ဒီမိုကရေစီယဉ်ကျေးမှုတစ်ရပ် ရှင်သန်စေချင်ရင် ချိန်ခွင်လျှာညီမျှ ခြင်းတန်ဖိုး ကိုသဘောပေါက်ဖို့လိုဟု အတိုင်ပင်ခံပုဂ္ဂိုလ်ဆို

ဒီမိုကရေစီယဉ်ကျေးမှုတစ်ရပ် ရှင်သန်စေချင်ရင် ချိန်ခွင်လျှာညီမျှ ခြင်းတန်ဖိုး ကိုသဘောပေါက်ဖို့လိုဟု အတိုင်ပင်ခံပုဂ္ဂိုလ်ဆို

ဒီမိုကရေစီယဉ်ကျေးမှုတစ်ရပ် ရှင်သန်စေချင်လို့ရှိရင် ကျွန်မတို့ တဦးချင်း တစ်ဦးချင်းဟာ ချိန်ခွင် လျှာ ညီမျှ ခြင်းရဲ့တန်ဖိုးကို သဘောပေါက်ဖို့လိုတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်း စုကြည် က ယနေ့မွန်းလွဲပိုင်းမှာ နေပြည်တော်လွှတ်တော်ဝန်းသဘင်ဆောင်မှာ ပြုလုပ်တဲ့ ၂၀၁၉-ခုနှစ်၊အပြည် ပြည်ဆိုင်ရာဒီမိုကရေစီနေ့အထိမ်းအမှတ်အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

"ဒီမိုကရေစီယဉ်ကျေးမှုတစ်ရပ် ရှင်သန်စေချင်လို့ရှိရင် ကျွန်မတို့ တဦးချင်း တစ်ဦးချင်းဟာ ချိန်ခွင်လျှာ ညီမျှ ခြင်းရဲ့တန်ဖိုးကို သဘောပေါက်ဖို့လိုပါတယ်။ ကိုယ့်အတွက်အများအတွက် ဥပမာဆိုလို့ရှိရင် ကျွန်မတို့ ခဏခဏ ပြောပါတယ်။ဒီမိုကရေစီ အခွင့်အရေးတင်စဉ်းစားလို့ မရဘူး။ တာဝန်တွေလည်း စဉ်းစားရမယ်။ အခွင့်အရေးဟာ ကိုယ့်အတွက် တာဝန်တွေဟာ ပများအတွက် လူ့အခွင့်အရေးဆိုတာ အများအတွက် တစ်ဦး ချင်းအတွက် တရားဥပဒေစိုးမိုးရေးဟာအများအတွက် ဒါတွေဟာ ချိန်ခွင်လျှာ ညီမျှ ရမယ်။ ကိုယ့်အတွက် ပိုလို့ရှိရင်လည်း မကောင်းသလို အများအတွက်ဆိုပြီးတော့ တဦးလျင်း တဦးချင်းရဲ့. အခွင့်အရေး တွေ လွတ်လပ်ခွင့်တွေကို ချုပ်ချယ်လို့ရှိရင်လည်းကောင်းမှာ မဟုတ်ပါဘူး။

အဲ့တော့ ကျွန်မတို့ အတ္တဟိတ ပရဟိတ နှစ်ခုပေါင်းပြီး နှစ်ခုစလုံးကို ချိန်ခွင်လျှာ ညီမျှအောင် လုပ်တဲ့နေရာ မှာ အားလုံးပူးပေါင်းဆောင်ရွက်ဖို့ သည့်လိုပါတယ်"လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ပါတယ်။

