ပါတီ၊လွှတ်တော်၊အစိုးရ(၃) ပိုင်း ကွဲသွားသည့်အခါတစ်ခုနှင့်တစ်ခုပွ တ်တိုက်မှုများရှိလာကြောင်း ဗဟိုအလုပ်အမှုဆောင် ဒုဥက္ကဌဒေါက်တာဇော်မြင့်မောင်မှပြော။

ပါတီ၊လွှတ်တော်၊အစိုးရ(၃) ပိုင်း ကွဲသွားသည့်အခါတစ်ခုနှင့်တစ်ခုပွ တ်တိုက်မှုများရှိလာကြောင်း ဗဟိုအလုပ်အမှုဆောင် ဒုဥက္ကဌဒေါက်တာဇော်မြင့်မောင်မှပြော။

ပါတီ၊လွှတ်တော်၊အစိုးရ(၃)ပိုင်း ကွဲသွားသည့်အခါတစ်ခုနှင့်တစ်ခုပွတ်တိုက်မှုများရှိလာကြောင်း ဗဟိုအလုပ်အမှုဆောင်ဒု-ဥက္ကဌ(၂)ဒေါက်တာဇော်မြင့်မောင်က ယနေ့နံနက်ပိုင်းက နေပြည်တော် ကောင်စီ နယ်မြေ၊ပျဉ်းမနားမြို့၊မင်္ဂလာကန်တော်ခန်းမတွင် ကျင်းပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (ဗဟို၊တိုင်း၊ ခရိုင်၊မြို့နယ်)တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။

“အရင်တုံးကတစ်ခုတည်းသော်အမျိုးသားဒီမိုကရေစီပါတီအဖွဲ့ချုပ်ပါတီဝင်တွေဖြစ်ပေမဲ့၂၀၁၅ပြီးတဲ့နောက်ပိုင်းမှာလွှတ်တော်ကိုယ်စားလှယ်တွေလည်းအများကြီးဖြစ်တယ်။တိုင်းနဲ့ပြည်နယ်တွေမှာလည်းလွှတ်တော်ကိုယ်စားလှယ်တွေအများကြီးဘဲ၊ပြည်ထောင်စုအဆင့်မှာလည်းလွှတ်တော်ကိုယ်စားလှယ်တွေအများကြီးဘဲ၊အဲဒီတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာရိုးရိုးပါတီဝင်တွေနဲ့ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့ အဲ့ဒီအထဲကမှ ပါတီကတာဝန်ပေးလို့အစိုးရအဖွဲ့ဖြစ်လာတဲ့ အဖွဲ့ဝင်တွေ အများကြီးဖြစ်လာတယ်။ အဲဒီတော့ ပါတီ တစ်ခုမှာ ဒီမိုကရေစီကိုသွားနေတဲ့ ပါတီတစ်ခုမှာ ဒီအပိုင်း (၃)ခုကရှိကိုရှိလာမှာ။ အခုလည်းရှိမှာဘဲ နောင် လည်း ရှိမှာဘဲ။

ပါတီမှာပါတီလုပ်ငန်းမှာစောက်ချပြီးအချိန်ပေးပြီးပါတီရှင်သန်အောင်လုပ်နေတဲ့ သန္ဓေပါတီဝင်တွေရှိ တယ်။ အကြောင်းအမျိုးမျိုးနဲ့နောက်မှဝင်လာတဲ့ပါတီဝင်တွေရှိတယ်၊ မျှော်မှန်းချက်၊မျှော်လင့်ချက်တွေနဲ့ ဝင်လာ တာရှိမယ်။ ဒီမိုကရေစီကို ယုံကြည်လို့ဝင်တတဲ့သူရှိမယ်။

ပါတီကိုယုံကြည်လို့ဝင်လာတဲ့သူရှိမယ်။ နောက်တစ်ခါ ရွေးကောက်ပွဲကိုဖြတ်ကိုဖြတ်သန်းရမယ်။ လွှတ်တော်ကိုယ်စားလှယ်ရှိကိုရှိရမယ်။ လွှတ်တော်ကိုယ်စားလှယ်က တိုင်းနဲ့ပြည်နယ် တစ်တိုင်းလုံး တစ်ပြည်နယ်လုံးရလိုက်တဲ့အခါမှာ တိုင်းနဲ့ပြည်နယ်မှာကမြို့နယ်ပေါင်း(၃၃၀)မှာ တစ်မြို့နယ်မှာ (၂)ယောက်နှုန်းနဲ့တွက်ရင်(၆၆၀)။အဲ့တော့လွှတ်တော်ကိုယ်စားလှယ်တွေကလည်း(၁၀၀၀) ကျော်လောက်ရှိလာတဲ့အခါကျတော့ ကျနော်တို့အထဲကနိုင်တဲ့ရာခိုင်နှုန်းပေါ်မူတည်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်ရှိလာတယ်။

