ဒေါနတောင်တန်းတွင်ရှိသော ကမ္ဘာ့ရှားပါးမျိုးစိတ် ၉ ခုခန့် ခြိမ်းခြောက်ခံရလျက်ရှိဟု “Nature in Peril” အစီရင်ခံစာတွင် ဖော်ပြ
ဒေါနတောင်တန်းတွင်ရှိသော ကမ္ဘာ့ရှားပါးမျိုးစိတ် ၉ ခုခန့် ခြိမ်းခြောက်ခံရလျက်ရှိဟု “Nature in Peril” အစီရင်ခံစာတွင် ဖော်ပြ
ဒေါနတောင်တန်းတွင်ရှိသော ကမ္ဘာ့ရှားပါးမျိုးစိတ် ၉ ခုခန့် ခြိမ်းခြောက်ခံရလျက်ရှိတယ်လို့ ထားဝယ် - ထီးခီး လမ်းမတစ်လျှောက်တွင် သစ်တော များနှင့် တောရိုင်းတိရစ္ဆာန်များ ရင်ဆိုင်နေရသော အန္တရာယ်များကို ဖော်ထုတ်ရေးသားထားသည့် “Nature in Peril” အစီရင်ခံ စာ တွင်ဖော်ပြခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ထားဝယ်လမ်းမကြီးစီမံကိန်းကို ဇီဝမျိုးစုံ၊မျိုးကွဲများအား အကာအကွယ်ပေးနိုင်ရေး အတွက် ပြီးပြည့်စုံသော အစီအစဉ် မပါရှိပဲဆက်လက်ဖောက် လုပ်မည်ဆိုပါက မြန်မာနိုင်ငံရှိစိမ်းလန်းစိုပြေနေသော မိုးသစ်တောများနှင့်ကမ္ဘာလုံးအတိုင်းအတာဖြင့် မျိုးသုန်းပျောက်ကွယ် ရန် အလားအလာရှိသော ဇီဝမျိုးဆိတ်ပေါင်း အနည်းဆုံး(၉)ခုခန့်သည် ဘေးအန္ တရာယ်များနှင့်ကြုံတွေ့နိုင်ကြောင်း သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ ကျွမ်းကျင် ပညာ ရှင်များကသတိပေးပြောကြားထားတယ်လို့ုလည်း ဆိုပါတယ်။
“ဒီလမ်းမကြီးက တနသာၤရီဒေသအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုဆောင်ကြဉ်းပေးနိုင်မယ်ဆိုတာ သဘောပေါက်ပါတယ်။ ဒါပေမဲ့ လည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတစ်ခုတည်းနဲ့မြန်မာနိုင်ငံအတွက်အ ဖိုးမဖြတ်နိုင်တဲ့ သစ်တောရတနာနဲ့တောရိုင်းတိရစ္ဆာန်တွေကို ဆုံးရှုံးလိုက် ရတာ မျိုးတော့ မဖြစ်သင့်ပါ ဘူး။လူသားတွေအတွက် လမ်းတွေလိုအပ်သလိုပဲ သဘာဝ တရားကြီးအတွက်လည်း တောရိုင်း တိရစ္ဆာန်တွေ ကျင်လည် ကျက်စားရာ ရွှေ့ပြောင်းသွားလာရာလမ်းကြောင်းတွေကိုလည်း မရှိမဖြစ်လိုပါတယ်။ ဒါမှသာတောရိုင်း တိရိစ္ဆာန်တွေ ကူးသန်းသွား လာနိုင်မှာပါ။
အခုဖောက်လုပ်တဲ့လမ်းကို ဒီဇိုင်းဆွဲရာမှာ ဒီလိုအရေးကြီးတဲ့အချက်တွေကိုလျစ်လျုရှုထားတာတွေ့ရပါတယ်။”လို့ WWF - မြန်မာ၏ ထိန်းသိမ်းရေး အစီအစဉ် ညွှန်ကြားရေးမှူးဖြစ်သူ Nick Cox က ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ကမ္ဘာလုံး ဆိုင်ရာသဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့(WWF)the Smithsonian Institute နှင့်ဟောင်ကောင်တက္ကသိုလ်တို့မှသိပ္ပံပညာရှင်များနှင့် သုတေသနပညာရှင်များက ထားဝယ်လမ်းမကြီးကြောင့် ဒေါန - တနသာၤရီ(DT)ဒေသပေါ် ကျရောက်လာနိုင်မည့် အန္တရာယ်များ ကိုထောက်ပြ ထားပြီး အဆိုပါအန္တရာယ်များလျော့ပါစေရန်လုပ်ဆောင်ရမည့် အချက်များကို ယင်းအစီရင်ခံစာမှာ အဆိုပြုတင်ပြထားတယ် လို့လည်း သိရပါတယ်။
