စစ်တွေတွင် ဒီဇယ်လောင်း မီးမွှေးရာမှ မီးလောင်မှုဖြစ်ပွား

စစ်တွေတွင် ဒီဇယ်လောင်း မီးမွှေးရာမှ မီးလောင်မှုဖြစ်ပွား

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ စက်ရုံစုရပ်ကွက်ရှိ မကျည်းရိပ် စားသောက်ဆိုင်တွင် ဇူလိုင်လ ၁၂ ရက်နေ့က ဒီဇယ်လောင်း မီးမွှေးရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ပြည်နယ်မီးသတ်ဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၁၂ ရက် ည ၁၁ နာရီခွဲအချိန်တွင် တာဝန်သိပြည်သူတစ်ဦးမှ စက်ရုံစုရပ်ကွက်ရှိ မကျည်းရိပ် စားသောက်ဆိုင်တွင် မီးလောင်နေကြောင်း သတင်းပေးပို့မှုအရ စစ်တွေခရိုင်မီးသတ်စခန်းမှ လ/ထ ညွှန်ကြားရေးမှူး ဦးထွန်းနိုင်ဦး ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၄+၂၀) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၅) ဦး၊ မီးငြှိမ်းသတ်ယာဉ် (၂) စီး၊ မီးသတ်ရေသယ်ယာဉ် (၁) စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ပါတယ်။

အဆိုပါမီးလောင်ကျွမ်းမှုသည် မကျည်းရိပ် စားသောက်ဆိုင်အလုပ်သမား ၁ ဦးမှ မီးသွေးမီးဖိုအား ဒီဇယ်လောင်း၍ မီးမွှေးစဉ် သစ်သားခုံပေါ်သို့ မီးကူးစက်ရာမှတဆင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် အဆောက်အဦး (၁) လုံးနှင့် အိမ်အသုံးအဆောင်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
စစ်တွေ၊ ဇူလိုင် - ၁၃

( Zawgyi )

ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕ စက္႐ုံစုရပ္ကြက္ရွိ မက်ည္းရိပ္ စားေသာက္ဆိုင္တြင္ ဇူလိုင္လ ၁၂ ရက္ေန႔က ဒီဇယ္ေလာင္း မီးေမႊးရာမွ မီးေလာင္မႈျဖစ္ပြားခဲ့ေၾကာင္း ျပည္နယ္မီးသတ္ဦးစီးဌာနမွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ ဇူလိုင္လ ၁၂ ရက္ ည ၁၁ နာရီခြဲအခ်ိန္တြင္ တာဝန္သိျပည္သူတစ္ဦးမွ စက္႐ုံစုရပ္ကြက္ရွိ မက်ည္းရိပ္ စားေသာက္ဆိုင္တြင္ မီးေလာင္ေနေၾကာင္း သတင္းေပးပို႔မႈအရ စစ္ေတြခ႐ိုင္မီးသတ္စခန္းမွ လ/ထ ၫႊန္ၾကားေရးမႉး ဦးထြန္းႏိုင္ဦး ဦးေဆာင္၍ သေႏၶတပ္ဖြဲ႕ဝင္ (၄+၂၀) ဦး၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္ (၅) ဦး၊ မီးျငႇိမ္းသတ္ယာဥ္ (၂) စီး၊ မီးသတ္ေရသယ္ယာဥ္ (၁) စီးတို႔ျဖင့္ သြားေရာက္ျငႇိမ္းသတ္ခဲ့ပါတယ္။

အဆိုပါမီးေလာင္ကြၽမ္းမႈသည္ မက်ည္းရိပ္ စားေသာက္ဆိုင္အလုပ္သမား ၁ ဦးမွ မီးေသြးမီးဖိုအား ဒီဇယ္ေလာင္း၍ မီးေမႊးစဥ္ သစ္သားခုံေပၚသို႔ မီးကူးစက္ရာမွတဆင့္ မီးစတင္ေလာင္ကြၽမ္းခဲ့ျခင္းျဖစ္ၿပီး မီးေလာင္မႈေၾကာင့္ အေဆာက္အဦး (၁) လုံးႏွင့္ အိမ္အသုံးအေဆာင္ပစၥည္းမ်ား မီးေလာင္ဆုံးရႈံးခဲ့တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
စစ္ေတြ၊ ဇူလိုင္ - ၁၃