ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စရပ်များ ပြည်ခိုင်ဖြိုးပါတီနှင့် သြစတြေးလျသံရုံး ဒု-အတွင်းဝန်တို့ ဆွေးနွေး

ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စရပ်များ ပြည်ခိုင်ဖြိုးပါတီနှင့် သြစတြေးလျသံရုံး ဒု-အတွင်းဝန်တို့ ဆွေးနွေး

ပြည်ထောင်စုကြံံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံး ဒုတိယအတွင်းဝန်တို့ တွေ့ဆုံဆွေးနွေးမှုတွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ အပါအဝင် ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ ပါတီသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ယင်းတွေ့ဆုံမှုကို ဇူလိုင် ၃ ရက်နေ့က နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုပြောရေးဆိုခွင့်ရှိသူ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့် ဦးဆောင်သောအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ သြစတေးလျသံရုံး ဒုတိယအတွင်းဝန် Ms.Lucinda တို့က တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

 

အဆိုပါတွေ့ဆုံမှုတွင် နှစ်နိုင်ငံဆက်ဆံရေး၊ နှစ်နိုင်ငံချစ်ကြည်ရေးနှင့် လာမည့်၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့လည်း ပြည်ခိုင်ဖြိုးပါတီမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပြေသိမ်း
နေပြည်တော်၊ ဇူလိုင် - ၄
ဓာတ်ပုံ - ပြည်ခိုင်ဖြိုးပါတီ

( Zawgyi )

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံး ဒုတိယအတွင်းဝန်တို့ တွေ့ဆုံဆွေးနွေးမှုတွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ အပါအဝင် ဖွဲ့စည်းပုံပြင်ဆင်ရေး ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြတယ်လို့ ပါတီသတင်းထုတ်ပြန်ချက်အရ သိရပါတယ်။



ပြေသိမ်း
နေပြည်တော်၊ ဇူလိုင် - ၎