 “ကျနော်တို့ကအစိုးရကိုပြောချင်တာထောက်ပြချင်တာက ထားဝယ် - ထီးခမ်းလမ်းက သစ်တောပြုန်းတာတွေ မျိူးသုန်းပျောက်ကွယ်ဖို့ အလား အလာရှိတဲ့ ဇီဝမျိုးစိတ်တွေကိုထိခိုက်နိုင်တာတွေရှိတယ်။ဒါတွေကို ဘယ်လိုမျိုးကာကွယ်နိုင်မလဲဆိုတာကို တင်ပြခြင်းအားဖြင့် သဘာ၀ ပတ်ဝန်း ကျင်ထိခိုက်မှုကို ဘယ်လိုလျော့ချနိုင်လဲဆိုတာကိုတိုက်တွန်းချင်တာပါ။အဲ့ဒါကြောင့် ကျနော်တို့က ဒီအစီရင်ခံစာကိုထုတ်ပြန်ရခြင်းဖြစ်ပါတယ်။ ဒီအစီရင်ခံစာက တစ်ကမ္ဘာလုံးမှာမျိုးတုန်းပျောက်ကွယ်မယ့် တိရိစ္ဆာန်အားလုံးအတွက် ပြောပြချင်တာပါ။ ဒီဇိုင်းဆွဲဖို့နဲ့လမ်းဖောက်လုပ်ဖို့က အစိုးရမှာတာဝန်ရှိပါတယ်။ဒါပေမယ့် ဒီအစီရင်ခံစာကို အစိုးရကိုတင်ပြမယ် အစိုးရကလည်းဒါကိုနားလည်သဘောပေါက်သွားရင် ဒါကို ဘယ်လိုလျော့ချနိုင်မလဲ ဆိုတဲ့နည်းလမ်းတွေရမယ်၊ တောရိုင်းတိရိစ္ဆာန်တွေကို ကာကွယ်စောင့်ရှောက်ဖို့ ဒီဇိုင်းဘယ်လိုဆွဲရမလဲဆိုတာကို သိသွားပြီး ဒီဇိုင်းဆွဲနိုင်မယ် လမ်းဖောက်လုပ်နိုင်ပြီဆိုရင် အဲ့ဒေသမှာရှိတဲ့တောရိုင်းတိရစ္ဆာန်တွေကိုပြည့်ပြည့်၀၀ ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်” လို့ ညွှန်ကြားရေးမှူးဖြစ်သူ Nick Cox ကဆက်လက်ပြောပြခဲ့ပါတယ်။
ကီလိုမီတာအားဖြင့် ၁၃၈ အရှည်ရှိသော နှစ်လမ်းသွားထားဝယ်လမ်းမကြီးသည် ထားဝယ်အထူူးစီးပွားရေးဇုန်နှင့်ထိုင်းနိုင်ငံကို ဆက်သွယ်ပေး ထားကြောင်း၊ယင်းလမ်းမကြီးသည် အာရှတွင်တစ်ဆက်စပ်တည်းတည်ရှိသည့် အကြီးမားဆုံးသောသစ်တောများအနက်တစ်ခုဖြစ်သည့် ဒေါန - တနသာၤရီဒေသကိုဖြတ်ကာထောက်ပံ့ပေးထားကြောင်းနှင့်ထိုဒေသသည် မြန်မာနှင့်ထိုင်းနယ်စပ်တွင် တည်ရှိပြီး ထူးခြာရှားပါးသည့် တောရိုင်း တိရစ္ဆာန်များ၊မပျက်မစီးသေးဘဲ အကောင်းအတိုင်းရှိနေသေးသော သစ်တောများနှင့် ဌာနေတိုင်းရင်းသား မျိုးနွယ်စုများ မှီတင်းနေထိုင်ရာဒေသဖြစ်ကြောင်း၊ ဒါ့အပြင် ထိုဒေသဟာ နို့တိုက်သတ္တဝါမျိုးစိတ် ၁၆၈ မျိုး၊ငှက်မျိုးစိတ် ၅၆၈ မျိုးနှင့် တွားသွားသတ္တဝါများ၊ ကုန်းနေရေနေ သတ္တဝါများ အင်းဆက်များ၊ငါးများနှင့်အပင်မျိုးစိပ်များထောင်ပေါင်းများစွာ မှီတင်းနေထိုင်ရာနယ်မြေဒေသတစ်ခု လည်းဖြစ်တယ်လို့ WWF - မြန်မာ၏ စစ်တမ်းကောက်ယူမှုတွေအရ သိရပါတယ်။
၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ ထိုင်းနိုင်ငံနှင့်ဂျပန်နိုင်ငံတို့ကြား ထားဝယ်အထူးစီးပွားရေးဇုန် နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးပြီး နောက်ပိုင်း တွင် အီတာလျံ-ထိုင်းတည်ဆောက်ရေး(ITD) ကုမ္ပဏီအနေဖြင့် ထားဝယ် - ထီးခီး နှစ်လမ်းသွားလမ်းမကြီးဖောက်လုပ်ရန် မြန်မာအစိုးရနှင့်သဘောတူစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဆောက်လုပ်ရေဝန်ကြီး ဌာန၊သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန လမ်းဖောက်လုပ်သူ ITD ကုမ္ပဏီတို့ပူးပေါင်း၍ လမ်းမကြီးဆောက်လုပ်စဉ်နှင့်အဆင့်မြှင့်တင်စဉ်တွင် ပျက်စီးသွားခဲ့သောသစ်တောများကို ပြန်လည်အစားထိုး စိုက်ပျိုးရန် နှင့်ဂေဟဗေဒစနစ်ပြန်လည်ပြုပြင်ရန် လုံလောက်သောအစီအစဉ်တစ်ခုကို အကောင်အထည် ဖော်သင့်ကြောင်း အကြံပြုချက်ကိုလည်း ယင်းအစီရင်ခံစာမှာဖော်ပြထားတယ်လို့ ဆိုပါတယ်။
ပြေသိမ်း
ရန်ကုန်၊ဇူလိုင် ၁၁
(  Zawgyi  )
အဆိုပါ ထားဝယ်လမ်းမကြီးစီမံကိန်းကို ဇီဝမျိုးစုံ၊မျိုးကွဲများအား အကာအကွယ်ပေးနိုင်ရေး အတွက် ပြီးပြည့်စုံသော အစီအစဉ် မပါရှိပဲဆက်လက်ဖောက် လုပ်မည်ဆိုပါက မြန်မာနိုင်ငံရှိစိမ်းလန်းစိုပြေနေသော မိုးသစ်တောများနှင့်ကမ္ဘာလုံးအတိုင်းအတာဖြင့် မျိုးသုန်းပျောက်ကွယ် ရန် အလားအလာရှိသော ဇီဝမျိုးဆိတ်ပေါင်း အနည်းဆုံး(၉)ခုခန့်သည် ဘေးအန် တရာယ်များနှင့်ကြုံတွေ့နိုင်ကြောင်း သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ကျွမ်းကျင် ပညာ ရှင်များကသတိပေးပြောကြားထားတယ်လို့လည်း ဆိုပါတယ်။
ကီလိုမီတာအားဖြင့် ၁၃၈ အရှည်ရှိသော နှစ်လမ်းသွားထားဝယ်လမ်းမကြီးသည် ထားဝယ်အထူးစီးပွားရေးဇုန်နှင့်ထိုင်းနိုင်ငံကို ဆက်သွယ်ပေး ထားကြောင်း၊ယင်းလမ်းမကြီးသည် အာရှတွင်တစ်ဆက်စပ်တည်းတည်ရှိသည့် အကြီးမားဆုံးသောသစ်တောများအနက်တစ်ခုဖြစ်သည့် ဒေါန - တနသာင်္ရီဒေသကိုဖြတ်ကာထောက်ပံ့ပေးထားကြောင်းနှင့်ထိုဒေသသည် မြန်မာနှင့်ထိုင်းနယ်စပ်တွင် တည်ရှိပြီး ထူးခြာရှားပါးသည့် တောရိုင်း တိရစ္ဆာန်များ၊မပျက်မစီးသေးဘဲ အကောင်းအတိုင်းရှိနေသေးသော သစ်တောများနှင့် ဌာနေတိုင်းရင်းသား မျိုးနွယ်စုများ မှီတင်းနေထိုင်ရာဒေသဖြစ်ကြောင်း၊ ဒါ့အပြင် ထိုဒေသဟာ နို့တိုက်သတ္တဝါမျိုးစိတ် ၁၆၈ မျိုး၊ငှက်မျိုးစိတ် ၅၆၈ မျိုးနှင့် တွားသွားသတ္တဝါများ၊ ကုန်းနေရေနေ သတ္တဝါများ အင်းဆက်များ၊ငါးများနှင့်အပင်မျိုးစိပ်များထောင်ပေါင်းများစွာ မှီတင်းနေထိုင်ရာနယ်မြေဒေသတစ်ခု လည်းဖြစ်တယ်လို့ WWF - မြန်မာ၏ စစ်တမ်းကောက်ယူမှုတွေအရ သိရပါတယ်။
ပြေသိမ်း
ရန်ကုန်၊ဇူလိုင် ၁၁