နောက်တစ်ခါအစိုးရအဖွဲ့ဝင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ ဖြစ်လာတယ်၊(၃)ပိုင်းလည်းကွဲရော ကျနော်တို့ပွတ်တိုက်မှုတွေရှိလာတယ်။ ဘာလို့ပွတ်တိုက်မှုတွေရှိ လာသ လဲ၊ ကျနော်တို့ ခယောင်း တောကြီးတောင်ဖြတ်ခဲ့ကြပြီဘဲ။ ဘာမှမဖြစ်ဘူး၊အခုလိုရောင်နီကာလကျနော်တို့ကြိုးစားပမ်းစားလုပ်နေတုံးအချိန်မှာပါတီနဲ့လွှတ်တော်ကိုယ်စားလှယ်ပွတ်တိုက်မှု၊ပါတီကိုကျောခိုင်းသွားတယ်။

ပါတီရဲ့စကားကိုနားမထောင်တော့ဘူး။လွှတ်တော်ကိုယ်စားလှယ်တွေဟာ ကိုယ့်မြင်းကိုယ်စိုင်း စစ်ကိုင်းရောက်ရောက်လုပ်နေကျတယ်။၊ပြည်သူအပေါ်မှာမောက်မာလာတယ်။စွတ်စွဲချက်တွေအမျိုးမျိုးနဲ့ပွတ်တိုက်မှုတွေရှိ လာတယ်။အလားတူအစိုးရအဖွဲ့ဝင် ဝန်ကြီးတွေဟာ အောက်ခြေလွတ်သွား တယ်။ ရာထူးရတာ ပြည်သူ့ ကြောင့်ရတာ ငါတို့ကြောင့်ရတာဆိုတာတွေကို မေ့သွားတယ်။

ပါတီဝင်တွေဂရုမစိုက်တော့ဘူး၊ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို လုပ်မပေးဘူး၊ ဆိုပြီးတော့ အစိုးရအဖွဲ့ဝင်တွေ နဲ့လည်းပွတ်တိုက်မှုရှိလာတယ်။ အဲ့ဒီကြားထဲမှာမှ လွှတ်တော်နဲ့ အစိုးရပွတ်တိုက်မှု ရှိလာတယ်၊ ဒီလိုပွတ်တိုက်မှုတွေဟာ အချိန်ကြာ လာတော့တော်တော်သိသိသာသာ၊ ကွဲကွဲပြားပြားဖြစ် လာတာတွေ ရှိတယ်။ အဲ့တော့ဒါတွေဟာ မရှိသင့်ဘူး၊ မရှိထိုက်ဘူး၊ ဘာကြောင့်ကျနော် တို့ ဒီမိုကရေစီ ယဉ်ကျေးမှု ကိုကတွေဆုံဆွေးနွေးပြီးအဖြေရှာရမယ့်အချိန်မှာ ဒါကိုကျနော်တို့မကျင့်သုံးနိုင် ဘူးဖြစ်နေ တယ်။

