မန်းတိုင်း လဝက၀န်ကြီးအဖြစ် ကျောက်ဆည်မဲဆန္ဒနယ် အမှတ် (၁) မှ ကိုယ်စားလှယ်အား မန်းတိုင်းဝန်ကြီးချုပ်က အဆိုပြု

မန်းတိုင်း လဝက၀န်ကြီးအဖြစ် ကျောက်ဆည်မဲဆန္ဒနယ် အမှတ် (၁) မှ ကိုယ်စားလှယ်အား မန်းတိုင်းဝန်ကြီးချုပ်က အဆိုပြု

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ကျောက်ဆည်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည် ကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ဒီကနေ့ကျင်းပတဲ့ လွှတ်တော်အထူးအစည်းအဝေးမှာ အဆိုပြု တင်သွင်းလိုက်ပါတယ်။

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၉) ပထမနေ့ အစီအစဉ်မှာ ဝန်ကြီးချုပ်က အဆိုတင်သွင်းလိုက်တာပါ။

"ကျွန်တော်တို့ ဒီဝန်ကြီးဌာန တိုးလိုက်တာက နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်တွေကို အပြည့်အဝရအောင် ဖန်တီးပေးနိုင်ဖို့ပါ၊ မှတ်ပုံတင်မရသေးတဲ့လူတွေ၊ မှတ်ပုံတင်လုပ်ရတာ အခက်အခဲဖြစ်တယ်လို့ ပြောနေကြသူတွေအတွက် စနစ်တကျနဲ့ ဆောင်ရွက်ပေးဖို့အတွက်လည်းပါပါတယ်၊ နောက်တစ်ခုက ရွှေ့ပြောင်းလုပ်သား ကိစ္စတွေပါ၊ ရွှေ့ပြောင်းလုပ်သားတွေ နိုင်ငံသားရပိုင်ခွင့်အတွက် ဒီဌာနတစ်ခု ပီပီပြင်ပြင် ပေါ်လာစေချင်တယ်လေ၊ အလုပ်အကိုင် ဖန်တီးရေးတွေကိုပါ ဆောင်ရွက်ပေးသွားနိုင်တော့မှာပါ" လို့ ဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းရတာနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောပါတယ်။

အဆိုပါဝန်ကြီးနေရာအသစ်အတွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေထဲကမှ ကျောက်ဆည်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ဦးအောင် ကြည်၊ မိုးကုတ်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဦးစောသောင်းတင် နဲ့ ဝမ်းတွင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဦးအောင်သူ တို့ ၃ ဦးကို ဦးစားပေးအဆင့်အဖြစ်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဆီ တင်ပြခဲ့တာဖြစ်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့က ဦးအောင်ကြည် ကို ခန့်အပ်ဖို့ ရွေးချယ်ပေးခဲ့တာကြောင့် ဒီကနေ့ လွှတ်တော်မှာ ဝန်ကြီးချုပ်က အဆိုပြု တင်သွင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဝန်ကြီးအဖြစ် အဆိုပြုခံရတဲ့ ဦးအောင်ကြည် က တိုင်းဒေသကြီးလွှတ်တော်မှာ ဒေသန္တရစီမံကိန်း၊ အရအသုံး ငွေစာရင်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီရဲ့ ဥက္ကဋ္ဌတစ်ယောက်လည်း ဖြစ်ပါတယ်။ဒုတိယအကြိမ် လွှတ်တော်သက်တမ်း ၃ နှစ်ကျော် ကာလအတွင်းမှာ ကြယ်ပွင့်ပြမေးခွန်းနဲ့ အဆိုတွေတင်သွင်းခဲ့တာ မရှိပေမယ့်လည်း ကြယ်ပွင့်မပြမေးခွန်း ၂၆ ခု မေးမြန်းထားပြီး ဖြစ်တယ်လို့ လွှတ်တော်မှတ်တမ်းက ဖော်ပြထားပါတယ်။

မနက်ဖြန် ဆက်လက်ကျင်းပမယ့် ဒုတိယနေ့ အစီအစဉ်မှာ အတည်ပြုခန့်အပ်သွားမှာပါ တရားလွှတ်တော် တရားသူကြီးတစ်ဦး အဆိုပြုထားတာကိုလည်း မနက်ဖြန်မှာပဲ အတည်ပြုခန့်သွားဖို့ ရှိပါတယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

နိုင်ငံတော်သမ္မတက အဆိုပြုထားတဲ့ မန္တလေးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနအသစ် တိုးချဲ့ဖွဲ့စည်းရေးကို ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်က ကျင်းပခဲ့တဲ့ မန္တလေးတိုင်းဒေသကြီး လွှွတ်တော်အစည်းအဝေးက အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

KT
မန္တလေး၊ ဇူလိုင် - ၁၁

( Zawgyi )

မႏၲေလးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ဝင္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ ဝန္ႀကီးဌာန ဝန္ႀကီးအျဖစ္ ေက်ာက္ဆည္ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၁) မွ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ၾကည္ ကို မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ က ဒီကေန႔က်င္းပတဲ့ လႊတ္ေတာ္အထူးအစည္းအေဝးမွာ အဆိုျပဳ တင္သြင္းလိုက္ပါတယ္။

