တောင်ပြုန်းပွဲတော်အစဉ်အလာမပြတ် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

 
တောင်ပြုန်းပွဲတော်အစဉ်အလာမပြတ် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

နှစ်စဉ်ကျင်းပနေကျတောင်ပြုန်းပွဲတော်ကို အခုနှစ်မှာလည်း အစဉ်အလာမပြတ်ဆက်လက်ကျင်းပ သွားဖို့ ဒေသအစိုးရခွင့်ပြုမိန့် ရရှိထား ပြီးဖြစ် တယ်လို့ ပွဲတော်ကျင်းပရေးတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ တောင်ပြုန်းဆုတောင်းပြည့်ဘုရားဂေါပကဥက္ကဋ္ဌ ဦးကျော်ကျော်က Opinion Leaders Media ကိုပြောပါတယ်။

"ခွင့်ပြုမိန့်ရထားပြီးပြီဆိုတော့ ဈေးဆိုင်ခန်းတွေစဆောက်နေပါပြီ၊ တိုင်းအစိုးရကစီမံချက်တွေချမှတ်ပြီး ခွင့်ပြုမိန့်ပေးခဲ့တာပါ၊ ၁၈ ရက်နေ့ကလေလံခေါ်ပြီး ၁၉ ရက်နေ့ကစဆောက်နေတာပါ၊ ခွင့်ပြုမိန့်ရပြီးသွားပြီပေါ့ဗျာ" လို့ ၎င်းကပြောပါတယ်။ နိုင်ငံရဲ့ဒေသကြီး တစ်ချို့မှာ ရာသီတုပ်ကွေး(H1N1)ရောဂါ ဖြစ်ပွားမှုတွေရှိနေချိန် အထက်အညာဒေသ ရဲ့ကြီးမား စည်ကားလှတဲ့တောင်ပြန်းပွဲတော်ကျင်းပဖြစ်မဖြစ် Opinion Leaders Media ရဲ့ဆက်သွယ်မေးမြန်းမှု အပေါ် ဂေါပကဥက္ကဋ္ဌ ဦးကျော်ကျော်ကဖြေကြားပေးခဲ့တာပါ။

တောင်ပြုန်းပွဲတော်ဟာ ၂၀၁၇ ခုနှစ်တုန်းက ရာသီတုတ်ကွေးရောဂါကူးစက်ပျံ့နှံ့နေချိန်နဲ့ တိုက်ဆိုင် တာကြောင့် ပွဲကျင်းပခွင့်တားမြစ်ခံခဲ့ ရဖူး ပါတယ်။ "အဲဒီတုန်းက ဈေးသည်တွေလည်းအခက်အခဲဖြစ်ကြရတာပေါ့ဗျာ ခုထိ အဲဒီကိစ္စကြောင့် အဆင်မပြေကြ သေးတဲ့ဈေးသည်တွေ ရှိသေးတယ် ဒီနှစ်တော့ စိုးရိမ်နေကြတာအပေါ် တိုင်းအစိုးရက ခွင့်ပြုပေးလိုက်ပါပြီ" လို့လည်း ၎င်းကဆိုပါတယ်။

 "ကျန်းမာရေးစောင့်ရှောက်မှုတွေ အရင်နှစ်ကထက်ပိုစီစဉ်ထားတယ် တိုင်းကျန်းမာရေးကလည်း ညွှန်ကြားချက်တွေနဲ့ ကျကျနန လုပ်ပေး သွားမယ် ဆိုတော့ စိုးရိမ်စရာအခြေအနေသိပ်ရှိမယ်မထင်ပါဘူး" လို့ ဦးကျော်ကျော်ကပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် တောင်ပြုန်းကြိးကျေးရွာမှာနှသစ်စဉ်ကျင်းပနေကျဖြစ်တဲ့ တောင်ပြုန်းပွဲတော်ကို လာမယ့်သြဂုတ်လ ၈ ရက် ဝါခေါင်လဆန်း ၈ ရက်မှ သြဂုတ်လ ၁၅ ရက် ဝါခေါင်လပြည့်နေ့အထိအစဉ်အလာမပြတ်ကျင်းပသွားမှာဖြစ်ပါတယ်။

KT
မန္တလေး၊ ဇူလိုင် ၂၆

(  Zawgyi  )