 ပါတီနဲ့လွှတ်တော်ကိုယ်စားလှယ်၊ပါတီနဲ့အစိုးရအဖွဲ့၊လွှတ်တော် ကိုယ်စားလှယ်နဲ့အစိုးရ အဖွဲ့ဝင် အဲ့လိုတွေ့ဆုံမှုတွေများများလုပ်ပေးနိုင်ရင်ဘာခံစားချက်တွေရှိသလဲ။ဘာအခက်အခဲတွေရှိနေသလဲပါတီကရောအစိုးရဝန်ကြီးတွေရဲ့ အခက်အခဲတွေသိသလား။ ရှိတယ်နော်။ အစိုးရအဖွဲ့ဝင် တွေမှာ အခက်အခဲရှိတယ်၊ကျနော်တို့လုပ်နေရတာ သူများနယ်မြေမှာလုပ်နေရတာ။ ကျနော်တို့နောက် ကျော မလုံဘူး။ လုပ်နေရတာတွေ။ အဲဒီအပိုင်းတွေရှိသလိုလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သူတို့ အခက် အခဲတွေ ရှိတယ်၊ဒါတွေကိုကျနော်တို့နားလည်အောင်ကြေညက်အောင်လုပ်ပြီးအချင်းချင်းအပြန်ပြန်အလှန်လှန်တွေဆုံဆွေးနွေးမယ်ဆိုရင်ညီညွတ်မှုတစ်ခုတည်ကိုတည်ဆောက်ရမယ်။ရလည်းရကိုရရမယ်။ အဲ့ဒီညီညွတ်မှု ကကျနော်တို့ရှေ့ဆက်သွားရမဲ့ ခရီးအတွက်အလွန့်အလွန်အရေးကြီးတယ်။

ဒါကြောင့်မိုလို့အစိုးရ၊လွှတ်တော်၊ ပါတီတွေ့ဆုံပွဲတွေ တိုင်းနဲ့ပြည်နယ်အလိုက်လုပ်တယ်” ဟု ဗဟို အလုပ်အမှုဆောင်ဒုဥက္ကဌ(၂)ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး” တစ်ချက်တော့ပြောချင်တယ်၊တစ်ချက်ဆိုတာကအရေးကြီးလို့ပါ။ လွှတ်တော်ရော အစိုးရရောပါတီအောက်မှာရှိတယ်။ကျတော်ဒီနေရာတာဝန်ထမ်းနေတာ ပါတီကတာဝန်ပေးလို့၊ ကျတော်တို့ကတာဝန်ပေးခံ ထားရတာ။ ဘယ်သူကတာဝန်ပေး တာလည်းပါတီကတာဝန်ပေးတာ၊အဲ့တော့ ပါတီကအပေါ် ထပ်အဆောက်အအုံမှာရှိနေတယ်။ပါတီရဲ့အောက်မှာ လွှတ်တော်ရှိတယ်။

ပါတီရဲ့အောက် မှာအစိုးရရှိတယ်။ ဒါပေမဲ့လွှတ်တော် ရယ်ပါတီရယ်ကျတော့ အပြန်အလှန် ထိန်းကျောင်း ရတယ်၊ အခြေခံဥပဒေမှာပါပြီးသား၊ ဘယ်သူဘယ်သူကမှ အထက်မှာ မရှိဘူး၊ ဒါပေမဲ့ အပြန်အလှန်ထိန်း ကျောင်းဖို့တာဝန် ရှိတယ်၊မဏ္ဍိုင်ကြီးသုံးခုရှိ တယ်၊ အဲ့ဒီမဏ္ဍိုင် အပြန်အလှန် ထိန်းကျောင်း ဖို့ဆိုတာအခြေခံဥပဒေမှာပါပြီးသား၊ဒါပေမဲ့ကျနော်တို့တစ်တွေ အားလုံးဟာ ပါတီက တာဝန်ပေး တယ်ဆိုတာသိထားရမယ်၊ပါတီကတာဝန်ပေးလို့လုပ်နေတယ်ဆိုယင်ဘာမှ ဘဝင်မြင့် စရာမရှိဘူး၊ ဘာမှအောက်ခြေလွတ်စရာမရှိဘူး။ကျနော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြောတဲ့စကား နေရာတိုင်း မှာပြောပါတယ်။အဲ့ဒါဘာလည်းဆိုတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တွေကို ကျမယုံတယ်၊ ဆင်းရဲတဲ့ ဒဏ်ကို ခံနိုင်တာယုံတယ်တဲ့။ မယုံစရာကိုမရှိဘူးကျနော်တို့သက်သေပြခဲ့ပြီ။

