ငလျင်ကြီးများ လှုပ်ခတ်ခဲ့ဖူးသည့် ပဲခူး၊ ဖြူး၊ ဆွာနှင့် အင်းဝ ဒေသများ ငလျင်အန္တရာယ် စိုးရိမ်ရ

ငလျင်ကြီးများ လှုပ်ခတ်ခဲ့ဖူးသည့် ပဲခူး၊ ဖြူး၊ ဆွာနှင့် အင်းဝ ဒေသများ ငလျင်အန္တရာယ် စိုးရိမ်ရ

ငလျင်ကြီးများ လှုပ်ခတ်ခဲ့ဖူးသည့် ပဲခူး၊ ဖြူး၊ ဆွာနှင့် အင်းဝ ဒေသများတွင် အင်အားပြင်း ငလျင်ကြီးများ အချိန်အခါမရွေး လှုပ်ခတ်နိုင်တဲ့ အန္တရာယ်ရှိတယ်လို့ မြန်မာနိုင်ငံ မြေငလျင်ကော်မတီ ဒုတိယဥက္ကဌ ဦးမျိုးသန့် က Opinion Leaders Media ရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

“စိတ်ပူစရာက ၂၀၁၂ သပိတ်ကျင်းငလျင် လှုပ်တဲ့အပိုင်းတွေကတော့ လောလောလတ်လတ် လှုပ်ထားတော့ အန္တရာယ်ကင်းတယ်လို့ လောလောလတ်လတ် ယူဆလို့ရတာပေါ့။အဲ့ဒီအပိုင်းတွေကလွဲပြီး ကျန်တဲ့အပိုင်းတွေက အနှေးနဲ့ အမြန် ပြန်လှုပ်ဖို့တော့ ဖြစ်နိုင်ခြေများလာတာပေါ့လေ။အထူးသဖြင့်တော့ ခဏခဏပြောတဲ့ စစ်ကိုင်းပြတ်ရွေ့ရဲ့ တောင်ဘက်အခြမ်းတွေပေါ့။
တောင်ဘက်အခြမ်းဆိုတာက ပဲခူး၊ ဖြူး၊ ဆွာပေါ့နော်။၁၉၃၀ ပတ်ချာလည်က ငလျင်လှုပ်ထားတဲ့ အပိုင်းတွေကတော့ ဖြစ်နိုင်ခြေ နည်းနည်းလေးများလာတယ်။မြန်မာနိုင်ငံ အလယ်ပိုင်းဆိုရင် ၁၈၉၃ အင်းဝငလျင် လှုပ်တဲ့အပိုင်းတွေက ဖြစ်နိုင်ခြေများလာတယ်” လို့ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။

စစ်ကိုင်းပြတ်ရွေ့ကြောင့် ၁၈၉၃ ခုနှစ်တွင် ရစ်ချ်စတာ ၉ အဆင့်ရှိ အင်းဝငလျင် လှုပ်ခတ်ခဲ့ပြီး လူ ၄၀၀ ခန့် သေဆုံးခဲ့ပါတယ်။၁၉၃၀ ခုနှစ်တွင် ၇ ဒဿမ ၃ အဆင့်ရှိ ပဲခူးငလျင် လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၅၀၀ ခန့် သေဆုံးခဲ့ပါတယ်။၁၉၃၁ ခုနှစ်တွင် ၇ ဒဿမ ၃ အဆင့်ရှိ ဖြူးငလျင် လှုပ်ခတ်ခဲ့ပါတယ်။

စစ်ကိုင်းပြတ်ရွေ့ကြောင့်ဖြစ်သော ငလျင်ကြီးများသည် နှစ်ပေါင်း ၈၀ မှ ၁၀၀ ကြားတွင် ပြန်လည်လှုပ်ခတ်လေ့ ရှိသည့်အတွက် အဆိုပါဒေသများတွင် အချိန်အခါမရွှေး ငလျင်ကြီးများ ပြန်လည်လှုပ်ခတ်နိုင်တယ်လို့ ဆိုပါတယ်။

စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံ မြောက်ပိုင်း ပူတာအိုမှ မုတ္တမပင်လယ်ထဲအထိ မိုင်ပေါင်း ၆၀၀ ကျော် ရှည်လျားပြီး ငလျင်သမိုင်းတစ်လျှောက် အင်အားပြင်း ငလျင်များ အကြိမ်ကြိမ်လှှုပ်ခတ်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဧပြီ - ၂၀
ဓာတ်ပုံ - Internet

( Zawgyi )