ဒုတိယအႀကိမ္ မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္ အထူးအစည္းအေဝး (၁/၂၀၁၉) ပထမေန႔ အစီအစဥ္မွာ ဝန္ႀကီးခ်ဳပ္က အဆိုတင္သြင္းလိုက္တာပါ။

"ကြၽန္ေတာ္တို႔ ဒီဝန္ႀကီးဌာန တိုးလိုက္တာက ႏိုင္ငံသားတစ္ေယာက္ရဲ႕ ရပိုင္ခြင့္ေတြကို အျပည့္အဝရေအာင္ ဖန္တီးေပးႏိုင္ဖို႔ပါ၊ မွတ္ပုံတင္မရေသးတဲ့လူေတြ၊ မွတ္ပုံတင္လုပ္ရတာ အခက္အခဲျဖစ္တယ္လို႔ ေျပာေနၾကသူေတြအတြက္ စနစ္တက်နဲ႔ ေဆာင္႐ြက္ေပးဖို႔အတြက္လည္းပါပါတယ္၊ ေနာက္တစ္ခုက ေ႐ႊ႕ေျပာင္းလုပ္သား ကိစၥေတြပါ၊ ေ႐ႊ႕ေျပာင္းလုပ္သားေတြ ႏိုင္ငံသားရပိုင္ခြင့္အတြက္ ဒီဌာနတစ္ခု ပီပီျပင္ျပင္ ေပၚလာေစခ်င္တယ္ေလ၊ အလုပ္အကိုင္ ဖန္တီးေရးေတြကိုပါ ေဆာင္႐ြက္ေပးသြားႏိုင္ေတာ့မွာပါ" လို႔ ဝန္ႀကီးဌာန တိုးခ်ဲ႕ဖြဲ႕စည္းရတာနဲ႔ ပတ္သက္လို႔ ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ က ေျပာပါတယ္။

အဆိုပါဝန္ႀကီးေနရာအသစ္အတြက္ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ေတြထဲကမွ ေက်ာက္ဆည္ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၁) မွ ဦးေအာင္ ၾကည္၊ မိုးကုတ္ၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၂) မွ ဦးေစာေသာင္းတင္ နဲ႔ ဝမ္းတြင္းၿမိဳ႕နယ္ မဲဆႏၵနယ္ အမွတ္ (၂) မွ ဦးေအာင္သူ တို႔ ၃ ဦးကို ဦးစားေပးအဆင့္အျဖစ္နဲ႔ ျပည္ေထာင္စုအစိုးရအဖြဲ႕ဆီ တင္ျပခဲ့တာျဖစ္ၿပီး ျပည္ေထာင္စုအစိုးရအဖြဲ႕က ဦးေအာင္ၾကည္ ကို ခန႔္အပ္ဖို႔ ေ႐ြးခ်ယ္ေပးခဲ့တာေၾကာင့္ ဒီကေန႔ လႊတ္ေတာ္မွာ ဝန္ႀကီးခ်ဳပ္က အဆိုျပဳ တင္သြင္းခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

ဝန္ႀကီးအျဖစ္ အဆိုျပဳခံရတဲ့ ဦးေအာင္ၾကည္ က တိုင္းေဒသႀကီးလႊတ္ေတာ္မွာ ေဒသႏၲရစီမံကိန္း၊ အရအသုံး ေငြစာရင္းႏွင့္ ဘ႑ာေရးဆိုင္ရာေကာ္မတီရဲ႕ ဥကၠ႒တစ္ေယာက္လည္း ျဖစ္ပါတယ္။ဒုတိယအႀကိမ္ လႊတ္ေတာ္သက္တမ္း ၃ ႏွစ္ေက်ာ္ ကာလအတြင္းမွာ ၾကယ္ပြင့္ျပေမးခြန္းနဲ႔ အဆိုေတြတင္သြင္းခဲ့တာ မရွိေပမယ့္လည္း ၾကယ္ပြင့္မျပေမးခြန္း ၂၆ ခု ေမးျမန္းထားၿပီး ျဖစ္တယ္လို႔ လႊတ္ေတာ္မွတ္တမ္းက ေဖာ္ျပထားပါတယ္။

မနက္ျဖန္ ဆက္လက္က်င္းပမယ့္ ဒုတိယေန႔ အစီအစဥ္မွာ အတည္ျပဳခန႔္အပ္သြားမွာပါ တရားလႊတ္ေတာ္ တရားသူႀကီးတစ္ဦး အဆိုျပဳထားတာကိုလည္း မနက္ျဖန္မွာပဲ အတည္ျပဳခန႔္သြားဖို႔ ရွိပါတယ္လို႔ ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

ႏိုင္ငံေတာ္သမၼတက အဆိုျပဳထားတဲ့ မႏၲေလးတိုင္းေဒသႀကီး လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ ဝန္ႀကီးဌာနအသစ္ တိုးခ်ဲ႕ဖြဲ႕စည္းေရးကို ၿပီးခဲ့တဲ့ ဇြန္လ ၂၁ ရက္က က်င္းပခဲ့တဲ့ မႏၲေလးတိုင္းေဒသႀကီး လႊြတ္ေတာ္အစည္းအေဝးက အတည္ျပဳခဲ့တာ ျဖစ္ပါတယ္။

KT
မႏၲေလး၊ ဇူလိုင္ - ၁၁