ဆယ်လအတွင်း နယ်စပ်မှ ကုန်သွယ်မှု ကန်ဒေါ်လာ ၈ ဘီလျံကျော် ကုန်သွယ်ခဲ့

  ဆယ်လအတွင်း နယ်စပ်မှ ကုန်သွယ်မှု ကန်ဒေါ်လာ ၈ ဘီလျံကျော် ကုန်သွယ်ခဲ့

ယခုဘဏ္ဍာနှစ် ဆယ်လအတွင်း နယ်စပ်မှ ကုန်သွယ်သည့် ပမာဏမှာ ကန်ဒေါ်လာ ၈ ဘီလျံကျော်ထိ ကုန်သွယ်နိုင်ခဲ့ကာ ပုံမှန် ကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ  ၂၇ ဘီလျံ၏ ရာခိုင်နူန်း ၃၀ ခန့် ရှိကြောင်း ကုန်သွယ်ရေးဦးစီးဌာနက ဇူလိုင်လ စတုတ္ထအပတ်အတွင်း ထုတ်ပြန်သည့် ကာလတူ ပုံမှန်/နယ်စပ်  ပို့ကုန်၊ သွင်းကုန်၊ ကုန်သွယ်မှုပမာဏအခြေအနေစာရင်းအရ သိရပါတယ်။

နယ်စပ်မှ ပြည်ပနိုင်ငံများနှင့် ဆယ်လတာကာလအတွင်း ကုန်သွယ်မှုပမာဏမှာ ပို့ကုန်အမေရိကန် ဒေါ်လာ ၅၈၅၉ ဒသမ ၆၂၇ သန်းနှင့် သွင်းကုန် ကန်ဒေါ်လာ ၂၄၈၈ ဒသမ ၄၆၀ သန်းတင် သွင်းခဲ့ကာ ဆယ်လတာ အတွင်းနယ်စပ်မှ ကုန်သွယ်မှု ကန်ဒေါ်လာ၈၃၄၈ ဒသမ ၀၈၇ သန်းရှိခဲ့ ကြောင်း သိရပါတယ်။ ထိုကုန်သွယ်မှုပမာဏမှာ ပြီးခဲ့သည့်ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှုတန်ဖိုးဖြစ်သည့် ကန်ဒေါ် လာ ၇၁၅၇ ဒသမ ၂၄၉ သန်းထက် ၁ ဒသမ ၂ ဘီလျံခန့် ပိုမိုကုန်သွယ်ခဲ့ကြောင်းသိရပါတယ်။

ယခုဆယ်လတာ ကာလအတွင်း နယ်စပ်မှ ကုန်သွယ်ရာတွင် ပို့ကုန်က သွင်းကုန်ထက် ပိုများသဖြင့် ကုန်သွယ်ရေးပိုငွေ ကန်ဒေါ်လာ နှစ်ဘီလျံကျော် ဖြစ်ပေါ်ခဲ့တယ်ဆိုပါတယ်။ ထိုပမာဏမှာ ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူထက် ကန်ဒေါ်လာ သန်း ၅၀၀ နီးပါးပိုခဲ့ကြောင်း သိရပါတယ်။
    
စီးပွား/ ကူးသန်းဝန်ကြီးဌာနကထုတ်ပြန် သည့် ကာလတူအလိုက် ပုံမှန်/နယ်စပ် (နိုင်ငံအလိုက်) ပို့ကုန်၊ သွင်းကုန်၊ ကုန်သွယ်မှု ပမာဏ အခြေအနေ စာရင်းဇယားအရ၂၀၁၈ အောက်တိုဘာမှ ၂၀၁၉ ဇူလိုင် ၁၉ ရက်အ ထိ ၁၀ လတာကာလအတွင်း မြန်မာနိုင်ငံနှင့်  ပြည်ပနိုင်ငံ များအကြားကုန်သွယ် သည့် ပမာဏမှာ ပို့ကုန်အမေရိ ကန် ဒေါ်လာ ၁၃၃၇၀ ဒသမ၁၈၄သန်း နှင့် သွင်းကုန်အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၄၅၁၄ ဒသမ၀၆၀ သန်း၊ စုစုပေါင်းကုန်သွယ်မှု အမေရိကန်ဒေါ်လာ၂၇၈၈၄ ဒသမ၂၄၄ သန်းဖိုးကုန်သွယ်ခဲ့ကာ ကုန် သွယ်မှု လိုငွေ ကန် ဒေါ်လာ ၁၁၄၃ ဒသမ၈၇၆ သန်း ဖြစ်ပေါ်ခဲ့ကြောင်းသိရပါတယ်။

PWA
ရန်ကုန်၊ဇူလိုင် ၂၇

(  Zawgyi  )

