မန်းမြို့ ၃၈ လမ်းမကို ပြည်သူကဆန္ဒရှိရင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂိုလ်အမည်တပ်ခေါ်ဝေါ်မည်

မန်းမြို့ ၃၈ လမ်းမကို ပြည်သူကဆန္ဒရှိရင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂိုလ်အမည်တပ်ခေါ်ဝေါ်မည်

ဖောက်လုပ်ပြီးစီးသွားပြီဖြစ်တဲ့ မန္တလေးမြို့ကနိုင်ငံတကာအဆင့်မီ ၃၈ လမ်းမကြီးကို ပြည်သူလူထုကတောင်းဆိုလာရင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစု ကြည်ရဲ့အမည်နဲ့ လမ်းနာမည် တပ်ပေးသွားမယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာကော်မတီဝင် ဦးကျော်ဆန်းမြင့်ကပြောပါတယ်။

မြို့တော်စည်ပင်သာယာအနေနဲ့ကတော့ အဲဒီလမ်းကို မြို့သူမြို့သားများရဲ့ဆန္ဒအရ ဒီလိုနာမည်ပေးမယ်ဆိုရင်လည်း ငြင်းစရာရှိမယ်မထင်ပါဘူး ပြည်သူကဆန္ဒရှိရင် (တိုင်းဒေသကြီးအစိုးရဆီ)တင်ပြသွားမှာပါ လို့ ၎င်းကဆိုပါတယ်။ အသစ်ဖောက်လုပ် ပြီးစီးသွားပြီး လာမယ့်ဇွန်လ ၁၉ ရက်နေ့ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာဖွင့်လှစ်ဖို့ပြင်ဆင်နေတဲ့ အဲဒီလမ်းမကြီးကို ဒေါ်အောင်ဆန်းစုကြည် လမ်း ဒါမှမဟုတ် အောင်ဆန်းစုကြည်လမ်း လို့ အမည်တပ်ခေါ်ဝေါ်လိုတယ်ဆိုတဲ့ မန္တလေးမြို့သူမြို့သားတွေကပြောဆိုနေကြတာမှာ ဒါနဲ့ပတ်သက်ပြီး ကော်မတီဝင်ဦးကျော်ဆန်းမြင့်ကပြောတာပါ။

ဒီကိစ္စတွေက အစိုးရနဲ့လည်းပတ်သက်တဲ့အတွက်ကြောင့် ဆောင်ရွက်မယ်ဆိုလို့ရှိရင်တော့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ကို ကျွန်တော် တို့ကတင်ပြရမယ် အစိုးရအဖွဲ့ရဲ့အကြံပြုချက်တွေယူရမယ် အစိုးရအဖွဲ့ကခွင့်ပြုမယ်ဆိုလို့ရှိရင်တော့ ဒါကတရားဝင် နာမည်ပေးတဲ့ အစီအစဉ် မျိုးဖြစ်သွားပါမယ်၊ တရားဝင်နာမည်ပေးပြီးသည်ဖြစ် စေ မပေးရသေးသည်ဖြစ်စေ အခုလူတွေကတော့ အဲဒီအတိုင်းပဲ စခေါ်နေကြ တာတော့တွေ့ ရပါတယ် လို့လည်း ၎င်းကပြောပါတယ်။

အဆိုပါလမ်းမကြီးက တပ်မတော်မြေနေရာ(မဟာအောင်မြေမြို့နယ် ၇၃ လမ်း နဲ့ ၇၈ လမ်းကြား)ကို တပ်မတော်ရဲ့ခွင့်ပြုချက်နဲ့ဖောက် လုပ်ခဲ့တဲ့လမ်းမကြီးပဲဖြစ်ပြီး ဒီလမ်းမကြီးပြီးစီးသွားတဲ့အခါ မန္တလေးမြို့ရဲ့အရှေ့အနောက်ကို အရင်ကထက်အလွယ်တကူဖြတ်သန်းသွား လာနိုင်တော့ မှာဖြစ်တယ်လို့သိရပါတယ်။

လမ်းသစ်ဖောက်လုပ်ဖို့အတွက် အရင်အစိုးရလက်ထက်ကတည်းကကြိုးပမ်းခဲ့တာဖြစ်ပြီး ၂၀၁၇ ခုနှစ်ဇန်နဝါရီလကတော့ ခွင့်ပြုချက်ရခဲ့တာပါ။ ဒီလမ်းမကြီးကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ဖြစ်တဲ့ လာမယ့်ဇွန်လ ၁၉ ရက်နေ့မနက် ၇ နာရီမှာ အခမ်းအနားနဲ့တစ်ကွဖွင့်လှစ်သွားမှာဖြစ် တယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကကြေညာထားပါတယ်။

KT
မန္တလေး ၊ဇွန် ၁၇
Photo credit: Yelwin Fb

(  Zawgyi  )

