တစ်ပိုင်တစ်နိုင်ကားဝယ်ရောင်းသူများက အမှုဆောင်အဖွဲ့ ဖွဲ့စည်းကာ အခက်အခဲများ ကို အစိုးရအဖွဲ့သို့တင်ပြမည်ဟု ဆို

တစ်ပိုင်တစ်နိုင်ကားဝယ်ရောင်းသူများက အမှုဆောင်အဖွဲ့ ဖွဲ့စည်းကာ အခက်အခဲများ ကို  အစိုးရအဖွဲ့သို့တင်ပြမည်ဟု ဆို

တစ်ပိုင်တစ်နိုင်ကားဝယ်ရောင်းသူများအားလုံးကို ကိုယ်စားပြုသည့် အမှုဆောင်အဖွဲ့အား ဖွဲ့စည်းထားရှိပြီး ၎င်းတို့တစ်ပိုင် တစ်နိုင် ဝယ်ရောင်း များကြုံတွေ့နေရသည့် အခက်အခဲများကိုအစိုးရအဖွဲ့သို့တင်ပြနိုင်ရန် ရည်ရွယ်၍အဆိုပါအမှုဆောင်အဖွဲ့ကိုဖွဲ့စည်းလိုက်ခြင်းဖြစ်တယ်လို့ လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းမှ တစ်ပိုင်တစ်နိုင်ကားဝယ်ရောင်းလုပ်ကိုင်သူ ဦးငွေဇံ ကပြောပါတယ်။

“တစ်ဝန်းလုံးမှာရှိတဲ့သူအားလုံးရဲ့သဘောထားကိုယူပြီးတော့ အမှုဆောင်အဖွဲ့ကိုဖွဲ့လိုက်တာပါ။ တစ်ဦးတစ်ယောက် ချင်းလုပ်တာ ထက်စာရင် အခုလိုအဖွဲ့လေးနဲ့လုပ်ရင်ပိုကောင်းမယ်ပါ့။အရင်တုန်းက တစ်ဦးချင်းတစ်ယောက်ချင်းပြောနေပေမယ့်သူတို့ဘက်က ဘာမှအကြောင်းပြန် တာတွေ၊ အရေးယူတာတွေမရှိခဲ့ဘူး။ဒါကြောင့် တစ်ပိုင်တစ်နိုင်ကားဝယ်ရောင်းလုပ်တဲ့သူတွေကို ကိုယ်စားပြုတဲ့ဦးဆောင် ဦးရွက်ပြုတဲ့ သူတွေကိုအားလုံးသဘောတူညီမှုနဲ့ရွေးချယ်ပြီးအမှုဆောင်အဖွဲ့ကိုဖွဲ့ခဲ့ပါတယ်။ဒီအဖွဲ့ကဘဲတစ်ပိုင်တစ်နိုင်ဝယ်ရောင်းတွေကြုံတွေ့နေရတဲ့အခက်အခဲတွေကိုသက်ဆိုင်ရာတာဝန်ရှိသူတွေထံကိုတင်ပြမယ်ပေါ့။ ဒီလိုရည်ရွယ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ မော်တော်ယာဉ်နဲ့ ပတ်သက် တဲ့အစည်းအဝေးတွေမှာဆိုရင်   ဒီဘက်ကဘာမှမသိရပါဘူး၊မော်တော်ယာဉ်လုပ်ငန်းဆောင်ရွက်နေတဲ့သူတွေကိုဖိတ်ကြားမှုတွေမရှိဘူး။

