မန္တလေးမြို့တွင် မြစ်ရေဆက်တက်၊ မြစ်ကမ်းတစ်လျှောက် အဆောက်အဦးများရေဝင်နစ်မြုပ်

မန္တလေးမြို့တွင် မြစ်ရေဆက်တက်၊ မြစ်ကမ်းတစ်လျှောက် အဆောက်အဦးများရေဝင်နစ်မြုပ်

မနေ့ကမွန်းလွဲပိုင်းအချိန်တွေကစလို့ မြို့ရဲ့စိုးရိမ်ရေမှတ်အထက်ကျော်လွန်လာပြီဖြစ်တဲ့ မန္တလေးမြို့ ရဲ့ဧရာဝတီမြစ်ရေဟာ ဒီကနေ့မွန်းလွဲပိုင်းမှာလည်း ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး မြို့အနောက် ဖက်မြစ်ကမ်းနားအနိမ့်ပိုင်းအဆောက်အဦးတွေ ရေမြုပ်တဲ့အခြေအနေအထိဖြစ်နေပါတယ်။

မန္တလေးမြို့ရဲ့ ဧရာဝတီမြစ်ရေဟာ ဒီကနေ့မွန်းလွဲ ၂ နာရီ ၃၀ မိနစ် အချိန်တိုင်းထွာချက်အရ ၁၂၇၆ စင်တီမီတာအထိရောက်ရှိနေပြီး ဒါဟာ မြို့ရဲ့ စိုးရိမ်ရေမှတ် ၁၂၆၀ စင်တီမီတာကို ကျော်လွန်နေတာဖြစ် ပါတယ်။

မန္တလေး ပုသိမ်ကြီးမြို့နယ်အတွင်းက ကြံခင်းကျေးရွာ၊ လှိုင်းပေါက်ကျေးရွာ၊ ပေါက်မြိုင်ကျေးရွာ တို့မှာ လည်း မြစ်ရေတိုးမှုကြောင့် နေအိမ်တော်တော်များများ ရေမြုပ်ခံနေရတဲ့ အခြေအနေဖြစ်နေ တယ်လို့ သိရပါတယ်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကတော့ မြစ်ရေကြီးမှုအခြေအနေမှာ အရေးပေါ် အသုံးပြုဖို့ အတွက် သဲအိတ်သုံးသာင်းကျော်နဲ့ စည်ပင်သာယာဝန်ထမ်းတွေ အရန်သင့်ပြင်ဆင်ထား ရှိထားတယ်လို့သတင်းထုတ်ပြန်ထားပြီး လိုအပ်တဲ့ ပြင်ဆင်မှုတွေဆောင်ရွက်ထားတယ်လို့လည်း မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်ကပြောပါတယ်။

ဧရာဝတီမြစ်ရေဟာ စစ်ကိုင်းမြို့မှာလည်း မြို့ရဲ့ စိုးရိမ်ရေအမှတ်ကိုကျော်လွန်နေပြီး အနိမ့်ပိုင်း ရပ်ကွက်တွေ နဲ့ကျေးရွာတစ်ချို့တို့မှာ ရေဝင်နစ်မြုပ်မှုတွေဖြစ်နေတယ်လို့သိရပါတယ်။

KT           
မန္တလေး ၊ ဇူလိုင် ၂၀

(  Zawgyi  )

 မေန႔ကမြန္းလြဲပိုင္းအခ်ိန္ေတြကစလို႔ ၿမိဳ႕ရဲ႕စိုးရိမ္ေရမွတ္အထက္ေက်ာ္လြန္လာၿပီျဖစ္တဲ့ မႏၲေလးၿမိဳ႕ ရဲ႕ဧရာဝတီျမစ္ေရဟာ ဒီကေန႔မြန္းလြဲပိုင္းမွာလည္း ဆက္လက္ျမင့္တက္ေနဆဲျဖစ္ၿပီး ၿမိဳ႕အေနာက္ ဖက္ျမစ္ကမ္းနားအနိမ့္ပိုင္းအေဆာက္အဦးေတြ ေရျမဳပ္တဲ့အေျခအေနအထိျဖစ္ေနပါတယ္။

မႏၲေလးၿမိဳ႕ရဲ႕ ဧရာဝတီျမစ္ေရဟာ ဒီကေန႔မြန္းလြဲ ၂ နာရီ ၃၀ မိနစ္ အခ်ိန္တိုင္းထြာခ်က္အရ ၁၂၇၆ စင္တီမီတာအထိေရာက္ရွိေနၿပီး ဒါဟာ ၿမိဳ႕ရဲ႕ စိုးရိမ္ေရမွတ္ ၁၂၆၀ စင္တီမီတာကို ေက်ာ္လြန္ေနတာျဖစ္ ပါတယ္။

မႏၲေလး ပုသိမ္ႀကီးၿမိဳ႕နယ္အတြင္းက ႀကံခင္းေက်း႐ြာ၊ လႈိင္းေပါက္ေက်း႐ြာ၊ ေပါက္ၿမိဳင္ေက်း႐ြာ တို႔မွာ လည္း ျမစ္ေရတိုးမႈေၾကာင့္ ေနအိမ္ေတာ္ေတာ္မ်ားမ်ား ေရျမဳပ္ခံေနရတဲ့ အေျခအေနျဖစ္ေန တယ္လို႔ သိရပါတယ္။

မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီကေတာ့ ျမစ္ေရႀကီးမႈအေျခအေနမွာ အေရးေပၚ အသုံးျပဳဖို႔ အတြက္ သဲအိတ္သုံးသာင္းေက်ာ္နဲ႔ စည္ပင္သာယာဝန္ထမ္းေတြ အရန္သင့္ျပင္ဆင္ထား ရွိထားတယ္လို႔သတင္းထုတ္ျပန္ထားၿပီး လိုအပ္တဲ့ ျပင္ဆင္မႈေတြေဆာင္႐ြက္ထားတယ္လို႔လည္း မႏၲေလးၿမိဳ႕ေတာ္ဝန္ေဒါက္တာရဲလြင္ကေျပာပါတယ္။

ဧရာဝတီျမစ္ေရဟာ စစ္ကိုင္းၿမိဳ႕မွာလည္း ၿမိဳ႕ရဲ႕ စိုးရိမ္ေရအမွတ္ကိုေက်ာ္လြန္ေနၿပီး အနိမ့္ပိုင္း ရပ္ကြက္ေတြ နဲ႔ေက်း႐ြာတစ္ခ်ိဳ႕တို႔မွာ ေရဝင္နစ္ျမဳပ္မႈေတြျဖစ္ေနတယ္လို႔သိရပါတယ္။

KT           
မႏၲေလး ၊ ဇူလိုင္ ၂၀