 ေဖာက္လုပ္ၿပီးစီးသြားၿပီျဖစ္တဲ့ မႏၲေလးၿမိဳ႕ကႏိုင္ငံတကာအဆင့္မီ ၃၈ လမ္းမႀကီးကို ျပည္သူလူထုကေတာင္းဆိုလာရင္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစု ၾကည္ရဲ႕အမည္နဲ႔ လမ္းနာမည္ တပ္ေပးသြားမယ္လို႔ မႏၲေလးၿမိဳ႕ေတာ္ စည္ပင္သာယာေကာ္မတီဝင္ ဦးေက်ာ္ဆန္းျမင့္ကေျပာပါတယ္။

ၿမိဳ႕ေတာ္စည္ပင္သာယာအေနနဲ႔ကေတာ့ အဲဒီလမ္းကို ၿမိဳ႕သူၿမိဳ႕သားမ်ားရဲ႕ဆႏၵအရ ဒီလိုနာမည္ေပးမယ္ဆိုရင္လည္း ျငင္းစရာရွိမယ္မထင္ပါဘူး ျပည္သူကဆႏၵရွိရင္ (တိုင္းေဒသႀကီးအစိုးရဆီ)တင္ျပသြားမွာပါ လို႔ ၎ကဆိုပါတယ္။ အသစ္ေဖာက္လုပ္ ၿပီးစီးသြားၿပီး လာမယ့္ဇြန္လ ၁၉ ရက္ေန႔ ႏိုင္ငံေတာ္၏အတိုင္ပင္ခံ ပုဂိုလ္ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေမြးေန႔မွာဖြင့္လွစ္ဖို႔ျပင္ဆင္ေနတဲ့ အဲဒီလမ္းမႀကီးကို ေဒၚေအာင္ဆန္းစုၾကည္ လမ္း ဒါမွမဟုတ္ ေအာင္ဆန္းစုၾကည္လမ္း လို႔ အမည္တပ္ေခၚေဝၚလိုတယ္ဆိုတဲ့ မႏၲေလးၿမိဳ႕သူၿမိဳ႕သားေတြကေျပာဆိုေနၾကတာမွာ ဒါနဲ႔ပတ္သက္ၿပီး ေကာ္မတီဝင္ဦးေက်ာ္ဆန္းျမင့္ကေျပာတာပါ။

ဒီကိစၥေတြက အစိုးရနဲ႔လည္းပတ္သက္တဲ့အတြက္ေၾကာင့္ ေဆာင္႐ြက္မယ္ဆိုလို႔ရွိရင္ေတာ့ မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ကို ကြၽန္ေတာ္ တို႔ကတင္ျပရမယ္ အစိုးရအဖြဲ႕ရဲ႕အႀကံျပဳခ်က္ေတြယူရမယ္ အစိုးရအဖြဲ႕ကခြင့္ျပဳမယ္ဆိုလို႔ရွိရင္ေတာ့ ဒါကတရားဝင္ နာမည္ေပးတဲ့ အစီအစဥ္ မ်ိဳးျဖစ္သြားပါမယ္၊ တရားဝင္နာမည္ေပးၿပီးသည္ျဖစ္ ေစ မေပးရေသးသည္ျဖစ္ေစ အခုလူေတြကေတာ့ အဲဒီအတိုင္းပဲ စေခၚေနၾက တာေတာ့ေတြ႕ ရပါတယ္ လို႔လည္း ၎ကေျပာပါတယ္။

အဆိုပါလမ္းမႀကီးက တပ္မေတာ္ေျမေနရာ(မဟာေအာင္ေျမၿမိဳ႕နယ္ ၇၃ လမ္း နဲ႔ ၇၈ လမ္းၾကား)ကို တပ္မေတာ္ရဲ႕ခြင့္ျပဳခ်က္နဲ႔ေဖာက္ လုပ္ခဲ့တဲ့လမ္းမႀကီးပဲျဖစ္ၿပီး ဒီလမ္းမႀကီးၿပီးစီးသြားတဲ့အခါ မႏၲေလးၿမိဳ႕ရဲ႕အေရွ႕အေနာက္ကို အရင္ကထက္အလြယ္တကူျဖတ္သန္းသြား လာႏိုင္ေတာ့ မွာျဖစ္တယ္လို႔သိရပါတယ္။

လမ္းသစ္ေဖာက္လုပ္ဖို႔အတြက္ အရင္အစိုးရလက္ထက္ကတည္းကႀကိဳးပမ္းခဲ့တာျဖစ္ၿပီး ၂၀၁၇ ခုႏွစ္ဇန္နဝါရီလကေတာ့ ခြင့္ျပဳခ်က္ရခဲ့တာပါ။ ဒီလမ္းမႀကီးကို ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂိုလ္ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေမြးေန႔ျဖစ္တဲ့ လာမယ့္ဇြန္လ ၁၉ ရက္ေန႔မနက္ ၇ နာရီမွာ အခမ္းအနားနဲ႔တစ္ကြဖြင့္လွစ္သြားမွာျဖစ္ တယ္လို႔ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီကေၾကညာထားပါတယ္။

KT
မႏၲေလး ၊ဇြန္ ၁၇
Photo credit: Yelwin Fb