ဖိတ်ကြားလာတဲ့အချိန်ကျရင်လည်းတစ်ဦးချင်းတစ်ယောက်ချင်းပြောလို့မရဘူးပေါ့လေ။ဒါကြောင့်အဖွဲ့အစည်းနဲ့ပဲလုပ်ရတာပေါ့၊ဒီလိုတရားဝင်အဖွဲ့အစည်းရှိသွားရင်အခက်အခဲတွေကိုပြောခွင့်ရမယ်၊တင်ပြခွင့်ရမယ်လို့ ထင်တာပဲလေ။နောက်တစ်ချက် ကမော်တော်ယာဉ် တင် သွင်းထုတ် လုပ်ရောင်းချနေတဲ့အသင်းကလည်း သူ့သဘောနဲ့ သူလုပ်ဆောင်နေတာ တွေရှိပါတယ်။ဒါကလည်းတစ်နိုင်ငံလုံးမှာရှိတဲ့ကားဝယ်ရောင်းလုပ်နေတဲ့ သူတွေရဲ့ကိုယ်စားပြောနေသရောင်ဖြစ်နေလို့ဒါကတစ်ပိုင်တစ်နိုင်ဝယ်ရောင်းသူတွေနဲ့မသက်ဆိုင်ပါဘူးဆိုတာကိုသိစေချင်တာပါ။ဒါကြောင့်ဒီလိုကိစ္စရပ်တွေကိုတင်ပြဖို့အတွက်အခုလိုအမှုဆောင်အဖွဲ့ကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ပါ တယ်။”လို့ ဦးငွေဇံ က ဆက်လက်ပြောပြခဲ့ပါတယ်။

လက်ရှိမှာတော့ လှိုင်ယာဉ်ရောင်းဝယ်ရေးစခန်းတွင်နေ့စဉ်ကားအစီးရေ(၂၀၀၀)ခန့်နှင့် သီရိမင်္ဂလာဈေးဟောင်းနှင့် သံသုမာ ယာဉ်ရောင်းဝယ်ရေး စခန်းတို့တွင်နေ့စဉ်ကားအစီးရေ(၁၀၀)မှ(၂၀၀)ခန့် တစ်ပိုင်တစ်နိုင်ယာဉ်ရောင်းဝယ်ရေးလုပ်ကိုင်သူတွေအနေနဲ့ အများဆုံးရောင်း၊ဝယ် လုပ်ကိုင်နေကြတာဖြစ်ပါတယ်။

ပြေသိမ်း
ရန်ကုန်၊ဧပြီ ၂၂

(  Zawgyi  )

 တစ္ပိုင္တစ္ႏိုင္ကားဝယ္ေရာင္းသူမ်ားအားလုံးကို ကိုယ္စားျပဳသည့္ အမႈေဆာင္အဖြဲ႕အား ဖြဲ႕စည္းထားရွိၿပီး ၎တို႔တစ္ပိုင္ တစ္ႏိုင္ ဝယ္ေရာင္း မ်ားႀကဳံေတြ႕ေနရသည့္ အခက္အခဲမ်ားကိုအစိုးရအဖြဲ႕သို႔တင္ျပႏိုင္ရန္ ရည္႐ြယ္၍အဆိုပါအမႈေဆာင္အဖြဲ႕ကိုဖြဲ႕စည္းလိုက္ျခင္းျဖစ္တယ္လို႔ လႈိင္ယာဥ္ေရာင္းဝယ္ေရးစခန္းမွ တစ္ပိုင္တစ္ႏိုင္ကားဝယ္ေရာင္းလုပ္ကိုင္သူ ဦးေငြဇံ ကေျပာပါတယ္။

