နောက်ထပ်ဗစ်တိုးရီးယားတွေ ထပ်မံမပေါ်ပေါက်လာစေရေး အတွက်နေပြည်တော်တွင် ဆန္ဒ ထုတ်ဖော်။

 
နောက်ထပ်ဗစ်တိုးရီးယား တွေထပ်မံမပေါ်ပေါက်လာစေရေး အတွက်နေပြည်တော်တွင် ဆန္ဒ ထုတ်ဖော်။

လူ့အဖွဲ့အစည်းအတွင်းတရားမျှတမှုကိုမြှင့်တင်ပြီးကလေးမိဘများအနေဖြင့်နောက်ထပ်ဗစ်တိုးရီးယားတွေထပ်မံမပေါ်ပေါက်လာစေရေးအတွက်ယနေ့နံနက်ပိုင်းတွင်နေပြည်တော်၊လယ်ဝေးမြို့တွင်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ယင်းသို့ဆန္ဒဖော်ထုတ်ခြင်းနှင့်ပတ်သက်ပြီး(က) ဗစ်တိုးရီးယားလေးအတွက် တရားမျှတမှုရရှိရေး၊ (ခ) ကျွန်တော်တို့လူ့အဖွဲ့အစည်းအတွင်း တရားဥပဒေစိုးမိုးရေး၊(ဂ) နောက်ထပ်ဗစ်တိုးရီးယားများ ထပ်မံမ ပေါ်ပေါက်စေရေး၊(ဃ) ကျွန်တော်တို့မျိုးဆက်အတွက် လွတ်လပ်လုံခြုံစိတ်ချရတဲ့လူ့အဖွဲ့အစည်းတခုကိုဖန်တီးနိုင်ရေးစသည့်ရည်ရွယ်ချက်များနှင့်ဆန္ဒထုတ်ဖော်ခြင်းဖြစ်ပါကြောင်းနှင့်ယနေ့ပြုလုပ်သည်ဆန္ဒထုတ်ဖော်ပွဲအားနေပြည်တော်၊လယ်ဝေးမြို့နယ်၊ဖောင်တော်ချက်မဘုရားစုရပ်မှစုစည်းခြင်းပြုလုပ်၍နံနက်(၁၁)နာရီခန့်အချိန်တွင်လယ်ဝေးမြို့တွင်းသတ်မှတ်လမ်းကြေင်းအတိုင်းချီတက်၍ ဗစ်တိုးရီးယားအတွက်တရားမျှတမှုရရှိရေး၊လူ့အဖွဲ့အစည်းအတွင်းတရားဥပဒေစိုးမိုးရေး၊မျိုးဆက်သစ်များအတွက်လွတ်လပ်စွာလုံခြုံစိတ်ချရသည့်လူ့အဖွဲ့အစည်းတစ်ခုဖန်တီးပေးရေး၊နောက်ထပ်ဗစ်တိုးရီးယာများထပ်မံမပေါ်ပေါက်ရေးစသည့်ဗီနိုင်ဆိုင်ပုဒ်များကိုင်ဆောင်ကြွေကျော်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ယင်းဆန္ဒထုတ်ဖော်ပွဲသို့လယ်ဝေးမြို့နယ်အခြားနေပြည်တော်မြို့နယ်များမှလာရောက်ဝန်ရံသူများဖြင့်လူဦးရေးထောင်ကျော်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းသိရှိရပါတယ်။“ကျွန်တော်တို့ပြည်သူတွေကအမှန်တရား ဖော် ထုတ် ဖို့အတွက် ဒီနေရာကိုရောက်လာခဲ့တာပါ။ သက်ငယ် မုဒိမ်း ကိုလွှတ်တော်မှာသမ္မတကြီးဦးဝင်းမြင့်ကိုယ်တိုင်သေဒဏ်ချဖို့ပြောထားပါတယ်။အဲ့ဒီအတွက် ကြောင့်ကျွန်တော်တို့ကိုယ်တိုင်ကလည်း ကျွန်တော်တို့နိုင်ငံကိုအုပ်ချုပ်တဲ့သမ္မတကိုယ်တိုင်က သေဒဏ်ချမှတ် ပေးထားတာ၊ ဥပဒေချမှ တ်ပေးထားတာကိုကျွန်တော်တို့အနေနဲ့ မလွန်ဆန်ပါဘူး။

ကျွန်တော်တို့ကိုယ်တိုင်ကလည်းမနှစ်မြို့တဲ့ကိစ္စဖြစ်နေတဲ့အတွက်ကြောင့်သေဒဏ်ချမှတ်ဖို့အတွက်ပဲတောင်းဆိုချင်ပါတယ်”လို့ဆန္ဒထုတ်ဖော်ပွဲသို့လာရောက်ဝန်းရံသည့်ပျဉ်းမနားမြို့မှကိုထက်ပိုင်စိုးဆိုသူမှပြောကြားခဲ့ပါတယ်။

PTG
နေပြည်တော်၊ဇူလိုင်-၁၃

(  Zawgyi  )