နှစ်ပေါင်းမြောက်များစွာဆင်းရဲဒဏ်ခံတယ်၊ဒါပေမဲ့ချမ်းသာတဲ့ဒဏ်မခံနိုင်မှာစိုးတယ်တဲ့။ကျနော်တို့ဒီလိုဝေဖန်မှုတွေပြစ်တင်ရှုပ်ချမှုတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ဘာဖြစ်တယ်၊ ဝန်ကြီးတွေဘာဖြစ် တယ် အဲ့ဒါအားလုံးဟာချမ်းသာတဲ့ဒဏ်မခံနိုင် လို့ဖြစ်လာတယ်ဆို ယင်မမှားဘူး။ ဘဝမမေ့သင့်ဘူးပေါ့ဗျာ၊ ကျနော်တို့တက်လာတဲ့လမ်းကပါတီကတာဝန်ပေး လို့တက်လာတာ။ ပါတီက ဘာလို့ တာဝန်ပေးတာလည်းပြည်သူကိုကျေးဇူးဆပ်ဖို့တာဝန်ပေးတာ၊ပြည်သူ့မဲတွေ နဲ့ တက်လာ တာ၊ပြည်သူတွေ ရဲ့ထောက်ခံမှုနဲ့တက်လာတာပြည်သူအကျိုးပြုလုပ်ငန်းကိုလုပ်ဖို့တာဝန်။ကျနော်တို့တာဝန်၊ပါတီမှာလည်းတာဝန်ရှိတယ်၊လွှတ်တော်ကလည်းဒီတာဝန်ထမ်းနေတာ၊ကျနော်တို့အစိုးရလည်းဒီတာဝန်ထမ်းနေတာတယ် “ ဟုဗဟိုအလုပ်အမှု ဆောင်ဒုဥက္ကဌ (၂)ဒေါက်တာဇော်မြင့်မောင်မှပြောကြားခဲ့ပါတယ်။

PTG
နေပြည်တော်၊ဇူလိုင်-၂၁

(  Zawgyi  )

 ပါတီ၊လႊတ္ေတာ္၊အစိုးရ(၃)ပိုင္း ကြဲသြားသည့္အခါတစ္ခုႏွင့္တစ္ခုပြတ္တိုက္မႈမ်ားရွိလာေၾကာင္း ဗဟိုအလုပ္အမႈေဆာင္ဒု-ဥကၠဌ(၂)ေဒါက္တာေဇာ္ျမင့္ေမာင္က ယေန႔နံနက္ပိုင္းက ေနျပည္ေတာ္ ေကာင္စီ နယ္ေျမ၊ပ်ဥ္းမနားၿမိဳ႕၊မဂၤလာကန္ေတာ္ခန္းမတြင္ က်င္းျပဳလုပ္တဲ့ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (ဗဟို၊တိုင္း၊ ခ႐ိုင္၊ၿမိဳ႕နယ္)ေတြ႕ဆုံပြဲမွာ ေျပာၾကားခဲ့ပါတယ္။

“အရင္တုံးကတစ္ခုတည္းေသာ္အမ်ိဳးသားဒီမိုကေရစီပါတီအဖြဲ႕ခ်ဳပ္ပါတီဝင္ေတြျဖစ္ေပမဲ့၂၀၁၅ၿပီးတဲ့ေနာက္ပိုင္းမွာလႊတ္ေတာ္ကိုယ္စားလွယ္ေတြလည္းအမ်ားႀကီးျဖစ္တယ္။တိုင္းနဲ႔ျပည္နယ္ေတြမွာလည္းလႊတ္ေတာ္ကိုယ္စားလွယ္ေတြအမ်ားႀကီးဘဲ၊ျပည္ေထာင္စုအဆင့္မွာလည္းလႊတ္ေတာ္ကိုယ္စားလွယ္ေတြအမ်ားႀကီးဘဲ၊အဲဒီေတာ့အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွာ႐ိုး႐ိုးပါတီဝင္ေတြနဲ႔ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား အဖြဲ႕ အဲ့ဒီအထဲကမွ ပါတီကတာဝန္ေပးလို႔အစိုးရအဖြဲ႕ျဖစ္လာတဲ့ အဖြဲ႕ဝင္ေတြ အမ်ားႀကီးျဖစ္လာတယ္။ အဲဒီေတာ့ ပါတီ တစ္ခုမွာ ဒီမိုကေရစီကိုသြားေနတဲ့ ပါတီတစ္ခုမွာ ဒီအပိုင္း (၃)ခုကရွိကိုရွိလာမွာ။ အခုလည္းရွိမွာဘဲ ေနာင္ လည္း ရွိမွာဘဲ။