 ႏွစ္စဥ္က်င္းပေနက်ေတာင္ျပဳန္းပြဲေတာ္ကို အခုႏွစ္မွာလည္း အစဥ္အလာမျပတ္ဆက္လက္က်င္းပ သြားဖို႔ ေဒသအစိုးရခြင့္ျပဳမိန႔္ ရရွိထား ၿပီးျဖစ္ တယ္လို႔ ပြဲေတာ္က်င္းပေရးတာဝန္ရွိသူတစ္ဦးျဖစ္တဲ့ ေတာင္ျပဳန္းဆုေတာင္းျပည့္ဘုရားေဂါပကဥကၠ႒ ဦးေက်ာ္ေက်ာ္က Opinion Leaders Media ကိုေျပာပါတယ္။

"ခြင့္ျပဳမိန႔္ရထားၿပီးၿပီဆိုေတာ့ ေဈးဆိုင္ခန္းေတြစေဆာက္ေနပါၿပီ၊ တိုင္းအစိုးရကစီမံခ်က္ေတြခ်မွတ္ၿပီး ခြင့္ျပဳမိန႔္ေပးခဲ့တာပါ၊ ၁၈ ရက္ေန႔ကေလလံေခၚၿပီး ၁၉ ရက္ေန႔ကစေဆာက္ေနတာပါ၊ ခြင့္ျပဳမိန႔္ရၿပီးသြားၿပီေပါ့ဗ်ာ" လို႔ ၎ကေျပာပါတယ္။ ႏိုင္ငံရဲ႕ေဒသႀကီး တစ္ခ်ိဳ႕မွာ ရာသီတုပ္ေကြး(H1N1)ေရာဂါ ျဖစ္ပြားမႈေတြရွိေနခ်ိန္ အထက္အညာေဒသ ရဲ႕ႀကီးမား စည္ကားလွတဲ့ေတာင္ျပန္းပြဲေတာ္က်င္းပျဖစ္မျဖစ္ Opinion Leaders Media ရဲ႕ဆက္သြယ္ေမးျမန္းမႈ အေပၚ ေဂါပကဥကၠ႒ ဦးေက်ာ္ေက်ာ္ကေျဖၾကားေပးခဲ့တာပါ။

ေတာင္ျပဳန္းပြဲေတာ္ဟာ ၂၀၁၇ ခုႏွစ္တုန္းက ရာသီတုတ္ေကြးေရာဂါကူးစက္ပ်ံ႕ႏွံ႔ေနခ်ိန္နဲ႔ တိုက္ဆိုင္ တာေၾကာင့္ ပြဲက်င္းပခြင့္တားျမစ္ခံခဲ့ ရဖူး ပါတယ္။ "အဲဒီတုန္းက ေဈးသည္ေတြလည္းအခက္အခဲျဖစ္ၾကရတာေပါ့ဗ်ာ ခုထိ အဲဒီကိစၥေၾကာင့္ အဆင္မေျပၾက ေသးတဲ့ေဈးသည္ေတြ ရွိေသးတယ္ ဒီႏွစ္ေတာ့ စိုးရိမ္ေနၾကတာအေပၚ တိုင္းအစိုးရက ခြင့္ျပဳေပးလိုက္ပါၿပီ" လို႔လည္း ၎ကဆိုပါတယ္။

 "က်န္းမာေရးေစာင့္ေရွာက္မႈေတြ အရင္ႏွစ္ကထက္ပိုစီစဥ္ထားတယ္ တိုင္းက်န္းမာေရးကလည္း ၫႊန္ၾကားခ်က္ေတြနဲ႔ က်က်နန လုပ္ေပး သြားမယ္ ဆိုေတာ့ စိုးရိမ္စရာအေျခအေနသိပ္ရွိမယ္မထင္ပါဘူး" လို႔ ဦးေက်ာ္ေက်ာ္ကေျပာပါတယ္။

မႏၲေလးတိုင္းေဒသႀကီး မတၱရာၿမိဳ႕နယ္ ေတာင္ျပဳန္းႀကိးေက်း႐ြာမွာႏွသစ္စဥ္က်င္းပေနက်ျဖစ္တဲ့ ေတာင္ျပဳန္းပြဲေတာ္ကို လာမယ့္ၾသဂုတ္လ ၈ ရက္ ဝါေခါင္လဆန္း ၈ ရက္မွ ၾသဂုတ္လ ၁၅ ရက္ ဝါေခါင္လျပည့္ေန႔အထိအစဥ္အလာမျပတ္က်င္းပသြားမွာျဖစ္ပါတယ္။

KT
မႏၲေလး၊ ဇူလိုင္ ၂၆