မိုးသည်းထန်စွာရွာသွန်းသဖြင့် ထားဝယ်လေဆိပ်လေယာဉ်ပြေးလမ်းဘေး မြေပြိုကျ

မိုးသည်းထန်စွာရွာသွန်းသဖြင့် ထားဝယ်လေဆိပ်လေယာဉ်ပြေးလမ်းဘေး မြေပြိုကျ

မိုးသည်းထန်စွာရွာသွန်းသဖြင့် ထားဝယ်လေဆိပ်လေယာဉ်ပြေးလမ်းဘေး မြေပြိုကျမှုဖြစ်စဉ်တစ်ခု ဇူလိုင် ၃ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဉ်မှာ ယင်းနေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်က ထားဝယ်မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့် ထားဝယ်လေဆိပ် တွင် လေယာဉ်ပြေးလမ်း၏ တောင်ဘက် အမှတ်(၃၄)ဘက်ခြမ်း 0 Marker Board မှ ပေ ၅၀၀ ခန့်အကွာ လေယာဉ်ပြေးလမ်း နံဘေး၌ အလျား ၂၀ ပေ၊ အနံ ၆ ပေ၊ အနက် ၆ ပေခန့် မြေပြိုကျပျက်စီးဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ထားဝယ်)မှ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန (ရန်ကုန်) သို့ သတင်းပေးပို့ အကြောင်းကြားထားတယ်လို့လည်း သိရပါတယ်။

ပြေသိမ်း
ထားဝယ်၊ဇူလိုင် ၄
 

(  Zawgyi  )

 မိုးသည္းထန္စြာ႐ြာသြန္းသျဖင့္ ထားဝယ္ေလဆိပ္ေလယာဥ္ေျပးလမ္းေဘး ေျမၿပိဳက်မႈျဖစ္စဥ္တစ္ခု ဇူလိုင္ ၃ ရက္ေန႔က ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

ျဖစ္စဥ္မွာ ယင္းေန႔ မြန္းလြဲ ၁ နာရီအခ်ိန္ခန႔္က ထားဝယ္ၿမိဳ႕နယ္အတြင္း မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေရတိုက္စားမႈေၾကာင့္ ထားဝယ္ေလဆိပ္ တြင္ ေလယာဥ္ေျပးလမ္း၏ ေတာင္ဘက္ အမွတ္(၃၄)ဘက္ျခမ္း 0 Marker Board မွ ေပ ၅၀၀ ခန႔္အကြာ ေလယာဥ္ေျပးလမ္း နံေဘး၌ အလ်ား ၂၀ ေပ၊ အနံ ၆ ေပ၊ အနက္ ၆ ေပခန႔္ ေျမၿပိဳက်ပ်က္စီးဆုံးရႈံးခဲ့ရတာျဖစ္တယ္လို႔ ဆိုပါတယ္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ေလေၾကာင္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာန(ထားဝယ္)မွ ေလေၾကာင္း ပို႔ေဆာင္ေရးၫႊန္ၾကားမႈ ဦးစီးဌာန (ရန္ကုန္) သို႔ သတင္းေပးပို႔ အေၾကာင္းၾကားထားတယ္လို႔လည္း သိရပါတယ္။

ေျပသိမ္း
ထားဝယ္၊ဇူလိုင္ ၄