ပါတီမွာပါတီလုပ္ငန္းမွာေစာက္ခ်ၿပီးအခ်ိန္ေပးၿပီးပါတီရွင္သန္ေအာင္လုပ္ေနတဲ့ သေႏၶပါတီဝင္ေတြရွိ တယ္။ အေၾကာင္းအမ်ိဳးမ်ိဳးနဲ႔ေနာက္မွဝင္လာတဲ့ပါတီဝင္ေတြရွိတယ္၊ ေမွ်ာ္မွန္းခ်က္၊ေမွ်ာ္လင့္ခ်က္ေတြနဲ႔ ဝင္လာ တာရွိမယ္။ ဒီမိုကေရစီကို ယုံၾကည္လို႔ဝင္တတဲ့သူရွိမယ္။

ပါတီကိုယုံၾကည္လို႔ဝင္လာတဲ့သူရွိမယ္။ ေနာက္တစ္ခါ ေ႐ြးေကာက္ပြဲကိုျဖတ္ကိုျဖတ္သန္းရမယ္။ လႊတ္ေတာ္ကိုယ္စားလွယ္ရွိကိုရွိရမယ္။ လႊတ္ေတာ္ကိုယ္စားလွယ္က တိုင္းနဲ႔ျပည္နယ္ တစ္တိုင္းလုံး တစ္ျပည္နယ္လုံးရလိုက္တဲ့အခါမွာ တိုင္းနဲ႔ျပည္နယ္မွာကၿမိဳ႕နယ္ေပါင္း(၃၃၀)မွာ တစ္ၿမိဳ႕နယ္မွာ (၂)ေယာက္ႏႈန္းနဲ႔တြက္ရင္(၆၆၀)။အဲ့ေတာ့လႊတ္ေတာ္ကိုယ္စားလွယ္ေတြကလည္း(၁၀၀၀) ေက်ာ္ေလာက္ရွိလာတဲ့အခါက်ေတာ့ က်ေနာ္တို႔အထဲကႏိုင္တဲ့ရာခိုင္ႏႈန္းေပၚမူတည္ၿပီး အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္လႊတ္ေတာ္ကိုယ္စားလွယ္ရွိလာတယ္။

ေနာက္တစ္ခါအစိုးရအဖြဲ႕ဝင္အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အဖြဲ႕ ျဖစ္လာတယ္၊(၃)ပိုင္းလည္းကြဲေရာ က်ေနာ္တို႔ပြတ္တိုက္မႈေတြရွိလာတယ္။ ဘာလို႔ပြတ္တိုက္မႈေတြရွိ လာသ လဲ၊ က်ေနာ္တို႔ ခေယာင္း ေတာႀကီးေတာင္ျဖတ္ခဲ့ၾကၿပီဘဲ။ ဘာမွမျဖစ္ဘူး၊အခုလိုေရာင္နီကာလက်ေနာ္တို႔ႀကိဳးစားပမ္းစားလုပ္ေနတုံးအခ်ိန္မွာပါတီနဲ႔လႊတ္ေတာ္ကိုယ္စားလွယ္ပြတ္တိုက္မႈ၊ပါတီကိုေက်ာခိုင္းသြားတယ္။

ပါတီရဲ႕စကားကိုနားမေထာင္ေတာ့ဘူး။လႊတ္ေတာ္ကိုယ္စားလွယ္ေတြဟာ ကိုယ့္ျမင္းကိုယ္စိုင္း စစ္ကိုင္းေရာက္ေရာက္လုပ္ေနက်တယ္။၊ျပည္သူအေပၚမွာေမာက္မာလာတယ္။စြတ္စြဲခ်က္ေတြအမ်ိဳးမ်ိဳးနဲ႔ပြတ္တိုက္မႈေတြရွိ လာတယ္။အလားတူအစိုးရအဖြဲ႕ဝင္ ဝန္ႀကီးေတြဟာ ေအာက္ေျခလြတ္သြား တယ္။ ရာထူးရတာ ျပည္သူ႔ ေၾကာင့္ရတာ ငါတို႔ေၾကာင့္ရတာဆိုတာေတြကို ေမ့သြားတယ္။

