ဖွဲ့စည်းပုံအခြေခံဥပဒေ(ပြင်ဆင်ပြီး)အစီရင်ခံစာအားထောက်ခံဆန္ဒထုတ်ဖော်ပွဲ စစ်ကိုင်းတွင်ပြုလုပ်

ဖွဲ့စည်းပုံအခြေခံဥပဒေ(ပြင်ဆင်ပြီး)အစီရင်ခံစာအားထောက်ခံဆန္ဒထုတ်ဖော်ပွဲ စစ်ကိုင်းတွင်ပြုလုပ်

ပြည်ထောင်စုလွှတ်တော်ပူးပေါင်းကော်မတီရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ(ပြင်ဆင်ပြီး)အစီရင်ခံစာအား ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပွဲ တစ်ရပ် ဒီကနေ့မနက်ပိုင်းက စစ်ကိုင်းမြို့မှာပြုလုပ်ခဲ့ပါတယ်။ စစ်ကိုင်းမြို့ကနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေဦးဆောင်မှုနဲ့ မနက် ၉ နာရီကနေ ၁၂ နာရီအထိ စစ်ကိုင်းမြို့ရဲ့လမ်းမကြီးတွေပေါ်မှာ လူအင်အားငါးထောင်ခန့်နဲ့ စီတန်းလမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

"ဒါကပြင်သင့်တာကြာပါပြီ ပြည်သူကပြင်ဖို့ဆန္ဒရှိတယ်ဆိုတာကို အခုလိုနဲ့ထုတ်ဖော်အသိပေးကြတာပါ လူအင်အားနဲ့အခုလို မြို့တွေမှာ ဆန ္ဒထုတ်ဖော်ပြီးထောက်ခံတဲ့အတွက် တကယ်အလုပ်လုပ်နေသူတွေအတွက်လည်း အားပေးကူညိရာရောက်တာပေါ့ဗျာ" လို့ ဒီကနေ့ ဆန္ဒ ထုတ်ဖော် ပွဲပြုလုပ်ရတာနဲ့ပတ်သက်လို့ ဆန္ဒထုတ်ဖော်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဋ္ဌေးမင်းကပြောပါတယ်။

စစ်ကိုင်းမြို့သူမြို့သားစုစည်းမှုနဲ့ဆန္ဒထုတ်ဖော်ခဲ့တာလည်းဖြစ်ပြီး စီတန်းလမ်းလျှောက်ကြသူ ၄၅၀၀ ခန့်၊ ကားအစီး ၇၀ ၊မော်တော် ဆိုင်ကယ် အစီးရေ ၁၅၀ ခန့်အပါအဝင်လူအင်အားငါးထောင်ခန့် ပါဝင်ခဲ့ကြ တယ်လို့သိရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကို ပြည်ထောင်စု လွှတ်တော်ရဲ့ဆုံးဖြတ်ချက်နဲ့ ၄၅ ဦးပါပူးပေါင်းကော်မတီက ဇူလိုင်လ ၁၅ ရက်နေ့ကပြည်ထောင်စု လွှတ်တော်ဆီတင် သွင်းခဲ့ပြီးဖြစ် ပါတယ်။

ဒီအခြေခံဥပဒေပြင်ဆင်ပြီးအစီရင်ခံစာအား ပူးပေါင်းကော်မတီကတင်သွင်းတာအပေါ် စစ်ကိုင်းမြို့ကလည်းထောက်ခံ သူတွေ ရှိကြောင်းပြသ လိုတာကြောင့် ဒီကနေ့ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ရတာဖြစ်တယ်လို့လည်း ၎င်းကပြောပါတယ်။ ဆန္ဒထုတ်ဖော်ပွဲကို မနက် ၉နာရီအချိန်ကစလို့ မန္တလေး မုံရွာ ရွှေဘိုလမ်းမကြီးရှိ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအနီးစုရပ်ပြုလုပ်ကာ ချင်းစုလမ်းအတိုင်း ချင်စုမီးပွီုင့်အထိ၊ အဲဒီကမှမြို့မဈေးကြီး လမ်းအတိုင်းမီးပွိုင့်လမ်းဆုံအထိ၊ အဲဒိကတစ်ဆင့် ဈေးအရှေ့ဘက်လမ်းမကြီးကနေ ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံရှေ့စု ရပ်နေရာ အရောက် မှာပြီးဆုံးခဲ့ပါတယ်။ ဆန္ဒထုတ်ဖော်ပွဲပါဝင်သူတွေဟာ အခြေခံဥပဒေပြင်ဆင်ပြီးအစီရင်ခံစာအတည်ပြုရေး၊ တိုင်းပြည်ငြိမ်းချမ်းသာယာရေး မူကြမ်းအစစ်ကိုအတည်ပြုပေးရေးစတဲ့ကြွေးကြော်သံတွေနဲ့ဗီနိုင်းတွေကိုင်ဆောင်ပြီး စီတန်းလမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

KT
စစ်ကိုင်း ၊ ဇူလိုင် ၁၇

(  Zawgyi  )

