မန္တလေးတွင်လည်း ၇၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပ

မန္တလေးတွင်လည်း ၇၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပ

ဒီကနေ့မှာ ကျရောက်တဲ့ ၇၂ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို မန္တလေးမြို့မှာလည်း အများပြည်သူပါဝင်တဲ့ ဂုဏ်ပြုအခမ်းအနားအဖြစ် ကျင်းပခဲ့ပါတယ်။

မန္တလေးမြို့ မန္တလာသီရိအားကစားကွင်းအတွင်း ကျင်းပခဲ့တာပဲဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ရဲ့ လမ်းညွှန်မှုနဲ့ ကျင်းပခဲ့တာပါ။

အခမ်းအနားကို အာဇာနည်ကြီးတွေကို ဂုဏ်ပြုအလေးပြုခြင်း၊ ဝမ်းနည်းခြင်းအထိမ်းအမှတ် ငြိမ်သက်ခြင်း၊ လွမ်းသူ့ပန်းခွေပန်းခြင်းချ အလေးပြုခြင်းတွေနဲ့ ကျင်းပခဲ့တာဖြစ်ပြီး အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းတွေအပြင် ပါတီနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ အခြေခံပညာကျောင်းတွေနဲ့ ပုဂ္ဂလိကိုယ်ပိုင်ကျောင်းတွေ တက်ရောက်ဂါရဝပြု ဂုဏ်ပြုအလေးပြုခဲ့ကြပါတယ်။

KT
မန္တလေး၊ ဇူလိုင် - ၁၉

( Zawgyi )




KT
မန္တလေး၊ ဇူလိုင် - ၁၉