ငလျင်လှုပ်ခတ်မှုများပြားလာခြင်းသည် အင်အားပြင်းငလျင် လှုပ်ခတ်ရန် ရှေ့ပြေး အချက်ပြနေခြင်း ဖြစ်နိုင်သည်အတွက် စောင့်ကြည့်နေဟုဆို

ငလျင်လှုပ်ခတ်မှုများပြားလာခြင်းသည် အင်အားပြင်းငလျင် လှုပ်ခတ်ရန် ရှေ့ပြေး အချက်ပြနေခြင်း ဖြစ်နိုင်သည်အတွက် စောင့်ကြည့်နေဟုဆို

မြန်မာနိုင်ငံရှိ နေရာအနှံ့အပြားတွင် ငလျင်လှုပ်ခတ်မှုများပြားလာခြင်းသည် အင်အားပြင်းငလျင် လှုပ်ခတ်ရန် အချက်ပြနေခြင်းဖြစ်နိုင်သည့်အတွက် စောင့်ကြည့်လေလာနေတယ်လို့ မြေငလျင်ကော်မတီ နာယက ဒေါ်လှလှအောင် က Opinion Leaders Media ရဲ့မေးမြန်းမှုကိုဖြေကြား ခဲ့ပါတယ်။

 “ချောက်ငလျင်ပြီးတဲ့နောက်ပိုင်းအရမ်းကိုများလာတယ်။သူက နေရာကိုလည်းတိတိကျကျမဟုတ်ဘူး ပြန့်ပြီး တော့ အကုန်လုံးဖြစ်တယ်ဆိုတော့ ဘာကိုပြတာလဲပေါ့နော် ဒီဟာကိုတော့ စိတ်လည်းဝင်စား တယ်စောင့် လည်းကြည့်နေတယ်။ငလျင်တွေများလာတာ ငလျင်ကြီးတစ်ခုပေါ့ အခုလှုပ်တဲ့ ငလျင်တွေအင်အားပြင်းတဲ့ ငလျင်လှုပ်ဖို့ အချက်ပြနေတာလား ။ အဲ့ဒါကိုဘဲစောင့်ကြည့်နေတယ်” လို့ပြောကြားခဲ့ပါတယ်။

၂၀၁၆ ခုနှစ်က လှုပ်ခတ်ခဲ့သည့် ချောက်ငလျင် ကြောင့် ပုဂံဘုရားများ ပြိုကျပျက်စီးခဲ့ပြီး အဆိုပါ ငလျင် သည် အိန္ဒိယ ကျောက်ထုချပ်နှင့် မြန်မာကျောက်ထုချက်တို့ ၏ ထိုးစိုက်ဇုန်ကြောင့် ဖြစ်ပေါ်ခဲ့ခြင်းဖြစ် တယ်လို့ ငလျင်ပညာရှင်တွေက ဆိုပါတယ်။ အဆိုပါ ထိုးစိုက်ဇုန်သည် အိန္ဒိယ- မြန်မာနယ်စပ်မှ အင်ဒိုနီးရှား ကျွန်းများအထိ ရှည်လျားရှိပြီး ၂၀၀၄ ခုနှစ် အင်ဒိုနီးရှား ဆူနာမီ ငလျင်သည် အဆိုပါ ထိုးစိုက်ဇုန်ကြောင့် ဖြစ်ပေါ်လာရခြင်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် မြောက်ပိုင်း ပူတာအို မှ မုတ္တမ ပင်လယ်ထဲ အထိ မိုင်ပေါင်း ၆၀၀ ကျော်ရှည်လျှား သည့် စစ်ကိုင်းပြတ်ရွှေ့ကြောသည် အင်အားပြင်းငလျင်များ အကြိမ်ကြိမ် လှုပ်ခတ်ခဲ့ပြီး စစ်ကိုင်းပြတ်ရွှေ့ အပြင် အခြားသော ပြတ်ရွှေများ ထောင်၊သောင်းမက ရှိတယ်လို့ မြေငလျင်ပညာရှင် များကဆို ပါတယ်။

မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်း ငလျင် ၁၉ ကြိမ် လှုပ်ခတ်ခဲ့ပြီး သြဂုတ်လ တွင် ၂၁ ကြိမ်လှုပ်ခတ်ခဲ့ပါတယ်။(၈) လတာကာလအတွင်း အင်အား ရစ်စတာစကေး ၃ နှင့်အထက်ငလျင် ၁၀၈ ကြိမ်လှုပ်ခတ်ခဲ့ပြီး ဖြစ်တယ်လို့ မိုး/ဇလမှ သတင်းထုတ်ပြန်ထားပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ စက်တင်ဘာ ၁၄

(  Zawgyi  )

