ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအရှိန်အဟုန်ရပ်တန့်သွားမည် လမ်းချော်လမ်းလွဲသွားမည်ကို စိုးရိမ်မိဟု သူရဦးရွှေမန်း ပြောကြား

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအရှိန်အဟုန်ရပ်တန့်သွားမည် လမ်းချော်လမ်းလွဲသွားမည်ကို စိုးရိမ်မိဟု သူရဦးရွှေမန်း ပြောကြား

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအရှိန်အဟုန်ရပ်တန့်သွားမည် လမ်းချော်လမ်းလွဲသွားမည်ကို စိုးရိမ်မိတယ်လို့ ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီ ခေါင်းဆောင် သူရဦးရွှေမန်း ကပြောကြားလိုက်ပါတယ်။

အဆိုပါပြောကြားမှုကို ဇွန် ၁၇ ရက်နေ့က မန္တလေးတိုင်းဒေသကြီး၊သပိတ်ကျင်းနှင့်စဉ့်ကူးမြို့နယ်ရှိ ကျေးရွာများတွင်ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနှင့်လူထုတွေ့ဆုံပွဲ အခမ်းအနားမှာ ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ဒါ့အပြင် UBP ပါတီခေါင်းဆောင် သူရဦးရွှေမန်းက သွေးစည်းညီညွတ်ရေးသည်အရေးကြီးပြီး အချင်းချင်းရန်ဖြစ်နေ ပဋိပက္ခဖြစ်နေ၍မရသလို  အပြစ်ရှာ အပြစ်တင်နေ၍လည်း အကျိုးမရှိဘူးလို့ အဆိုပါလူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါသေးတယ်။

"သွေးစည်းညီညွတ်ရေးဟာအရေးကြီးပါတယ်။အချင်းချင်းရန်ဖြစ်နေ ပဋိပက္ခဖြစ်နေ၍မရသလို အပြစ်ရှာ အပြစ်တင်နေ၍လည်း အကျိုးမရှိပါဘူး။မည်သူမျှပြီးပြည့်စုံကြမည်မဟုတ်သလိုလူတိုင်းတွင်တန်ဖိုးကိုယ်စီရှိကြပါတယ်။ထိုတန်ဖိုးကိုအကျိုးရှိစွာအသုံးပြုနိုင်ရန်ဖြစ်ပါတယ်။ကျနော်အနေနဲ့ ဒီမိုကရေစီပြု ပြင် ပြောင်းလဲရေးရှင်သန်အောင်မြင်အောင် အပြောမဟုတ်ဘဲ အရေးပါသောအခန်းကဏ္ဍမှ လက်တွေ့ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။အခက်အခဲအကြပ်အတည်း အနှောင့်အယှက်များကြုံတွေ့ရ သော်လည်း နိုင်ငံ့အတွက် ပြည်သူ့အတွက် ရဲရဲဝံ့ဝံ့ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ဒီမိုကရေစီပြု ပြင်ပြောင်းလဲရေးအရှိန်အဟုန် ရပ်တန့်သွားမည် လမ်းချော်လမ်းလွဲသွား မည်ကိုလည်း စိုးရိမ်ပါတယ်။ ဒီမိုကရေစီမဆန်သော ဖြစ်စဉ်ဖြစ်ရပ်များ မဖြစ်စေလိုပါဘူး။အာဏာရှင်ဆန်သောလုပ်ရပ်များ မဖြစ်စေလိုပါဘူး။”လို့ UBP ပါတီခေါင်းဆောင် သူရဦးရွှေမန်းက ပြောကြားခဲ့တာပါ။

ဆက်လက်၍ ၎င်းက ပြုမူပြောဆိုလုပ်ဆောင်မှုများသည် နိုင်ငံ့အတွက် ပြည်သူ့အတွက် အကျိုးဖြစ်ထွန်း ရေးကိုသာ ရှေ့ရှုဆောင်ရွက်ရမှာဖြစ်ပြီး ပြည်ထောင်စုကြီးကောင်းကျိုးချမ်းသာရရှိ အောင်ဆောင်ရွက်ရန် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို တည်ထောင်ခဲ့ခြင်းဖြစ်တယ်လို့လည်း ယင်းလူထုတွေ့ဆုံပွဲမှာပြောကြားခဲ့တယ်လို့ သိရပါတယ်။

ပြေသိမ်း
ရန်ကုန်၊ဇွန် ၁၈
ဓါတ်ပုံ - UBP ပါတီ

(  Zawgyi  )