ထိုပြင်နိုင်ငံတော်အ တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က" ကျွန်မတို့ ဒီမိုကရေစီ အတွက်ကြိုး ပမ်းတဲ့နေရာမှာ အားလုံးတဦးချင်းတဦးချင်း ကိုယ့်ရဲ့တန်ဖိုးကို မမေ့ဖို့လိုပါတယ်။ ပြည်သူ့အင်အား ဆိုတာ အားလုံးပူးပေါင်းမှဖြစ်တာပါ။ တဦးချင်းတဦးချင်းမှာ တန်ဖိုးရှိပါတယ်။ အဲ့တန်ဖိုးကို မှန်မှန် ကန်ကန်သုံးပါ ကျွန်မတို့ရဲ့. ပြည်သူ့အင်အားကို ကောင်းမွန်တဲ့အင်အားဖြစ်အောင်ကြိုးစားစေချင်ပါတယ်။ ဒီလိုကောင်းမွန် တဲ့အင်အားဖြစ်လာမှ ကျွန်မတို့ ကောင်းမွန်တဲ့ အင်အားတခု ထူထောင်နိုင် မယ်။ ကောင်းမွန်တဲ့ ကမ္ဘာကြီး တခုကို ထူထောင်နိုင်မှာဖြစ်ပါတယ်။တချို့တွေက ဒီမိုကရေစီ စနစ် ဆိုတာ ကိုယ်ရဖို့အတွက်လို့ ထင်ကြ ပါတယ်။တကယ်တော့ရဖို့အတွက်ပဲစဉ်းစားကြသူများဟာ ကိုယ့်ကိုယ် ကို တန်ဖိုးမထားတာပဲ။ပေးဖို့အတွက် စဉ်းစားမှ ကိုယ့်တန်ဖိုးကိုယ်သိတယ်ဆိုတာ သတိချက်စေလိုပါတယ်"လို့လည်းပြောကြားခဲ့ပါတယ်။

ယနေ့အခမ်းအနားသို့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊နိုင်ငံတော်သမ္မတဦးဝင်းမြင့်တက်ရောက်၍အဖွင့်မိန့်ခွန်းပြောကြားခြင်း၊ပြည်ထောင်စုလွှတ်တော်နာယက၊ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခွန်တီမြတ်မှအဖွင့်အမှာစကားပြောကြားခြင်း၊ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏သဝဏ်လွှာဖတ်ကြားခြင်းပါတီ၊အဖွဲ့အစည်းများမှစာတမ်းများဖတ်ကြားခြင်းများဆောင်ရွက်ခဲ့ကြပါတယ်။

PTG
နေပြည်တော်၊စက်တင်ဘာ-၁၅

(  Zawgyi  )

 ဒီမိုကေရစီယဥ္ေက်းမႈတစ္ရပ္ ရွင္သန္ေစခ်င္လို႔ရွိရင္ ကြၽန္မတို႔ တဦးခ်င္း တစ္ဦးခ်င္းဟာ ခ်ိန္ခြင္ လွ်ာ ညီမွ် ျခင္းရဲ႕တန္ဖိုးကို သေဘာေပါက္ဖို႔လိုတယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္း စုၾကည္ က ယေန႔မြန္းလြဲပိုင္းမွာ ေနျပည္ေတာ္လႊတ္ေတာ္ဝန္းသဘင္ေဆာင္မွာ ျပဳလုပ္တဲ့ ၂၀၁၉-ခုႏွစ္၊အျပည္ ျပည္ဆိုင္ရာဒီမိုကေရစီေန႔အထိမ္းအမွတ္အခမ္းအနားမွာ ေျပာၾကားခဲ့ပါတယ္။

"ဒီမိုကေရစီယဥ္ေက်းမႈတစ္ရပ္ ရွင္သန္ေစခ်င္လို႔ရွိရင္ ကြၽန္မတို႔ တဦးခ်င္း တစ္ဦးခ်င္းဟာ ခ်ိန္ခြင္လွ်ာ ညီမွ် ျခင္းရဲ႕တန္ဖိုးကို သေဘာေပါက္ဖို႔လိုပါတယ္။ ကိုယ့္အတြက္အမ်ားအတြက္ ဥပမာဆိုလို႔ရွိရင္ ကြၽန္မတို႔ ခဏခဏ ေျပာပါတယ္။ဒီမိုကေရစီ အခြင့္အေရးတင္စဥ္းစားလို႔ မရဘူး။ တာဝန္ေတြလည္း စဥ္းစားရမယ္။ အခြင့္အေရးဟာ ကိုယ့္အတြက္ တာဝန္ေတြဟာ ပမ်ားအတြက္ လူ႔အခြင့္အေရးဆိုတာ အမ်ားအတြက္ တစ္ဦး ခ်င္းအတြက္ တရားဥပေဒစိုးမိုးေရးဟာအမ်ားအတြက္ ဒါေတြဟာ ခ်ိန္ခြင္လွ်ာ ညီမွ် ရမယ္။ ကိုယ့္အတြက္ ပိုလို႔ရွိရင္လည္း မေကာင္းသလို အမ်ားအတြက္ဆိုၿပီးေတာ့ တဦးလ်င္း တဦးခ်င္းရဲ႕. အခြင့္အေရး ေတြ လြတ္လပ္ခြင့္ေတြကို ခ်ဳပ္ခ်ယ္လို႔ရွိရင္လည္းေကာင္းမွာ မဟုတ္ပါဘူး။

