ဗန်းမော်၊ ရွှေကူ၊ ကသာ၊ ခန္တီးမြို့များ တွင် မြစ်ရေများ စိုးရိမ်ရေအမှတ်အထက်ရောက်ရှိ

ဗန်းမော်၊ ရွှေကူ၊ ကသာ၊ ခန္တီးမြို့များ တွင် မြစ်ရေများ စိုးရိမ်ရေအမှတ်အထက်ရောက်ရှိ

ဗန်းမော်၊ ရွှေကူ၊ ကသာ၊ ခန္တီးမြို့များတွင် ဧရာဝတီ နှင့် ချင်းတွင်း မြစ်ရေများ စိုးရိမ်ရေအမှတ်အထက် ရောက်ရှိနေတယ်လို့ မိုး/ဇလ မှ ယနေ့ ဇူလိုင်လ ၁၅ ရက် မွန်းလွဲ ၂ နာရီ အချိန်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ယနေ့ ဇူလိုင် လ ၁၅ ရက် မွန်းလွဲ ၁ နာရီခွဲ အချိန်တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ဗန်းမော်မြို့တွင် (၂)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ရောက်ရှိနေပြီး နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် အောက်သို့ ပြန်လည်ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။

ဧရာဝတီမြစ်ရေသည် ရွှေကူမြို့တွင် (၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိ ရေမှတ်မှ နောက်(၁)ရက်အတွင်း ပေဝက်ခန့် ဆက်လက်မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဧရာဝတီမြစ်ရေသည် ကသာမြို့တွင် (၁)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိ ရေမှတ်မှ နောက်(၂)ရက်အတွင်း (၁)ပေခန့် ဆက်လက်မြင့်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်တယ်လို့ ဆိုပါတယ်။

ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် (၂)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက် (၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါ တယ်။

မြစ်ရေကြီးမြင့်မှုဖြစ်ပေါ်နေသည့် အဆိုပါဒေသများရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများ အထူးသတိပြု နေထိုင်ကြရန် အကြံပြုချက် ထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဇူလိုင် ၁၅

(  Zawgyi  )

 ဗန္းေမာ္၊ ေ႐ႊကူ၊ ကသာ၊ ခႏၲီးၿမိဳ႕မ်ားတြင္ ဧရာဝတီ ႏွင့္ ခ်င္းတြင္း ျမစ္ေရမ်ား စိုးရိမ္ေရအမွတ္အထက္ ေရာက္ရွိေနတယ္လို႔ မိုး/ဇလ မွ ယေန႔ ဇူလိုင္လ ၁၅ ရက္ မြန္းလြဲ ၂ နာရီ အခ်ိန္မွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ယေန႔ ဇူလိုင္ လ ၁၅ ရက္ မြန္းလြဲ ၁ နာရီခြဲ အခ်ိန္တိုင္းထြာခ်က္အရ ဧရာဝတီျမစ္ေရသည္ ဗန္းေမာ္ၿမိဳ႕တြင္ (၂)ေပခန႔္ ယင္းၿမိဳ႕၏ စိုးရိမ္ေရမွတ္ အထက္သို႔ ေရာက္ရွိေနၿပီး ေနာက္(၂)ရက္အတြင္း ယင္းၿမိဳ႕၏ စိုးရိမ္ေရမွတ္ ေအာက္သို႔ ျပန္လည္က်ဆင္းႏိုင္တယ္လို႔ ဆိုပါတယ္။

ဧရာဝတီျမစ္ေရသည္ ေ႐ႊကူၿမိဳ႕တြင္ (၁)ေပခြဲခန႔္ ယင္းၿမိဳ႕၏ စိုးရိမ္ေရမွတ္အထက္သို႔ ေက်ာ္လြန္ေနၿပီး လက္ရွိ ေရမွတ္မွ ေနာက္(၁)ရက္အတြင္း ေပဝက္ခန႔္ ဆက္လက္ျမင့္တက္လာႏိုင္ကာ ယင္းၿမိဳ႕၏ စိုးရိမ္ေရမွတ္အထက္ ဆက္လက္တည္ရွိႏိုင္တယ္လို႔ ဆိုပါတယ္။

ဧရာဝတီျမစ္ေရသည္ ကသာၿမိဳ႕တြင္ (၁)ေပခန႔္ ယင္းၿမိဳ႕၏ စိုးရိမ္ေရမွတ္အထက္သို႔ ေက်ာ္လြန္ေနၿပီး လက္ရွိ ေရမွတ္မွ ေနာက္(၂)ရက္အတြင္း (၁)ေပခန႔္ ဆက္လက္ျမင့္တက္လာႏိုင္ကာ ယင္းၿမိဳ႕၏ စိုးရိမ္ေရမွတ္အထက္ ဆက္လက္တည္ရွိႏိုင္တယ္လို႔ ဆိုပါတယ္။

ခ်င္းတြင္းျမစ္ေရသည္ ခႏၲီးၿမိဳ႕တြင္ (၂)ေပခြဲခန႔္ ယင္းၿမိဳ႕၏ စိုးရိမ္ေရမွတ္အထက္သို႔ ေက်ာ္လြန္ေနၿပီး ေနာက္ (၂)ရက္အတြင္း ယင္းၿမိဳ႕၏ စိုးရိမ္ေရမွတ္အထက္ ဆက္လက္တည္ရွိႏိုင္တယ္လို႔ သတင္းထုတ္ျပန္ထားပါ တယ္။

ျမစ္ေရႀကီးျမင့္မႈျဖစ္ေပၚေနသည့္ အဆိုပါေဒသမ်ားရွိ ျမစ္ကမ္းအနီးႏွင့္ေျမနိမ့္ပိုင္း ေနထိုင္သူမ်ား အထူးသတိျပဳ ေနထိုင္ၾကရန္ အႀကံျပဳခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ဇူလိုင္ ၁၅