ငလ်င္ႀကီးမ်ား လႈပ္ခတ္ခဲ့ဖူးသည့္ ပဲခူး၊ ျဖဴး၊ ဆြာႏွင့္ အင္းဝ ေဒသမ်ားတြင္ အင္အားျပင္း ငလ်င္ႀကီးမ်ား အခ်ိန္အခါမေ႐ြး လႈပ္ခတ္ႏိုင္တဲ့ အႏၲရာယ္ရွိတယ္လို႔ ျမန္မာႏိုင္ငံ ေျမငလ်င္ေကာ္မတီ ဒုတိယဥကၠဌ ဦးမ်ိဳးသန႔္ က Opinion Leaders Media ရဲ႕ ေမးျမန္းမႈကို ေျဖၾကားခဲ့ပါတယ္။

“စိတ္ပူစရာက ၂၀၁၂ သပိတ္က်င္းငလ်င္ လႈပ္တဲ့အပိုင္းေတြကေတာ့ ေလာေလာလတ္လတ္ လႈပ္ထားေတာ့ အႏၲရာယ္ကင္းတယ္လို႔ ေလာေလာလတ္လတ္ ယူဆလို႔ရတာေပါ့။အဲ့ဒီအပိုင္းေတြကလြဲၿပီး က်န္တဲ့အပိုင္းေတြက အေႏွးနဲ႔ အျမန္ ျပန္လႈပ္ဖို႔ေတာ့ ျဖစ္ႏိုင္ေျခမ်ားလာတာေပါ့ေလ။အထူးသျဖင့္ေတာ့ ခဏခဏေျပာတဲ့ စစ္ကိုင္းျပတ္ေ႐ြ႕ရဲ႕ ေတာင္ဘက္အျခမ္းေတြေပါ့။
ေတာင္ဘက္အျခမ္းဆိုတာက ပဲခူး၊ ျဖဴး၊ ဆြာေပါ့ေနာ္။၁၉၃၀ ပတ္ခ်ာလည္က ငလ်င္လႈပ္ထားတဲ့ အပိုင္းေတြကေတာ့ ျဖစ္ႏိုင္ေျခ နည္းနည္းေလးမ်ားလာတယ္။ျမန္မာႏိုင္ငံ အလယ္ပိုင္းဆိုရင္ ၁၈၉၃ အင္းဝငလ်င္ လႈပ္တဲ့အပိုင္းေတြက ျဖစ္ႏိုင္ေျခမ်ားလာတယ္” လို႔ ေျပာၾကားခဲ့ျခင္း ျဖစ္ပါတယ္။

စစ္ကိုင္းျပတ္ေ႐ြ႕ေၾကာင့္ ၁၈၉၃ ခုႏွစ္တြင္ ရစ္ခ်္စတာ ၉ အဆင့္ရွိ အင္းဝငလ်င္ လႈပ္ခတ္ခဲ့ၿပီး လူ ၄၀၀ ခန႔္ ေသဆုံးခဲ့ပါတယ္။၁၉၃၀ ခုႏွစ္တြင္ ၇ ဒႆမ ၃ အဆင့္ရွိ ပဲခူးငလ်င္ လႈပ္ခတ္ခဲ့ၿပီး လူေပါင္း ၅၀၀ ခန႔္ ေသဆုံးခဲ့ပါတယ္။၁၉၃၁ ခုႏွစ္တြင္ ၇ ဒႆမ ၃ အဆင့္ရွိ ျဖဴးငလ်င္ လႈပ္ခတ္ခဲ့ပါတယ္။

စစ္ကိုင္းျပတ္ေ႐ြ႕ေၾကာင့္ျဖစ္ေသာ ငလ်င္ႀကီးမ်ားသည္ ႏွစ္ေပါင္း ၈၀ မွ ၁၀၀ ၾကားတြင္ ျပန္လည္လႈပ္ခတ္ေလ့ ရွိသည့္အတြက္ အဆိုပါေဒသမ်ားတြင္ အခ်ိန္အခါမေ႐ႊး ငလ်င္ႀကီးမ်ား ျပန္လည္လႈပ္ခတ္ႏိုင္တယ္လို႔ ဆိုပါတယ္။

စစ္ကိုင္းျပတ္ေ႐ြ႕သည္ ျမန္မာႏိုင္ငံ ေျမာက္ပိုင္း ပူတာအိုမွ မုတၱမပင္လယ္ထဲအထိ မိုင္ေပါင္း ၆၀၀ ေက်ာ္ ရွည္လ်ားၿပီး ငလ်င္သမိုင္းတစ္ေလွ်ာက္ အင္အားျပင္း ငလ်င္မ်ား အႀကိမ္ႀကိမ္လွႈပ္ခတ္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ဧၿပီ - ၂၀
ဓာတ္ပုံ - Internet