“တစ္ဝန္းလုံးမွာရွိတဲ့သူအားလုံးရဲ႕သေဘာထားကိုယူၿပီးေတာ့ အမႈေဆာင္အဖြဲ႕ကိုဖြဲ႕လိုက္တာပါ။ တစ္ဦးတစ္ေယာက္ ခ်င္းလုပ္တာ ထက္စာရင္ အခုလိုအဖြဲ႕ေလးနဲ႔လုပ္ရင္ပိုေကာင္းမယ္ပါ့။အရင္တုန္းက တစ္ဦးခ်င္းတစ္ေယာက္ခ်င္းေျပာေနေပမယ့္သူတို႔ဘက္က ဘာမွအေၾကာင္းျပန္ တာေတြ၊ အေရးယူတာေတြမရွိခဲ့ဘူး။ဒါေၾကာင့္ တစ္ပိုင္တစ္ႏိုင္ကားဝယ္ေရာင္းလုပ္တဲ့သူေတြကို ကိုယ္စားျပဳတဲ့ဦးေဆာင္ ဦး႐ြက္ျပဳတဲ့ သူေတြကိုအားလုံးသေဘာတူညီမႈနဲ႔ေ႐ြးခ်ယ္ၿပီးအမႈေဆာင္အဖြဲ႕ကိုဖြဲ႕ခဲ့ပါတယ္။ဒီအဖြဲ႕ကဘဲတစ္ပိုင္တစ္ႏိုင္ဝယ္ေရာင္းေတြႀကဳံေတြ႕ေနရတဲ့အခက္အခဲေတြကိုသက္ဆိုင္ရာတာဝန္ရွိသူေတြထံကိုတင္ျပမယ္ေပါ့။ ဒီလိုရည္႐ြယ္ပါတယ္။ဘာျဖစ္လို႔လဲဆိုေတာ့ ေမာ္ေတာ္ယာဥ္နဲ႔ ပတ္သက္ တဲ့အစည္းအေဝးေတြမွာဆိုရင္   ဒီဘက္ကဘာမွမသိရပါဘူး၊ေမာ္ေတာ္ယာဥ္လုပ္ငန္းေဆာင္႐ြက္ေနတဲ့သူေတြကိုဖိတ္ၾကားမႈေတြမရွိဘူး။

ဖိတ္ၾကားလာတဲ့အခ်ိန္က်ရင္လည္းတစ္ဦးခ်င္းတစ္ေယာက္ခ်င္းေျပာလို႔မရဘူးေပါ့ေလ။ဒါေၾကာင့္အဖြဲ႕အစည္းနဲ႔ပဲလုပ္ရတာေပါ့၊ဒီလိုတရားဝင္အဖြဲ႕အစည္းရွိသြားရင္အခက္အခဲေတြကိုေျပာခြင့္ရမယ္၊တင္ျပခြင့္ရမယ္လို႔ ထင္တာပဲေလ။ေနာက္တစ္ခ်က္ ကေမာ္ေတာ္ယာဥ္ တင္ သြင္းထုတ္ လုပ္ေရာင္းခ်ေနတဲ့အသင္းကလည္း သူ႔သေဘာနဲ႔ သူလုပ္ေဆာင္ေနတာ ေတြရွိပါတယ္။ဒါကလည္းတစ္ႏိုင္ငံလုံးမွာရွိတဲ့ကားဝယ္ေရာင္းလုပ္ေနတဲ့ သူေတြရဲ႕ကိုယ္စားေျပာေနသေရာင္ျဖစ္ေနလို႔ဒါကတစ္ပိုင္တစ္ႏိုင္ဝယ္ေရာင္းသူေတြနဲ႔မသက္ဆိုင္ပါဘူးဆိုတာကိုသိေစခ်င္တာပါ။ဒါေၾကာင့္ဒီလိုကိစၥရပ္ေတြကိုတင္ျပဖို႔အတြက္အခုလိုအမႈေဆာင္အဖြဲ႕ကိုဖြဲ႕စည္းခဲ့ျခင္းျဖစ္ပါ တယ္။”လို႔ ဦးေငြဇံ က ဆက္လက္ေျပာျပခဲ့ပါတယ္။

လက္ရွိမွာေတာ့ လႈိင္ယာဥ္ေရာင္းဝယ္ေရးစခန္းတြင္ေန႔စဥ္ကားအစီးေရ(၂၀၀၀)ခန႔္ႏွင့္ သီရိမဂၤလာေဈးေဟာင္းႏွင့္ သံသုမာ ယာဥ္ေရာင္းဝယ္ေရး စခန္းတို႔တြင္ေန႔စဥ္ကားအစီးေရ(၁၀၀)မွ(၂၀၀)ခန႔္ တစ္ပိုင္တစ္ႏိုင္ယာဥ္ေရာင္းဝယ္ေရးလုပ္ကိုင္သူေတြအေနနဲ႔ အမ်ားဆုံးေရာင္း၊ဝယ္ လုပ္ကိုင္ေနၾကတာျဖစ္ပါတယ္။

ေျပသိမ္း
ရန္ကုန္၊ဧၿပီ ၂၂