚေတာ္မူခဲ့ရာ ဇူလိုင္ ၂၅ ရက္ညေန႔လယ္ ၂ နာရီ ခြဲ အခ်ိန္တြင္ အဆိုပါ ေစတီေတာ္ပ်က္ႀကီးမွာ တစ္ခုလုံး ေပၚလာသည့္အတြက္ ေအာင္ခ်မ္းသာေက်ာင္းတိုက္ ဆရာေတာ္ ၪူးသီရိႏၵ ဦးေဆာင္၍ တူးေဖာ္ခဲ့ရာ ဉာဏ္ေတာ္ ၃ လက္မခြဲခန႔္ရွိ ေရွးေဟာင္းေငြစင္ ဗုဒၶ႐ုပ္ပြားေတာ္ ၁ ဆူ(သက္တမ္း-စိစစ္ဆဲ)တူးေဖာ္ရရွိခဲ့ပါတယ္။

ေစတီေတာ္ပ်က္မွာ ဧရာဝတီျမစ္ေရတိုးလာမႈေၾကာင့္ ျပန္လည္နစ္ျမဳပ္သြားခဲ့သျဖင့္ တူးေဖာ္ရရွိသည့္ ေငြစင္ဗုဒၶ႐ုပ္ပြားေတာ္အား ေအာင္ခ်မ္းသာ
ေက်ာင္းတိုက္သို႔ ပင့္ေဆာင္ပူေဇာ္ ထားရွိေၾကာင္း သတင္းထုတ္ျပန္ခဲ့ပါတယ္။

KZ
ရန္ကုန္၊ဇူလိုင္ ၂၆