 ဒီမိုကေရစီျပဳျပင္ေျပာင္းလဲေရးအရွိန္အဟုန္ရပ္တန႔္သြားမည္ လမ္းေခ်ာ္လမ္းလြဲသြားမည္ကို စိုးရိမ္မိတယ္လို႔ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ ပါတီ ေခါင္းေဆာင္ သူရဦးေ႐ႊမန္း ကေျပာၾကားလိုက္ပါတယ္။

အဆိုပါေျပာၾကားမႈကို ဇြန္ ၁၇ ရက္ေန႔က မႏၲေလးတိုင္းေဒသႀကီး၊သပိတ္က်င္းႏွင့္စဥ့္ကူးၿမိဳ႕နယ္ရွိ ေက်း႐ြာမ်ားတြင္ျပဳလုပ္ခဲ့တဲ့ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီႏွင့္လူထုေတြ႕ဆုံပြဲ အခမ္းအနားမွာ ၎က အထက္ပါအတိုင္းေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။ဒါ့အျပင္ UBP ပါတီေခါင္းေဆာင္ သူရဦးေ႐ႊမန္းက ေသြးစည္းညီၫြတ္ေရးသည္အေရးႀကီးၿပီး အခ်င္းခ်င္းရန္ျဖစ္ေန ပဋိပကၡျဖစ္ေန၍မရသလို  အျပစ္ရွာ အျပစ္တင္ေန၍လည္း အက်ိဳးမရွိဘူးလို႔ အဆိုပါလူထုေတြ႕ဆုံပြဲမွာ ေျပာၾကားခဲ့ပါေသးတယ္။

"ေသြးစည္းညီၫြတ္ေရးဟာအေရးႀကီးပါတယ္။အခ်င္းခ်င္းရန္ျဖစ္ေန ပဋိပကၡျဖစ္ေန၍မရသလို အျပစ္ရွာ အျပစ္တင္ေန၍လည္း အက်ိဳးမရွိပါဘူး။မည္သူမွ်ၿပီးျပည့္စုံၾကမည္မဟုတ္သလိုလူတိုင္းတြင္တန္ဖိုးကိုယ္စီရွိၾကပါတယ္။ထိုတန္ဖိုးကိုအက်ိဳးရွိစြာအသုံးျပဳႏိုင္ရန္ျဖစ္ပါတယ္။က်ေနာ္အေနနဲ႔ ဒီမိုကေရစီျပဳ ျပင္ ေျပာင္းလဲေရးရွင္သန္ေအာင္ျမင္ေအာင္ အေျပာမဟုတ္ဘဲ အေရးပါေသာအခန္းက႑မွ လက္ေတြ႕ ပါဝင္ေဆာင္႐ြက္ခဲ့ပါတယ္။အခက္အခဲအၾကပ္အတည္း အေႏွာင့္အယွက္မ်ားႀကဳံေတြ႕ရ ေသာ္လည္း ႏိုင္ငံ့အတြက္ ျပည္သူ႔အတြက္ ရဲရဲဝံ့ဝံ့ေဆာင္႐ြက္ခဲ့ျခင္းျဖစ္ပါတယ္။ဒီမိုကေရစီျပဳ ျပင္ေျပာင္းလဲေရးအရွိန္အဟုန္ ရပ္တန႔္သြားမည္ လမ္းေခ်ာ္လမ္းလြဲသြား မည္ကိုလည္း စိုးရိမ္ပါတယ္။ ဒီမိုကေရစီမဆန္ေသာ ျဖစ္စဥ္ျဖစ္ရပ္မ်ား မျဖစ္ေစလိုပါဘူး။အာဏာရွင္ဆန္ေသာလုပ္ရပ္မ်ား မျဖစ္ေစလိုပါဘူး။”လို႔ UBP ပါတီေခါင္းေဆာင္ သူရဦးေ႐ႊမန္းက ေျပာၾကားခဲ့တာပါ။

ဆက္လက္၍ ၎က ျပဳမူေျပာဆိုလုပ္ေဆာင္မႈမ်ားသည္ ႏိုင္ငံ့အတြက္ ျပည္သူ႔အတြက္ အက်ိဳးျဖစ္ထြန္း ေရးကိုသာ ေရွ႕ရႈေဆာင္႐ြက္ရမွာျဖစ္ၿပီး ျပည္ေထာင္စုႀကီးေကာင္းက်ိဳးခ်မ္းသာရရွိ ေအာင္ေဆာင္႐ြက္ရန္ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီကို တည္ေထာင္ခဲ့ျခင္းျဖစ္တယ္လို႔လည္း ယင္းလူထုေတြ႕ဆုံပြဲမွာေျပာၾကားခဲ့တယ္လို႔ သိရပါတယ္။

ေျပသိမ္း
ရန္ကုန္၊ဇြန္ ၁၈
ဓါတ္ပုံ - UBP ပါတီ