ပါတီဝင္ေတြဂ႐ုမစိုက္ေတာ့ဘူး၊ ဖြံ႕ၿဖိဳးေရး လုပ္ငန္းေတြကို လုပ္မေပးဘူး၊ ဆိုၿပီးေတာ့ အစိုးရအဖြဲ႕ဝင္ေတြ နဲ႔လည္းပြတ္တိုက္မႈရွိလာတယ္။ အဲ့ဒီၾကားထဲမွာမွ လႊတ္ေတာ္နဲ႔ အစိုးရပြတ္တိုက္မႈ ရွိလာတယ္၊ ဒီလိုပြတ္တိုက္မႈေတြဟာ အခ်ိန္ၾကာ လာေတာ့ေတာ္ေတာ္သိသိသာသာ၊ ကြဲကြဲျပားျပားျဖစ္ လာတာေတြ ရွိတယ္။ အဲ့ေတာ့ဒါေတြဟာ မရွိသင့္ဘူး၊ မရွိထိုက္ဘူး၊ ဘာေၾကာင့္က်ေနာ္ တို႔ ဒီမိုကေရစီ ယဥ္ေက်းမႈ ကိုကေတြဆုံေဆြးေႏြးၿပီးအေျဖရွာရမယ့္အခ်ိန္မွာ ဒါကိုက်ေနာ္တို႔မက်င့္သုံးႏိုင္ ဘူးျဖစ္ေန တယ္။

 ပါတီနဲ႔လႊတ္ေတာ္ကိုယ္စားလွယ္၊ပါတီနဲ႔အစိုးရအဖြဲ႕၊လႊတ္ေတာ္ ကိုယ္စားလွယ္နဲ႔အစိုးရ အဖြဲ႕ဝင္ အဲ့လိုေတြ႕ဆုံမႈေတြမ်ားမ်ားလုပ္ေပးႏိုင္ရင္ဘာခံစားခ်က္ေတြရွိသလဲ။ဘာအခက္အခဲေတြရွိေနသလဲပါတီကေရာအစိုးရဝန္ႀကီးေတြရဲ႕ အခက္အခဲေတြသိသလား။ ရွိတယ္ေနာ္။ အစိုးရအဖြဲ႕ဝင္ ေတြမွာ အခက္အခဲရွိတယ္၊က်ေနာ္တို႔လုပ္ေနရတာ သူမ်ားနယ္ေျမမွာလုပ္ေနရတာ။ က်ေနာ္တို႔ေနာက္ ေက်ာ မလုံဘူး။ လုပ္ေနရတာေတြ။ အဲဒီအပိုင္းေတြရွိသလိုလႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ သူတို႔ အခက္ အခဲေတြ ရွိတယ္၊ဒါေတြကိုက်ေနာ္တို႔နားလည္ေအာင္ေၾကညက္ေအာင္လုပ္ၿပီးအခ်င္းခ်င္းအျပန္ျပန္အလွန္လွန္ေတြဆုံေဆြးေႏြးမယ္ဆိုရင္ညီၫြတ္မႈတစ္ခုတည္ကိုတည္ေဆာက္ရမယ္။ရလည္းရကိုရရမယ္။ အဲ့ဒီညီၫြတ္မႈ ကက်ေနာ္တို႔ေရွ႕ဆက္သြားရမဲ့ ခရီးအတြက္အလြန႔္အလြန္အေရးႀကီးတယ္။

ဒါေၾကာင့္မိုလို႔အစိုးရ၊လႊတ္ေတာ္၊ ပါတီေတြ႕ဆုံပြဲေတြ တိုင္းနဲ႔ျပည္နယ္အလိုက္လုပ္တယ္” ဟု ဗဟို အလုပ္အမႈေဆာင္ဒုဥကၠဌ(၂)ေဒါက္တာ ေဇာ္ျမင့္ေမာင္က ေျပာၾကားခဲ့ပါတယ္။

ဆက္လက္ၿပီး” တစ္ခ်က္ေတာ့ေျပာခ်င္တယ္၊တစ္ခ်က္ဆိုတာကအေရးႀကီးလို႔ပါ။ လႊတ္ေတာ္ေရာ အစိုးရေရာပါတီေအာက္မွာရွိတယ္။က်ေတာ္ဒီေနရာတာဝန္ထမ္းေနတာ ပါတီကတာဝန္ေပးလို႔၊ က်ေတာ္တို႔ကတာဝန္ေပးခံ ထားရတာ။ ဘယ္သူကတာဝန္ေပး တာလည္းပါတီကတာဝန္ေပးတာ၊အဲ့ေတာ့ ပါတီကအေပၚ ထပ္အေဆာက္အအုံမွာရွိေနတယ္။ပါတီရဲ႕ေအာက္မွာ လႊတ္ေတာ္ရွိတယ္။

