ဘေးအန္တရာယ်အကြောင်း အသိပညာပေးမှုကို နိုင်ငံတစ်ဝှမ်း အခြေခံပညာကျောင်းများတွင် ပြုလုပ်သွားမည်

ဘေးအန္တရာယ်အကြောင်း အသိပညာပေးမှုကို နိုင်ငံတစ်ဝှမ်း အခြေခံပညာကျောင်းများတွင် ပြုလုပ်သွားမည်

ဒေသအလိုက် ဖြစ်ပွားကြုံတွေ့နေရတဲ့ ရေလွှမ်းမိုးခြင်း၊ ငလျင်လှုပ်ခတ်ခြင်း၊ မြေပြိုခြင်း၊ လေမုန်တိုင်းတိုက်ခတ်ခြင်းနဲ့ မီးလောင်မှုဖြစ်ပွားခြင်း စတဲ့ ဘေးအန္တရာယ်ကျရောက်မှုြ ဖြစ်စဉ်တွေအတွက် မှတ်သားဖွယ်ရာ အသိပညာပေးမှုများကို နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ အခြေခံပညာကျောင်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့်  လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရပါတယ်။

အခုလို အခြေခံပညာကျောင်းတွေမှာ အသိပညာပေး ဆွေးနွေးမှုကို မီးသတ်ဦးစီးဌာနရဲ့ စီစဉ်ဆောင်ရွက်မှုနဲ့ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် စက်တင်ဘာလ ၁၃ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး စိတ်ပါဝင်စားဖွယ် အသိပညာပေး ဂိမ်းကစားနည်း (၁ဝ) မျိုးမှာ ကျောင်းသားလူငယ်တွေ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတာ တွေ့ရပါတယ်။

ကျောင်းသား၊ ကျောင်းသူ ဦးရေ ၂၆ဝ တက်ရောက်ခဲ့တဲ့ အဲ့ဒီပညာပေးဆွေးနွေးပွဲ အစီအစဉ်မှာ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးနဲ့ မြောက်ပိုင်းခရိုင်မီးသတ်ဦးစီးမှူးရုံးတို့မှ မီးသတ်တပ်ဖွဲ့ဝင်အင်အား ဦးရေ ၃ဝ တို့က ဟောပြောဆွေးနွေးခြင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်ပါက ရှင်သန်လွတ်မြောက်နိုင်ရေး၊ အသိပညာပေး ဂိမ်းကစားနည်းများကို သရုပ်ပြသခြင်းတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

 

အခုလို ကျောင်းသား၊ ကျောင်းသူတွေအတွက် ဘေးအန္တရာယ် အသိပညာပေး အစီအစဉ်ကို ဂျပန်၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်နဲ့ နီပေါ အစရှိတဲ့ နိုင်ငံတွေမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေကြပြီး မြန်မာနိုင်ငံမှာတော့ မီးသတ်ဦးစီးဌာရဲ့ စီစဉ်ဆောင်ရွက်မှုနဲ့ အခြေခံပညာကျောင်းတွေမှာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။

ရဲနိုင်(လောက်ကိုင်)
ရန်ကုန်၊ စက်တင်ဘာ - ၁၄
ဓာတ်ပုံ - မီးသတ်ဦးစီးဌာန

( Zawgyi )

ေဒသအလိုက္ ျဖစ္ပြားႀကဳံေတြ႕ေနရတဲ့ ေရလႊမ္းမိုးျခင္း၊ ငလ်င္လႈပ္ခတ္ျခင္း၊ ေျမၿပိဳျခင္း၊ ေလမုန္တိုင္းတိုက္ခတ္ျခင္းနဲ႔ မီးေလာင္မႈျဖစ္ပြားျခင္း စတဲ့ ေဘးအႏၲရာယ္က်ေရာက္မႈျ ျဖစ္စဥ္ေတြအတြက္ မွတ္သားဖြယ္ရာ အသိပညာေပးမႈမ်ားကို ႏိုင္ငံတစ္ဝွမ္းမွာရွိတဲ့ အေျခခံပညာေက်ာင္းေတြမွာ က်ယ္က်ယ္ျပန႔္ျပန႔္  လုပ္ေဆာင္သြားမယ္လို႔ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕မွ သိရပါတယ္။

အခုလို အေျခခံပညာေက်ာင္းေတြမွာ အသိပညာေပး ေဆြးေႏြးမႈကို မီးသတ္ဦးစီးဌာနရဲ႕ စီစဥ္ေဆာင္႐ြက္မႈနဲ႔ ျမန္မာႏိုင္ငံမွာ ပထမဆုံးအႀကိမ္အျဖစ္ စက္တင္ဘာလ ၁၃ ရက္ေန႔က ျပဳလုပ္ခဲ့ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး၊ အင္းစိန္ၿမိဳ႕နယ္၊ အမွတ္ (၁) အေျခခံပညာ အထက္တန္းေက်ာင္းမွာ ျပဳလုပ္ခဲ့တာျဖစ္ၿပီး စိတ္ပါဝင္စားဖြယ္ အသိပညာေပး ဂိမ္းကစားနည္း (၁ဝ) မ်ိဳးမွာ ေက်ာင္းသားလူငယ္ေတြ ေပ်ာ္႐ႊင္စြာ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၾကတာ ေတြ႕ရပါတယ္။

ေက်ာင္းသား၊ ေက်ာင္းသူ ဦးေရ ၂၆ဝ တက္ေရာက္ခဲ့တဲ့ အဲ့ဒီပညာေပးေဆြးေႏြးပြဲ အစီအစဥ္မွာ ရန္ကုန္တိုင္းေဒသႀကီး မီးသတ္ဦးစီးမႉး႐ုံးနဲ႔ ေျမာက္ပိုင္းခ႐ိုင္မီးသတ္ဦးစီးမႉး႐ုံးတို႔မွ မီးသတ္တပ္ဖြဲ႕ဝင္အင္အား ဦးေရ ၃ဝ တို႔က ေဟာေျပာေဆြးေႏြးျခင္း၊ သဘာဝေဘးအႏၲရာယ္က်ေရာက္ပါက ရွင္သန္လြတ္ေျမာက္ႏိုင္ေရး၊ အသိပညာေပး ဂိမ္းကစားနည္းမ်ားကို သ႐ုပ္ျပသျခင္းေတြ လုပ္ေဆာင္ခဲ့ၾကပါတယ္။

အခုလို ေက်ာင္းသား၊ ေက်ာင္းသူေတြအတြက္ ေဘးအႏၲရာယ္ အသိပညာေပး အစီအစဥ္ကို ဂ်ပန္၊ အင္ဒိုနီးရွား၊ ထိုင္း၊ ဖိလစ္ပိုင္နဲ႔ နီေပါ အစရွိတဲ့ ႏိုင္ငံေတြမွာ က်ယ္က်ယ္ျပန႔္ျပန႔္ လုပ္ေဆာင္ေနၾကၿပီး ျမန္မာႏိုင္ငံမွာေတာ့ မီးသတ္ဦးစီးဌာရဲ႕ စီစဥ္ေဆာင္႐ြက္မႈနဲ႔ အေျခခံပညာေက်ာင္းေတြမွာ ပထမဆုံးအႀကိမ္ က်င္းပျပဳလုပ္တာ ျဖစ္တယ္လို႔ သိရပါတယ္။

ရဲႏိုင္(ေလာက္ကိုင္)
ရန္ကုန္၊ စက္တင္ဘာ - ၁၄
ဓာတ္ပုံ - မီးသတ္ဦးစီးဌာန