မော်တင်မှ သိမ်ဖြူဘက်ပတ်ကာ အမိုးပွင့်ဘတ်စ်ကား ပြေးဆွဲမည်

မော်တင်မှ သိမ်ဖြူဘက်ပတ်ကာ အမိုးပွင့်ဘတ်စ်ကား ပြေးဆွဲမည်

ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ် မော်တင်ဘက်မှ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်း ဝန်ကြီးများရုံး (ယခင် အတွင်းဝန်ရုံး) နားအထိ ပတ်ကာ အမိုးပွင့်ဘတ်စ်ကားတွေနဲ့ အပန်းဖြေစီးနင်းကြရမယ့် ခရီးစဉ်ကို စီစဉ်ထားတယ်လို့ မင်္ဂလာဘတ်စ် ကုမ္ပဏီကနေ သိရပါတယ်။

အဆိုပါခရီးစဉ်တွေကို အောက်တိုဘာ ဒုတိယပတ်ထဲမှာ သီတင်းကျွတ် မီးထွန်းပွဲတော်နဲ့အတူ စီစဉ်ထားတာဖြစ်ပြီး Junction မော်တင်နားကနေ ဗိုလ်ချုပ်လမ်းအတိုင်း မောင်းနှင်ကာ ဗိုလ်ချုပ်အောင်ဆန်းဈေး၊ Junction City တို့ကို ဖြတ်သန်းလည်ပတ်ပြီး ဆူးလေဘုရားလမ်းမှ ဆူးလေစေတီတော်တစ်ဝိုက်နဲ့ သိမ်ဖြူလမ်း ဝန်ကြီးများရုံး (ယခင် အတွင်းဝန်ရုံး)၊ ရေကျော်ပွဲဈေးတို့ကို လေ့လာနိုင်မှာဖြစ်ကြောင်း၊ အပြန်ခရီးစဉ်တွင် ကမ်းနားလမ်း ညဈေးတန်းက Night Market ကို လည်ပတ်လေ့လာပြီး မော်တင်သို့ ပြန်လည်မောင်းနှင်ကာ ခရီးစဉ်ပြီးဆုံးမှာဖြစ်တယ်လို့ သိရပါတယ်။

ထိုခရီးစဉ်အတွက် ညနေ ၅ နာရီကနေ ည ၈ နာရီအထိ တစ်နာရီခြားကာ ယာဉ်တစ်စီးနှုန်းဖြင့် ခရီးစဉ်တစ်ခုကို ထွက်ခွာပေးမှာဖြစ်ပြီး ပွဲဈေးတန်းတွင်လည်ပတ်နိုင်ဖို့ ဝန်ကြီးများရုံး (ယခင် အတွင်းဝန်ရုံး) အနီးမှာ ခေတ္တရပ်တန့် စောင့်ဆိုင်းပေးဖို့ စီစဉ်ထားသလို စီးနင်းမယ့် ခရီးသည်တစ်ဦးလျှင် ၉၈၀၀ ကျပ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

 

ထိုကဲ့သို့သော အမိုးပွင့်ဘတ်စ်တွေနဲ့ ရန်ကုန်မြို့အတွင်း လှည့်လည်ကြည့်ရှုကာ လည်ပတ်တဲ့ ခရီးစဉ်ကို လွန်ခဲ့တဲ့နှစ်ထဲ ပြေးဆွဲခဲ့သလို မိုးတွင်းကာလမှာ ခေတ္တရပ်နားခဲ့ပြီးနောက် သီတင်းကျွတ်ပွဲတော်နဲ့အတူ ပြန်လည်ပြေးဆွဲသွားဖို့ စီစဉ်ထားကြတာ ဖြစ်ပါတယ်။

ဇွဲမာန်
ရန်ကုန်၊ စက်တင်ဘာ - ၁၄

( Zawgyi )