အဲ့ေတာ့ ကြၽန္မတို႔ အတၱဟိတ ပရဟိတ ႏွစ္ခုေပါင္းၿပီး ႏွစ္ခုစလုံးကို ခ်ိန္ခြင္လွ်ာ ညီမွ်ေအာင္ လုပ္တဲ့ေနရာ မွာ အားလုံးပူးေပါင္းေဆာင္႐ြက္ဖို႔ သည့္လိုပါတယ္"လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ က ေျပာၾကားခဲ့ပါတယ္။

ထိုျပင္ႏိုင္ငံေတာ္အ တိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က" ကြၽန္မတို႔ ဒီမိုကေရစီ အတြက္ႀကိဳး ပမ္းတဲ့ေနရာမွာ အားလုံးတဦးခ်င္းတဦးခ်င္း ကိုယ့္ရဲ႕တန္ဖိုးကို မေမ့ဖို႔လိုပါတယ္။ ျပည္သူ႔အင္အား ဆိုတာ အားလုံးပူးေပါင္းမွျဖစ္တာပါ။ တဦးခ်င္းတဦးခ်င္းမွာ တန္ဖိုးရွိပါတယ္။ အဲ့တန္ဖိုးကို မွန္မွန္ ကန္ကန္သုံးပါ ကြၽန္မတို႔ရဲ႕. ျပည္သူ႔အင္အားကို ေကာင္းမြန္တဲ့အင္အားျဖစ္ေအာင္ႀကိဳးစားေစခ်င္ပါတယ္။ ဒီလိုေကာင္းမြန္ တဲ့အင္အားျဖစ္လာမွ ကြၽန္မတို႔ ေကာင္းမြန္တဲ့ အင္အားတခု ထူေထာင္ႏိုင္ မယ္။ ေကာင္းမြန္တဲ့ ကမာၻႀကီး တခုကို ထူေထာင္ႏိုင္မွာျဖစ္ပါတယ္။တခ်ိဳ႕ေတြက ဒီမိုကေရစီ စနစ္ ဆိုတာ ကိုယ္ရဖို႔အတြက္လို႔ ထင္ၾက ပါတယ္။တကယ္ေတာ့ရဖို႔အတြက္ပဲစဥ္းစားၾကသူမ်ားဟာ ကိုယ့္ကိုယ္ ကို တန္ဖိုးမထားတာပဲ။ေပးဖို႔အတြက္ စဥ္းစားမွ ကိုယ့္တန္ဖိုးကိုယ္သိတယ္ဆိုတာ သတိခ်က္ေစလိုပါတယ္"လို႔လည္းေျပာၾကားခဲ့ပါတယ္။

ယေန႔အခမ္းအနားသို႔ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္၊ႏိုင္ငံေတာ္သမၼတဦးဝင္းျမင့္တက္ေရာက္၍အဖြင့္မိန႔္ခြန္းေျပာၾကားျခင္း၊ျပည္ေထာင္စုလႊတ္ေတာ္နာယက၊ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ဦးခြန္တီျမတ္မွအဖြင့္အမွာစကားေျပာၾကားျခင္း၊ကုလသမဂၢအေထြေထြအတြင္းေရးမႉးခ်ဳပ္၏သဝဏ္လႊာဖတ္ၾကားျခင္းပါတီ၊အဖြဲ႕အစည္းမ်ားမွစာတမ္းမ်ားဖတ္ၾကားျခင္းမ်ားေဆာင္႐ြက္ခဲ့ၾကပါတယ္။

PTG
ေနျပည္ေတာ္၊စက္တင္ဘာ-၁၅