ဂွမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပျက်စီး

 
ဂွမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပျက်စီး

ရခိုင်ပြည်နယ်၊ ဂွမြို့ ၊ ရမ္မာကျွန်းကျေးရွာတွင် ဇူလိုင်လ ၂၆ ရက်နေ့က လေပြင်းတိုက် ခတ်မှုကြောင့် နေအိမ် ၁၂ လုံးပျက်စီးခဲ့ကြောင်း  ပြည်နယ်မီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၂၆ ရက် မွန်းလွဲ ၃ နာရီ အချိန်ခန့်တွင် ဂွမြို့နယ်၊ ကျိန္တလီမြို့မှ (၃)မိုင်ခန့်အကွာ ကျင်းကြီ းကျေးရွာအုပ်စု၊ ရမ္မာကျွန်းကျေးရွာတွင် လေပြင်းတိုက်ခတ်ခဲ့သောကြောင်း ဓနိမိုး၊ ထရံကာ နေအိမ်(၂)လုံးမှာ လုံးဝပျက်စီးခဲ့ပြီး၊ နေအိမ်(၁၀)လုံးတို့မှာ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ပါတယ်။

အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိဘဲရမ္မာကျွန်းကျေးရွာသို့ သွားလာရန် အခက် ခဲရှိသဖြင့် သက်ဆိုင်ရာက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ခြင်း မရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ဂွ၊ ဇူလိုင် ၂၇

(  Zawgyi  )




မင်းထွန်း(အုတ်ကျင်း)
ဂွ၊ ဇူလိုင် ၂၇