 ယခုဘ႑ာႏွစ္ ဆယ္လအတြင္း နယ္စပ္မွ ကုန္သြယ္သည့္ ပမာဏမွာ ကန္ေဒၚလာ ၈ ဘီလ်ံေက်ာ္ထိ ကုန္သြယ္ႏိုင္ခဲ့ကာ ပုံမွန္ ကုန္သြယ္မႈ ပမာဏ ကန္ေဒၚလာ  ၂၇ ဘီလ်ံ၏ ရာခိုင္ႏူန္း ၃၀ ခန႔္ ရွိေၾကာင္း ကုန္သြယ္ေရးဦးစီးဌာနက ဇူလိုင္လ စတုတၳအပတ္အတြင္း ထုတ္ျပန္သည့္ ကာလတူ ပုံမွန္/နယ္စပ္  ပို႔ကုန္၊ သြင္းကုန္၊ ကုန္သြယ္မႈပမာဏအေျခအေနစာရင္းအရ သိရပါတယ္။

နယ္စပ္မွ ျပည္ပႏိုင္ငံမ်ားႏွင့္ ဆယ္လတာကာလအတြင္း ကုန္သြယ္မႈပမာဏမွာ ပို႔ကုန္အေမရိကန္ ေဒၚလာ ၅၈၅၉ ဒသမ ၆၂၇ သန္းႏွင့္ သြင္းကုန္ ကန္ေဒၚလာ ၂၄၈၈ ဒသမ ၄၆၀ သန္းတင္ သြင္းခဲ့ကာ ဆယ္လတာ အတြင္းနယ္စပ္မွ ကုန္သြယ္မႈ ကန္ေဒၚလာ၈၃၄၈ ဒသမ ၀၈၇ သန္းရွိခဲ့ ေၾကာင္း သိရပါတယ္။ ထိုကုန္သြယ္မႈပမာဏမွာ ၿပီးခဲ့သည့္ဘ႑ာႏွစ္ ကာလတူ ကုန္သြယ္မႈတန္ဖိုးျဖစ္သည့္ ကန္ေဒၚ လာ ၇၁၅၇ ဒသမ ၂၄၉ သန္းထက္ ၁ ဒသမ ၂ ဘီလ်ံခန႔္ ပိုမိုကုန္သြယ္ခဲ့ေၾကာင္းသိရပါတယ္။

ယခုဆယ္လတာ ကာလအတြင္း နယ္စပ္မွ ကုန္သြယ္ရာတြင္ ပို႔ကုန္က သြင္းကုန္ထက္ ပိုမ်ားသျဖင့္ ကုန္သြယ္ေရးပိုေငြ ကန္ေဒၚလာ ႏွစ္ဘီလ်ံေက်ာ္ ျဖစ္ေပၚခဲ့တယ္ဆိုပါတယ္။ ထိုပမာဏမွာ ၿပီးခဲ့သည့္ ဘ႑ာႏွစ္ ကာလတူထက္ ကန္ေဒၚလာ သန္း ၅၀၀ နီးပါးပိုခဲ့ေၾကာင္း သိရပါတယ္။
    
စီးပြား/ ကူးသန္းဝန္ႀကီးဌာနကထုတ္ျပန္ သည့္ ကာလတူအလိုက္ ပုံမွန္/နယ္စပ္ (ႏိုင္ငံအလိုက္) ပို႔ကုန္၊ သြင္းကုန္၊ ကုန္သြယ္မႈ ပမာဏ အေျခအေန စာရင္းဇယားအရ၂၀၁၈ ေအာက္တိုဘာမွ ၂၀၁၉ ဇူလိုင္ ၁၉ ရက္အ ထိ ၁၀ လတာကာလအတြင္း ျမန္မာႏိုင္ငံႏွင့္  ျပည္ပႏိုင္ငံ မ်ားအၾကားကုန္သြယ္ သည့္ ပမာဏမွာ ပို႔ကုန္အေမရိ ကန္ ေဒၚလာ ၁၃၃၇၀ ဒသမ၁၈၄သန္း ႏွင့္ သြင္းကုန္အေမရိကန္ ေဒၚလာ သန္းေပါင္း ၁၄၅၁၄ ဒသမ၀၆၀ သန္း၊ စုစုေပါင္းကုန္သြယ္မႈ အေမရိကန္ေဒၚလာ၂၇၈၈၄ ဒသမ၂၄၄ သန္းဖိုးကုန္သြယ္ခဲ့ကာ ကုန္ သြယ္မႈ လိုေငြ ကန္ ေဒၚလာ ၁၁၄၃ ဒသမ၈၇၆ သန္း ျဖစ္ေပၚခဲ့ေၾကာင္းသိရပါတယ္။

PWA
ရန္ကုန္၊ဇူလိုင္ ၂၇