 ျမန္မာႏိုင္ငံရွိ ေနရာအႏွံ႔အျပားတြင္ ငလ်င္လႈပ္ခတ္မႈမ်ားျပားလာျခင္းသည္ အင္အားျပင္းငလ်င္ လႈပ္ခတ္ရန္ အခ်က္ျပေနျခင္းျဖစ္ႏိုင္သည့္အတြက္ ေစာင့္ၾကည့္ေလလာေနတယ္လို႔ ေျမငလ်င္ေကာ္မတီ နာယက ေဒၚလွလွေအာင္ က Opinion Leaders Media ရဲ႕ေမးျမန္းမႈကိုေျဖၾကား ခဲ့ပါတယ္။

 “ေခ်ာက္ငလ်င္ၿပီးတဲ့ေနာက္ပိုင္းအရမ္းကိုမ်ားလာတယ္။သူက ေနရာကိုလည္းတိတိက်က်မဟုတ္ဘူး ျပန႔္ၿပီး ေတာ့ အကုန္လုံးျဖစ္တယ္ဆိုေတာ့ ဘာကိုျပတာလဲေပါ့ေနာ္ ဒီဟာကိုေတာ့ စိတ္လည္းဝင္စား တယ္ေစာင့္ လည္းၾကည့္ေနတယ္။ငလ်င္ေတြမ်ားလာတာ ငလ်င္ႀကီးတစ္ခုေပါ့ အခုလႈပ္တဲ့ ငလ်င္ေတြအင္အားျပင္းတဲ့ ငလ်င္လႈပ္ဖို႔ အခ်က္ျပေနတာလား ။ အဲ့ဒါကိုဘဲေစာင့္ၾကည့္ေနတယ္” လို႔ေျပာၾကားခဲ့ပါတယ္။

၂၀၁၆ ခုႏွစ္က လႈပ္ခတ္ခဲ့သည့္ ေခ်ာက္ငလ်င္ ေၾကာင့္ ပုဂံဘုရားမ်ား ၿပိဳက်ပ်က္စီးခဲ့ၿပီး အဆိုပါ ငလ်င္ သည္ အိႏၵိယ ေက်ာက္ထုခ်ပ္ႏွင့္ ျမန္မာေက်ာက္ထုခ်က္တို႔ ၏ ထိုးစိုက္ဇုန္ေၾကာင့္ ျဖစ္ေပၚခဲ့ျခင္းျဖစ္ တယ္လို႔ ငလ်င္ပညာရွင္ေတြက ဆိုပါတယ္။ အဆိုပါ ထိုးစိုက္ဇုန္သည္ အိႏၵိယ- ျမန္မာနယ္စပ္မွ အင္ဒိုနီးရွား ကြၽန္းမ်ားအထိ ရွည္လ်ားရွိၿပီး ၂၀၀၄ ခုႏွစ္ အင္ဒိုနီးရွား ဆူနာမီ ငလ်င္သည္ အဆိုပါ ထိုးစိုက္ဇုန္ေၾကာင့္ ျဖစ္ေပၚလာရျခင္း ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံတြင္ ေျမာက္ပိုင္း ပူတာအို မွ မုတၱမ ပင္လယ္ထဲ အထိ မိုင္ေပါင္း ၆၀၀ ေက်ာ္ရွည္လွ်ား သည့္ စစ္ကိုင္းျပတ္ေ႐ႊ႕ေၾကာသည္ အင္အားျပင္းငလ်င္မ်ား အႀကိမ္ႀကိမ္ လႈပ္ခတ္ခဲ့ၿပီး စစ္ကိုင္းျပတ္ေ႐ႊ႕ အျပင္ အျခားေသာ ျပတ္ေ႐ႊမ်ား ေထာင္၊ေသာင္းမက ရွိတယ္လို႔ ေျမငလ်င္ပညာရွင္ မ်ားကဆို ပါတယ္။

ျမန္မာႏိုင္ငံတြင္ ၂၀၁၉ ခုႏွစ္ ဇူလိုင္လအတြင္း ငလ်င္ ၁၉ ႀကိမ္ လႈပ္ခတ္ခဲ့ၿပီး ၾသဂုတ္လ တြင္ ၂၁ ႀကိမ္လႈပ္ခတ္ခဲ့ပါတယ္။(၈) လတာကာလအတြင္း အင္အား ရစ္စတာစေကး ၃ ႏွင့္အထက္ငလ်င္ ၁၀၈ ႀကိမ္လႈပ္ခတ္ခဲ့ၿပီး ျဖစ္တယ္လို႔ မိုး/ဇလမွ သတင္းထုတ္ျပန္ထားပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ စက္တင္ဘာ ၁၄