ပါတီရဲ႕ေအာက္ မွာအစိုးရရွိတယ္။ ဒါေပမဲ့လႊတ္ေတာ္ ရယ္ပါတီရယ္က်ေတာ့ အျပန္အလွန္ ထိန္းေက်ာင္း ရတယ္၊ အေျခခံဥပေဒမွာပါၿပီးသား၊ ဘယ္သူဘယ္သူကမွ အထက္မွာ မရွိဘူး၊ ဒါေပမဲ့ အျပန္အလွန္ထိန္း ေက်ာင္းဖို႔တာဝန္ ရွိတယ္၊မ႑ိဳင္ႀကီးသုံးခုရွိ တယ္၊ အဲ့ဒီမ႑ိဳင္ အျပန္အလွန္ ထိန္းေက်ာင္း ဖို႔ဆိုတာအေျခခံဥပေဒမွာပါၿပီးသား၊ဒါေပမဲ့က်ေနာ္တို႔တစ္ေတြ အားလုံးဟာ ပါတီက တာဝန္ေပး တယ္ဆိုတာသိထားရမယ္၊ပါတီကတာဝန္ေပးလို႔လုပ္ေနတယ္ဆိုယင္ဘာမွ ဘဝင္ျမင့္ စရာမရွိဘူး၊ ဘာမွေအာက္ေျခလြတ္စရာမရွိဘူး။က်ေနာ္အတိုင္ပင္ခံပုဂၢိဳလ္ေျပာတဲ့စကား ေနရာတိုင္း မွာေျပာပါတယ္။အဲ့ဒါဘာလည္းဆိုေတာ့အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အဖြဲ႕ဝင္ေတြကို က်မယုံတယ္၊ ဆင္းရဲတဲ့ ဒဏ္ကို ခံႏိုင္တာယုံတယ္တဲ့။ မယုံစရာကိုမရွိဘူးက်ေနာ္တို႔သက္ေသျပခဲ့ၿပီ။

ႏွစ္ေပါင္းေျမာက္မ်ားစြာဆင္းရဲဒဏ္ခံတယ္၊ဒါေပမဲ့ခ်မ္းသာတဲ့ဒဏ္မခံႏိုင္မွာစိုးတယ္တဲ့။က်ေနာ္တို႔ဒီလိုေဝဖန္မႈေတြျပစ္တင္ရႈပ္ခ်မႈေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ဘာျဖစ္တယ္၊ ဝန္ႀကီးေတြဘာျဖစ္ တယ္ အဲ့ဒါအားလုံးဟာခ်မ္းသာတဲ့ဒဏ္မခံႏိုင္ လို႔ျဖစ္လာတယ္ဆို ယင္မမွားဘူး။ ဘဝမေမ့သင့္ဘူးေပါ့ဗ်ာ၊ က်ေနာ္တို႔တက္လာတဲ့လမ္းကပါတီကတာဝန္ေပး လို႔တက္လာတာ။ ပါတီက ဘာလို႔ တာဝန္ေပးတာလည္းျပည္သူကိုေက်းဇူးဆပ္ဖို႔တာဝန္ေပးတာ၊ျပည္သူ႔မဲေတြ နဲ႔ တက္လာ တာ၊ျပည္သူေတြ ရဲ႕ေထာက္ခံမႈနဲ႔တက္လာတာျပည္သူအက်ိဳးျပဳလုပ္ငန္းကိုလုပ္ဖို႔တာဝန္။က်ေနာ္တို႔တာဝန္၊ပါတီမွာလည္းတာဝန္ရွိတယ္၊လႊတ္ေတာ္ကလည္းဒီတာဝန္ထမ္းေနတာ၊က်ေနာ္တို႔အစိုးရလည္းဒီတာဝန္ထမ္းေနတာတယ္ “ ဟုဗဟိုအလုပ္အမႈ ေဆာင္ဒုဥကၠဌ (၂)ေဒါက္တာေဇာ္ျမင့္ေမာင္မွေျပာၾကားခဲ့ပါတယ္။

PTG
ေနျပည္ေတာ္၊ဇူလိုင္-၂၁