ရန္ကုန္ၿမိဳ႕၊ လမ္းမေတာ္ၿမိဳ႕နယ္ ေမာ္တင္ဘက္မွ ဗိုလ္တေထာင္ၿမိဳ႕နယ္ သိမ္ျဖဴလမ္း ဝန္ႀကီးမ်ား႐ုံး (ယခင္ အတြင္းဝန္႐ုံး) နားအထိ ပတ္ကာ အမိုးပြင့္ဘတ္စ္ကားေတြနဲ႔ အပန္းေျဖစီးနင္းၾကရမယ့္ ခရီးစဥ္ကို စီစဥ္ထားတယ္လို႔ မဂၤလာဘတ္စ္ ကုမၸဏီကေန သိရပါတယ္။

အဆိုပါခရီးစဥ္ေတြကို ေအာက္တိုဘာ ဒုတိယပတ္ထဲမွာ သီတင္းကြၽတ္ မီးထြန္းပြဲေတာ္နဲ႔အတူ စီစဥ္ထားတာျဖစ္ၿပီး Junction ေမာ္တင္နားကေန ဗိုလ္ခ်ဳပ္လမ္းအတိုင္း ေမာင္းႏွင္ကာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းေဈး၊ Junction City တို႔ကို ျဖတ္သန္းလည္ပတ္ၿပီး ဆူးေလဘုရားလမ္းမွ ဆူးေလေစတီေတာ္တစ္ဝိုက္နဲ႔ သိမ္ျဖဴလမ္း ဝန္ႀကီးမ်ား႐ုံး (ယခင္ အတြင္းဝန္႐ုံး)၊ ေရေက်ာ္ပြဲေဈးတို႔ကို ေလ့လာႏိုင္မွာျဖစ္ေၾကာင္း၊ အျပန္ခရီးစဥ္တြင္ ကမ္းနားလမ္း ညေဈးတန္းက Night Market ကို လည္ပတ္ေလ့လာၿပီး ေမာ္တင္သို႔ ျပန္လည္ေမာင္းႏွင္ကာ ခရီးစဥ္ၿပီးဆုံးမွာျဖစ္တယ္လို႔ သိရပါတယ္။

ထိုခရီးစဥ္အတြက္ ညေန ၅ နာရီကေန ည ၈ နာရီအထိ တစ္နာရီျခားကာ ယာဥ္တစ္စီးႏႈန္းျဖင့္ ခရီးစဥ္တစ္ခုကို ထြက္ခြာေပးမွာျဖစ္ၿပီး ပြဲေဈးတန္းတြင္လည္ပတ္ႏိုင္ဖို႔ ဝန္ႀကီးမ်ား႐ုံး (ယခင္ အတြင္းဝန္႐ုံး) အနီးမွာ ေခတၱရပ္တန႔္ ေစာင့္ဆိုင္းေပးဖို႔ စီစဥ္ထားသလို စီးနင္းမယ့္ ခရီးသည္တစ္ဦးလွ်င္ ၉၈၀၀ က်ပ္ သတ္မွတ္ထားတယ္လို႔ သိရပါတယ္။

ထိုကဲ့သို႔ေသာ အမိုးပြင့္ဘတ္စ္ေတြနဲ႔ ရန္ကုန္ၿမိဳ႕အတြင္း လွည့္လည္ၾကည့္ရႈကာ လည္ပတ္တဲ့ ခရီးစဥ္ကို လြန္ခဲ့တဲ့ႏွစ္ထဲ ေျပးဆြဲခဲ့သလို မိုးတြင္းကာလမွာ ေခတၱရပ္နားခဲ့ၿပီးေနာက္ သီတင္းကြၽတ္ပြဲေတာ္နဲ႔အတူ ျပန္လည္ေျပးဆြဲသြားဖို႔ စီစဥ္ထားၾကတာ ျဖစ္ပါတယ္။

ဇြဲမာန္
ရန္ကုန္၊ စက္တင္ဘာ - ၁၄