ပုဂ္ဂလိကပိုင်ကဏ္ဍမှ ငါးလတာကာလအတွင်း နိုင်ငံတကာနှင့် ကုန်သွယ်မှု ကန်ဒေါ်လာ ၁၂ ဘီလျံကျော်ထိ ရှိ

ပုဂ္ဂလိကပိုင်ကဏ္ဍမှ ငါးလတာကာလအတွင်း နိုင်ငံတကာနှင့် ကုန်သွယ်မှု ကန်ဒေါ်လာ ၁၂ ဘီလျံကျော်ထိ ရှိ

ကုန်သွယ်ရေးဦးစီးဌာန၏ ဧပြီလအတွင်းထုတ်ပြန်ခဲ့သည့် ဘဏ္ဍာနှစ်အလိုက် ပုံမှန်/ နယ်စပ် နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် ကုန်သွယ်မှုအခြေအနေ စာရင်း ထုတ်ပြန်မှု အရ  ပြီးခဲ့သည့် ငါးလတာကာလအတွင်း ပုဂ္ဂုလိကပိုင်ကဏ္ဍမှ နိုင်ငံတကာနှင့် ကုန်သွယ်မှုမှာ ကန်ဒေါ်လာ ၁၂ ဘီလျံေကျော်ထိ ကုန်သွယ်နိုင်ခဲ့ တယ်လို့ သိရပါတယ်။

အောက်တိုဘာ၊နိုဝင်ဘာ ၊ဒီဇင်ဘာ၊ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီ ငါးလတာ ကာလအတွင်း ပြည်ပနိုင်ငံ များနှင့် ကုန် သွယ်ရာတွင် ကန် ဒေါ် လာ ၁၄ဘီလျံကျော် ရှိသည့်အနက် ပုဂ္ဂုလိကကဏ္ဍမှ ကန်ဒေါ်လာ ၁၂၁၀၉  ဒသမ ၄၈၅ သန်း ရှိခဲ့ကြောင်းသိရပါတယ်။  အဆိုပါ ပမာဏတွင် ပုဂ္ဂုလိကကဏ္ဍမှ ပို့ကုန် ကန်ဒေါ်လာ ၅၁၂၀  ဒသမ၀၈၃  သန်း၊သွင်းကုန် ကန်ဒေါ်လာ ၆၉၈၉ဒသမ ၄၀၂ သန်းရှိခဲ့ကာကုန်သွယ်ရေးလိုငွေ  တစ်ဘီလျံခွဲကျော် (၁၈၆၉ ဒသမ ၃၁၉ သန်း) ဖြစ်ပေါ် ခဲ့တယ်လို့ သိရပါတယ်။

လေးလတာအတွင်းပုဂ္ဂုလိကကဏ္ဍမှ ကုန်သွယ်မှု ကန်ဒေါ်လာဆယ်နှစ်ဘီကျော် တွင်  ပင်လယ်ရေကြောင်း မှ ကန် ဒေါ်လာ ၉၄၇၄ ဒသမ ၈၃၉ သန်းနှင့် နယ်စပ်ကုန်သွယ်ရေးမှ ၂၆၃၄  ဒသမ ၆၄၆  သန်းဖိုးကုန်သွယ်ခဲ့ကြောင်းသိရပါ တယ်။    

ဘဏ္ဍာနှစ်အလိုက် ပုဂ္ဂလိကပိုင်ကဏ္ဍမှ ကုန်သွယ်ရာတွင်  ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် တွင် အမေရိကန်ဒေါ်လာ ၁၀၆၇ ၃ ဒသမ ၄၉၆ သန်း၊၂၀၁၂ -၂၀၁၃ဘဏ္ဍာနှစ် တွင် အမေရိကန်ဒေါ်လာ ၁၁၉၆၀ဒသမ၀၆၁သန်း၊၂၀၁၃-၂၀၁၄ဘ ဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၆၀၇ ၅ဒသမ၈၄၈ သန်း၊၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၉၁၈၇ ဒသမ ၇၃၀ သန်း၊၂၀၁၅ -၂၀၁၆ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ၁၉၇၆၂ဒသမ၅၈၃သန်း၊၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ် တွင် အမေရိကန်ဒေါ်လာ၂၄၃၈၅ ဒသမ    ၅၄၉ သန်း၊၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၂၇၂၄၃  ဒဿမ ၉၃၅ သန်း နှင့် ၂၀၁၈ ကာလတိုဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ၁၅၇၀၉ ဒသမ၈ ၆၆ သန်းကုန် သွယ်ခဲ့ကြောင်းသိရပါတယ်။     

PWA
ရန်ကုန်၊ ဧပြီ ၂၁

(  Zawgyi  )

