ဖေဖေါ်ဝါရီလအတွင်း အိန္ဒိယနှင့်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ သန်းတစ်ရာနီးပါးရှိ

ဖေဖေါ်ဝါရီလအတွင်း အိန္ဒိယနှင့်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ သန်းတစ်ရာနီးပါးရှိ

မြန်မာနှင့် အိန္ဒိယကြား ပြီးခဲ့သည့်ဖေဖေါ်ဝါရီလအတွင်းကုန်သွယ်မှုမှာ ကန်ဒေါ်လာ သန်းတစ်ရာ နီးပါး သာရှိခဲ့သဖြင့်  ထိုပမာဏမှာ ပြီးခဲ့သည့် ကာလတို ဘဏ္ဍာနှစ်အတွင်းပျမ်းမျှကုန်သွယ်မှုပမာဏ အောက် လျော့ ကျကာ ကန်ဒေါ်လာ သန်းတစ်ရာအောက် ရောက်ခဲ့ကြောင်း  ကုန်သွယ်ရေး ဦးစီး ဌာနက ထုတ်ပြန်သည့် စာရင်း အချက်အလက်များအရ သိရပါတယ်။

အဆိုပါစာရင်းအချက်အလက်များအရ  ဖေဖေါ်ဝါရီလအတွင်း အိန္ဒိယသို့ မြန်မာနိုင်ငံဘက်မှ ကန်ဒေါ် လာ ၂၉ ဒသမ ၇၅၇  သန်းဖိုး တင်ပို့ခဲ့ကာ မြန်မာဘက်သို့ ကန်ဒေါ်လာ ၆၄ ဒသမ ၇၀၉   သန်း တင်သွင်းခဲ့ကာ နှစ်နိုင်ငံ ကြားကုန်သွယ်မှု ကန်ဒေါ်လာ ၉၄ ဒသမ ၄၆၆ သန်းရှိခဲ့ကြောင်း သိရပါ တယ်။ငါးလတာအတွင်း နှစ် နိုင်ငံကြားစုစုပေါင်းကုန်သွယ်မှု ပမာဏမှာ ကန်ဒေါ်လာ ၆၈၀ ဒသမ ၅၇၁ သန်းရှိခဲ့ကာ ပို့ကုန် ကန်ဒေါ်လာ ၂၉၉ ဒသမ ၃၃၆ သန်းရှိခဲ့ကာ သွင်းကုန် ကန်ဒေါ်လာ ၃၈၁ ဒသမ ၂၃၅ သန်းရှိခဲ့ပါတယ်။

“ အခုထိ ကုန်သွယ်မှုက အခြေအနေမကောင်းဘူး။ အခုက ဟိုဘက်ကို ပို့တာ မျောက်ငိုသီးလို ရာသီ ကုန်တွေ၊ပရဆေးတွေဘဲ အဓိကတင်နေရတယ်။ နောက်တိုက်ပွဲတွေက ဟိုဘက်မှာဆိုတော့ ကုန်သွယ်ရေးက မကောင်းဘူး။ အားလုံးက အခြေ အနေကြည့်ပြီး လုပ်နေရတာ။ ရန်ကုန်က တက်လာမယ့် ကုန်ကလည်း လမ်းမကောင်းလို့ အရင်လို့မဝင်ဘူး။ ဆန်၊ ပဲအပြင်တခြားပရဆေးတွေ ဒီအချိန်မှာ အရောင်းအဝယ်ကောင်းတဲ့ အချိန်။ဒီအချိန်မှာ ဒီလိုဖြစ်နေတာ ကုန်သွယ်ရေးထိတာ မကောင်းဘူး။ အိန္ဒိယလို့ ကြီးမားတဲ့ ဈေးကွက်ကို အရမယူနိုင်သေးတာ တော်တော်လေးလိုအပ်ချက် ဒီဘက်မှာရှိနေလို့ပဲ “လို့ တမူးအခြေစိုက် ကုန်သည်တစ်ဦးကဆိုပါတယ်။

ပြီးခဲ့သည့် ၅ နှစ်တာကာလအတွင်း အိန္ဒိယ-မြန်မာကြား ကုန်သွယ်မှုမှာ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်  တွင် အမေရိကန်ဒေါ်လာ၁၆၃၆ဒသမ၉၃၁သန်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ၁၃၄၀ဒသမ ၅၈၁သန်း၊ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ၁၇၁၁ဒသမ ၅၁၈သန်း၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ၁၉၄၃ဒသမ ၁၆၄သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ၁၄၆၈ဒသမ၁၉၅သန်း၊ ၂၀၁၈ ကာလတိုဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၈၀၀ ဒသမ ၄၃၇ သန်း အသီးသီးကုန်သွယ်ခဲ့ကြောင်းသိရပါတယ်။

အဆိုပါထုတ်ပြန်သည့်စာရင်းအချက်အလက်များအရ မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများကြား ကုန်သွယ် မှုတွင် အိန္ဒိယမှာ လာအို၊ဘင်္ဂလားဒေ့ရှ်နိုင်ငံများပြီးလျှင် တတိယမြောက်အနည်းဆုံးကုန်သွယ်သည့် နိုင်ငံဖြစ်ကြောင်း သိရပါတယ်။

PWA
Photo Credit:တမူး fb
ရန်ကုန်၊ဧပြီ ၂၁ 

(  Zawgyi  )






PWA
Photo Credit:တမူး fb
ရန်ကုန်၊ဧပြီ ၂၁