ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လမ်းကြောင်းမှန်မှနေသွေဖယ်သွားအောင်၊ပျက်ပြယ်သွားအောင်လုပ်ဆောင်နေတဲ့ လူတွေရှိနေဟုဆို။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လမ်းကြောင်းမှန်မှနေသွေဖယ် သွားအောင်၊ပျက်ပြယ်သွားအောင်လုပ်ဆောင်နေတဲ့ လူတွေရှိနေဟုဆို။

ကျွန်တော်တို့ ဘုံပိုင်ဆိုင်ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လမ်းကြောင်းမှန်ကနေပြီးတော့ သွေဖယ်သွားအောင်ဆိုပြီးတော့ ပျက်ပြယ် သွားအောင်ဆိုပြီးတော့ လုပ်ဆောင်နေတဲ့ လူတွေကတော့ ရှိနေပါတယ်။ နောင်လည်း ရှိနေဦးမှာပါပဲလို့ ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) မှာ ကျင်းပပြုလုပ်တဲ့ NRPC-RCSSဆွေးနွေးပွဲမှာ အမျိုး သားပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းမှပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ နှစ်ဖက်ပိုင်ဆိုင် ထားတဲ့၊ ပြည်သူတွေအားလုံး ပိုင်ဆိုင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အားလုံး အမြတ်တနိုးထားပြီးတော့ စိတ်ဆန္ဒအရင်းခံကြောင့်ပဲ အခုလို ကျွန်တော်တို့ နှစ်ဖက်ထိန်းသိမ်း နိုင်ကြ တာ ဖြစ်ပါတယ်။ NCA ကနေပြီးတော့ အစပြုလိုက်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်အထည်ဖော်တဲ့ နေရာ မှာတော့ ကျွန်တော်တို့ အခက်အခဲတွေ ကြုံတွေ့လာရတက်ပါတယ်။

ကြုံတွေ့လာတဲ့အချိန်မှာ ကျွန် တော် တို့အားလုံး စိတ်ရင်းအမှန်၊ ခံယူချက် အမှန်တွေနဲ့ အထင်အရှား ထွက်ပေါ်လာခဲ့ပါတယ်။ ဝမ်းမြောက် စရာ ကောင်းတဲ့ အချက်ကတော့ ကျွန်တော်တို့ လုပ်ငန်းစဉ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မပြတ်အောင် စိုးရိမ် ပူပန်စိတ်နဲ့ ကျွန်တော်တို့ အကြားမှာ နားလည်မှုတွေ ပိုပြီးတော့ ရရှိတဲ့အပြင် ပိုပြီးတော့လည်း ညီညွှတ်လာ ခဲ့ကြပါတယ်။ ကြုံတွေ့ရတဲ့ အခက်အခဲတွေကိုလည်း ကျွန်တော်တို့ အားလုံး ညီအစ်ကိုမောင်နှမ ဆွေမျိုးသား ချင်းသဖွယ် အားလုံး ဝိုင်းဝန်းဖြေရှင်းပြီးတော့ နိုင်ငံရေး ရင့်ကျက်မှုတွေကိုလည်း ပိုပြီးတော့ ရရှိစေ ခဲ့ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ ဘုံပိုင်ဆိုင်ထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လမ်းကြောင်းမှန်ကနေပြီးတော့ သွေဖယ်သွားအောင်ဆိုပြီးတော့ ပျက်ပြယ်သွားအောင်ဆိုပြီးတော့ လုပ်ဆောင် နေတဲ့ လူတွေကတော့ ရှိနေပါတယ်။ နောင်လည်း ရှိနေဦးမှာပါပဲ။

 

ဒါပေယ့် ကျွန်တော်တို့ အချင်းချင်း ပိုပြီး တော့ ယုံကြည်မှုတွေ ခိုင်မာလာအောင်တည်ဆောက်နိုင်ပြီ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ဒါတွေကို ကျော် လွှားပြီးတော့ အောင်မြင်နိုင်မယ်ဆိုတာ ကျွန်တော်တို့ အခိုင်အမာ ယုံကြည်ပါတယ်။ ဘယ်လုပ်ငန်းစဉ်ကို မဆို ဘယ်အရာမဆို လောကကြီးရဲ့ သဘာဝအတိုင်း အခက်အခဲတွေ အတားအဆီးတွေ ဆိုတာ ကြုံရစမြဲပဲ ဖြစ် ပါတယ်။ အခုဆိုရင် ကျွန်တော်တို့ ဒီအခက် အခဲတွေကြား မှာ ဖြတ်သန်းလာတဲ့အတွက် ကျွန်တော်တို့ အချင်းချင်းပိုပြီးတော့ နီးကပ်လာကြတယ်။

 ပိုပြီးတော့ ကျောချင်းကပ်လာကြတာဖြစ်ပါတယ်။ အဲ့ဒီ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်အပေါ်မှာ တန်ဖိုးထားမှုတွေကြောင့်လည်း ဖြစ်ပေါ်လာတဲ့ စိတ်ရှည်သည်းခံမှု၊ စာနာထောက် ထား နားလည်မှုတွေဟာ ကျွန်တော်တိုက အကြားမှာပိုပြီးတော့ ပေါ်ထွန်းခဲ့ပါတယ်။ တွေ့ကြုံလာရတဲ့ အခက် အခဲ တွေကြားထဲမှာ ယုံကြည်မှုကို တည်ဆောက်ရေးကို ပိုပြီးတော့ ခိုင်မာစေတဲ့အတွက် ကျွန်တော်တို့ တွေ့ကြုံ နေ ရတဲ့ စိန်ခေါ်မှုတွေ ကြားကနေပြီးတော့ အခွင့်အလမ်းတွေ ရယူနိုင်ပါတယ်ဆိုတဲ့ အတွေ့အကြုံကို ကျွန်တော် တို့ရရှိခဲ့ပါတယ်။

 ဒီကနေ့ ဆွေးနွေးပွဲဟာဆိုလို့ရှိရင် ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒီနေ့ ကျွန်တော်တို့ ပြန်ပြီးတော့ အားလုံးတွေ့ ကြတဲ့အခါမှာ အရင်က ကျွန်တော်တို့ အမြဲတမ်း ပြောနေတဲ့ စကားအတိုင်း တစ်ခါပိုတွေ့လေ တစ်ခါ ပိုရင်းနှီးမှုနဲ့ ယုံကြည်မှု ပိုတည်ဆောက်နိုင်လေ။ အဲ့ဒီ ရင်းနှီးမှုနဲ့ ယုံကြည်မှုကို ပိုပြီးတော့ အခြေခံပြီးတော့ အစိုးရ၊ တပ်မတော်၊ RCSS ကြားမှာ ခိုင်မာတဲ့ လုပ်ငန်းတစ်ရပ် အထူးသဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်ကို ပိုပြီးတော့ တည်ဆောက်နိုင် မယ်လို့ ကျွန်တော် ယုံကြည်ပါကြောင်း “ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး ဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းမှပြောပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန၊NRPCတွင်ကျင်းပပြုလုပ်သော NRPC-RCSSဆွေးနွေးပွဲသို့ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး ဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)ငြိမ်းချမ်းရေးဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဘောင်ခေးခေါင်းဆောင်အဖွဲ့များတက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

PTG
နေပြည်တော်၊ဇူလိုင်-၁၁

(  Zawgyi  )








PTG
နေပြည်တော်၊ဇူလိုင်-၁၁