 ျပည္ေထာင္စုလႊတ္ေတာ္ပူးေပါင္းေကာ္မတီရဲ႕ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ(ျပင္ဆင္ၿပီး)အစီရင္ခံစာအား ေထာက္ခံေၾကာင္း ဆႏၵထုတ္ေဖာ္ပြဲ တစ္ရပ္ ဒီကေန႔မနက္ပိုင္းက စစ္ကိုင္းၿမိဳ႕မွာျပဳလုပ္ခဲ့ပါတယ္။ စစ္ကိုင္းၿမိဳ႕ကႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူေတြဦးေဆာင္မႈနဲ႔ မနက္ ၉ နာရီကေန ၁၂ နာရီအထိ စစ္ကိုင္းၿမိဳ႕ရဲ႕လမ္းမႀကီးေတြေပၚမွာ လူအင္အားငါးေထာင္ခန႔္နဲ႔ စီတန္းလမ္းေလွ်ာက္ဆႏၵထုတ္ေဖာ္ခဲ့ၾကတာပါ။

"ဒါကျပင္သင့္တာၾကာပါၿပီ ျပည္သူကျပင္ဖို႔ဆႏၵရွိတယ္ဆိုတာကို အခုလိုနဲ႔ထုတ္ေဖာ္အသိေပးၾကတာပါ လူအင္အားနဲ႔အခုလို ၿမိဳ႕ေတြမွာ ဆန ၵထုတ္ေဖာ္ၿပီးေထာက္ခံတဲ့အတြက္ တကယ္အလုပ္လုပ္ေနသူေတြအတြက္လည္း အားေပးကူညိရာေရာက္တာေပါ့ဗ်ာ" လို႔ ဒီကေန႔ ဆႏၵ ထုတ္ေဖာ္ ပြဲျပဳလုပ္ရတာနဲ႔ပတ္သက္လို႔ ဆႏၵထုတ္ေဖာ္ေရးအဖြဲ႕ဥကၠ႒ ဦးေ႒းမင္းကေျပာပါတယ္။

စစ္ကိုင္းၿမိဳ႕သူၿမိဳ႕သားစုစည္းမႈနဲ႔ဆႏၵထုတ္ေဖာ္ခဲ့တာလည္းျဖစ္ၿပီး စီတန္းလမ္းေလွ်ာက္ၾကသူ ၄၅၀၀ ခန႔္၊ ကားအစီး ၇၀ ၊ေမာ္ေတာ္ ဆိုင္ကယ္ အစီးေရ ၁၅၀ ခန႔္အပါအဝင္လူအင္အားငါးေထာင္ခန႔္ ပါဝင္ခဲ့ၾက တယ္လို႔သိရပါတယ္။ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒေရးဆြဲေရးကို ျပည္ေထာင္စု လႊတ္ေတာ္ရဲ႕ဆုံးျဖတ္ခ်က္နဲ႔ ၄၅ ဦးပါပူးေပါင္းေကာ္မတီက ဇူလိုင္လ ၁၅ ရက္ေန႔ကျပည္ေထာင္စု လႊတ္ေတာ္ဆီတင္ သြင္းခဲ့ၿပီးျဖစ္ ပါတယ္။

ဒီအေျခခံဥပေဒျပင္ဆင္ၿပီးအစီရင္ခံစာအား ပူးေပါင္းေကာ္မတီကတင္သြင္းတာအေပၚ စစ္ကိုင္းၿမိဳ႕ကလည္းေထာက္ခံ သူေတြ ရွိေၾကာင္းျပသ လိုတာေၾကာင့္ ဒီကေန႔ဆႏၵထုတ္ေဖာ္ပြဲျပဳလုပ္ရတာျဖစ္တယ္လို႔လည္း ၎ကေျပာပါတယ္။ ဆႏၵထုတ္ေဖာ္ပြဲကို မနက္ ၉နာရီအခ်ိန္ကစလို႔ မႏၲေလး မုံ႐ြာ ေ႐ႊဘိုလမ္းမႀကီးရွိ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပန္းၿခံအနီးစုရပ္ျပဳလုပ္ကာ ခ်င္းစုလမ္းအတိုင္း ခ်င္စုမီးပြီဳင့္အထိ၊ အဲဒီကမွၿမိဳ႕မေဈးႀကီး လမ္းအတိုင္းမီးပြိဳင့္လမ္းဆုံအထိ၊ အဲဒိကတစ္ဆင့္ ေဈးအေရွ႕ဘက္လမ္းမႀကီးကေန ဗိုလ္ခ်ဳပ္ေအာင္ဆန္း ပန္းၿခံေရွ႕စု ရပ္ေနရာ အေရာက္ မွာၿပီးဆုံးခဲ့ပါတယ္။ ဆႏၵထုတ္ေဖာ္ပြဲပါဝင္သူေတြဟာ အေျခခံဥပေဒျပင္ဆင္ၿပီးအစီရင္ခံစာအတည္ျပဳေရး၊ တိုင္းျပည္ၿငိမ္းခ်မ္းသာယာေရး မူၾကမ္းအစစ္ကိုအတည္ျပဳေပးေရးစတဲ့ေႂကြးေၾကာ္သံေတြနဲ႔ဗီႏိုင္းေတြကိုင္ေဆာင္ၿပီး စီတန္းလမ္းေလွ်ာက္ဆႏၵထုတ္ေဖာ္ခဲ့ၾကတာပါ။

KT
စစ္ကိုင္း ၊ ဇူလိုင္ ၁၇