 ကုန္သြယ္ေရးဦးစီးဌာန၏ ဧၿပီလအတြင္းထုတ္ျပန္ခဲ့သည့္ ဘ႑ာႏွစ္အလိုက္ ပုံမွန္/ နယ္စပ္ ႏိုင္ငံပိုင္၊ ပုဂၢလိကပိုင္ ကုန္သြယ္မႈအေျခအေန စာရင္း ထုတ္ျပန္မႈ အရ  ၿပီးခဲ့သည့္ ငါးလတာကာလအတြင္း ပုဂၢဳလိကပိုင္က႑မွ ႏိုင္ငံတကာႏွင့္ ကုန္သြယ္မႈမွာ ကန္ေဒၚလာ ၁၂ ဘီလ်ံေေက်ာ္ထိ ကုန္သြယ္ႏိုင္ခဲ့ တယ္လို႔ သိရပါတယ္။

ေအာက္တိုဘာ၊ႏိုဝင္ဘာ ၊ဒီဇင္ဘာ၊ဇန္နဝါရီလႏွင့္ ေဖေဖၚဝါရီ ငါးလတာ ကာလအတြင္း ျပည္ပႏိုင္ငံ မ်ားႏွင့္ ကုန္ သြယ္ရာတြင္ ကန္ ေဒၚ လာ ၁၄ဘီလ်ံေက်ာ္ ရွိသည့္အနက္ ပုဂၢဳလိကက႑မွ ကန္ေဒၚလာ ၁၂၁၀၉  ဒသမ ၄၈၅ သန္း ရွိခဲ့ေၾကာင္းသိရပါတယ္။  အဆိုပါ ပမာဏတြင္ ပုဂၢဳလိကက႑မွ ပို႔ကုန္ ကန္ေဒၚလာ ၅၁၂၀  ဒသမ၀၈၃  သန္း၊သြင္းကုန္ ကန္ေဒၚလာ ၆၉၈၉ဒသမ ၄၀၂ သန္းရွိခဲ့ကာကုန္သြယ္ေရးလိုေငြ  တစ္ဘီလ်ံခြဲေက်ာ္ (၁၈၆၉ ဒသမ ၃၁၉ သန္း) ျဖစ္ေပၚ ခဲ့တယ္လို႔ သိရပါတယ္။

ေလးလတာအတြင္းပုဂၢဳလိကက႑မွ ကုန္သြယ္မႈ ကန္ေဒၚလာဆယ္ႏွစ္ဘီေက်ာ္ တြင္  ပင္လယ္ေရေၾကာင္း မွ ကန္ ေဒၚလာ ၉၄၇၄ ဒသမ ၈၃၉ သန္းႏွင့္ နယ္စပ္ကုန္သြယ္ေရးမွ ၂၆၃၄  ဒသမ ၆၄၆  သန္းဖိုးကုန္သြယ္ခဲ့ေၾကာင္းသိရပါ တယ္။    

ဘ႑ာႏွစ္အလိုက္ ပုဂၢလိကပိုင္က႑မွ ကုန္သြယ္ရာတြင္  ၂၀၁၁-၂၀၁၂ ဘ႑ာႏွစ္ တြင္ အေမရိကန္ေဒၚလာ ၁၀၆၇ ၃ ဒသမ ၄၉၆ သန္း၊၂၀၁၂ -၂၀၁၃ဘ႑ာႏွစ္ တြင္ အေမရိကန္ေဒၚလာ ၁၁၉၆၀ဒသမ၀၆၁သန္း၊၂၀၁၃-၂၀၁၄ဘ ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၆၀၇ ၅ဒသမ၈၄၈ သန္း၊၂၀၁၄ -၂၀၁၅ ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၉၁၈၇ ဒသမ ၇၃၀ သန္း၊၂၀၁၅ -၂၀၁၆ဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ၁၉၇၆၂ဒသမ၅၈၃သန္း၊၂၀၁၆-၂၀၁၇ဘ႑ာႏွစ္ တြင္ အေမရိကန္ေဒၚလာ၂၄၃၈၅ ဒသမ    ၅၄၉ သန္း၊၂၀၁၇ -၂၀၁၈ ဘ႑ာႏွစ္တြင္ ကန္ေဒၚလာ ၂၇၂၄၃  ဒႆမ ၉၃၅ သန္း ႏွင့္ ၂၀၁၈ ကာလတိုဘ႑ာႏွစ္တြင္ အေမရိကန္ေဒၚလာ၁၅၇၀၉ ဒသမ၈ ၆၆ သန္းကုန္ သြယ္ခဲ့ေၾကာင္းသိရပါတယ္။     

PWA
ရန္ကုန္၊ ဧၿပီ ၂၁