 လူ႔အဖြဲ႕အစည္းအတြင္းတရားမွ်တမႈကိုျမႇင့္တင္ၿပီးကေလးမိဘမ်ားအေနျဖင့္ေနာက္ထပ္ဗစ္တိုးရီးယားေတြထပ္မံမေပၚေပါက္လာေစေရးအတြက္ယေန႔နံနက္ပိုင္းတြင္ေနျပည္ေတာ္၊လယ္ေဝးၿမိဳ႕တြင္ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။

ယင္းသို႔ဆႏၵေဖာ္ထုတ္ျခင္းႏွင့္ပတ္သက္ၿပီး(က) ဗစ္တိုးရီးယားေလးအတြက္ တရားမွ်တမႈရရွိေရး၊ (ခ) ကြၽန္ေတာ္တို႔လူ႔အဖြဲ႕အစည္းအတြင္း တရားဥပေဒစိုးမိုးေရး၊(ဂ) ေနာက္ထပ္ဗစ္တိုးရီးယားမ်ား ထပ္မံမ ေပၚေပါက္ေစေရး၊(ဃ) ကြၽန္ေတာ္တို႔မ်ိဳးဆက္အတြက္ လြတ္လပ္လုံၿခဳံစိတ္ခ်ရတဲ့လူ႔အဖြဲ႕အစည္းတခုကိုဖန္တီးႏိုင္ေရးစသည့္ရည္႐ြယ္ခ်က္မ်ားႏွင့္ဆႏၵထုတ္ေဖာ္ျခင္းျဖစ္ပါေၾကာင္းႏွင့္ယေန႔ျပဳလုပ္သည္ဆႏၵထုတ္ေဖာ္ပြဲအားေနျပည္ေတာ္၊လယ္ေဝးၿမိဳ႕နယ္၊ေဖာင္ေတာ္ခ်က္မဘုရားစုရပ္မွစုစည္းျခင္းျပဳလုပ္၍နံနက္(၁၁)နာရီခန႔္အခ်ိန္တြင္လယ္ေဝးၿမိဳ႕တြင္းသတ္မွတ္လမ္းေၾကင္းအတိုင္းခ်ီတက္၍ ဗစ္တိုးရီးယားအတြက္တရားမွ်တမႈရရွိေရး၊လူ႔အဖြဲ႕အစည္းအတြင္းတရားဥပေဒစိုးမိုးေရး၊မ်ိဳးဆက္သစ္မ်ားအတြက္လြတ္လပ္စြာလုံၿခဳံစိတ္ခ်ရသည့္လူ႔အဖြဲ႕အစည္းတစ္ခုဖန္တီးေပးေရး၊ေနာက္ထပ္ဗစ္တိုးရီးယာမ်ားထပ္မံမေပၚေပါက္ေရးစသည့္ဗီႏိုင္ဆိုင္ပုဒ္မ်ားကိုင္ေဆာင္ေႂကြေက်ာ္ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။

ယင္းဆႏၵထုတ္ေဖာ္ပြဲသို႔လယ္ေဝးၿမိဳ႕နယ္အျခားေနျပည္ေတာ္ၿမိဳ႕နယ္မ်ားမွလာေရာက္ဝန္ရံသူမ်ားျဖင့္လူဦးေရးေထာင္ေက်ာ္ဆႏၵထုတ္ေဖာ္ခဲ့ၾကေၾကာင္းသိရွိရပါတယ္။“ကြၽန္ေတာ္တို႔ျပည္သူေတြကအမွန္တရား ေဖာ္ ထုတ္ ဖို႔အတြက္ ဒီေနရာကိုေရာက္လာခဲ့တာပါ။ သက္ငယ္ မုဒိမ္း ကိုလႊတ္ေတာ္မွာသမၼတႀကီးဦးဝင္းျမင့္ကိုယ္တိုင္ေသဒဏ္ခ်ဖို႔ေျပာထားပါတယ္။အဲ့ဒီအတြက္ ေၾကာင့္ကြၽန္ေတာ္တို႔ကိုယ္တိုင္ကလည္း ကြၽန္ေတာ္တို႔ႏိုင္ငံကိုအုပ္ခ်ဳပ္တဲ့သမၼတကိုယ္တိုင္က ေသဒဏ္ခ်မွတ္ ေပးထားတာ၊ ဥပေဒခ်မွ တ္ေပးထားတာကိုကြၽန္ေတာ္တို႔အေနနဲ႔ မလြန္ဆန္ပါဘူး။

ကြၽန္ေတာ္တို႔ကိုယ္တိုင္ကလည္းမႏွစ္ၿမိဳ႕တဲ့ကိစၥျဖစ္ေနတဲ့အတြက္ေၾကာင့္ေသဒဏ္ခ်မွတ္ဖို႔အတြက္ပဲေတာင္းဆိုခ်င္ပါတယ္”လို႔ဆႏၵထုတ္ေဖာ္ပြဲသို႔လာေရာက္ဝန္းရံသည့္ပ်ဥ္းမနားၿမိဳ႕မွကိုထက္ပိုင္စိုးဆိုသူမွေျပာၾကားခဲ့ပါတယ္။

PTG
ေနျပည္ေတာ္၊ဇူလိုင္-၁၃