ခွဲခြားဆက်ဆံမှုတွေနည်းနိုင်သမျှနည်းအောင်ဆောင်ရွက်ဖို့လိုကြောင်း နိုင်ငံတော်အတိုင်ပင်ခံပြောကြား။

ခွဲခြားဆက်ဆံမှုတွေနည်းနိုင်သမျှနည်းအောင်ဆောင်ရွက်ဖို့လိုကြောင်း နိုင်ငံတော်အတိုင်ပင်ခံပြောကြား။

ဘယ်နေရာမှာ မဆို ခွဲခြား လုပ်ဆောင်မှုတွေ ရှိနေသမျှ ပြဿနာတွေ အမြဲ ရှိနေပြီး ငြိမ်းချမ်းမှု ဆိုတာ ရှိလာနိုင်မှာ မဟုတ်သည့်အတွက် အိမ်တွေ၊ကျောင်းတွေ၊ရုံးတွေ၊ပတ်ဝန်းကျင်မှာ ကမ္ဘာကြီးမှာ ခွဲခြား ဆက်ဆံမှု တွေ နည်းနိုင်သမျှ နည်းအောင် ဆောင်ရွက်ဖို့လိုကြောင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ယနေ့နံနက်ပိုင်းက နေပြည်တော်MICC-2)တွင်ကျင်းပပြုလုပ်သည့်ပညာရေးဖွံဖြိုးတိုးတက်မှု အကောင်အထည် ဖော်ရေး နှီးနှောဖလှယ်ပွဲ သို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တက်ရောက်၍ အဖွင့်မိန့် ခွန်း ပြောကြားရာမှာ ယခုကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ် ပါတယ်။

“သာတူညီမျှ အခွင့်အရေးဆိုတာ လူ့အဖွဲ့အစည်းတိုင်းအတွက် အရေးကြီးပါတယ်။ ဒါကြောင့် ပညာရေး နယ်ပယ်မှာ ရှိကြတဲ့ ဆရာတွေ ကျောင်းသားတွေနဲ့ ပညာရေး ဝန်ထမ်းတွေအားလုံးဟာ တန်းတူ အခွင့်အရေးကို ရရှိဖို့ လိုအပ်သလို တစ်ဦးချင်း တစ်ဦးချင်းမှာ ရှိတဲ့ လိုအပ်ချက် အားနည်း ချက်တွေကို စဉ်းစားပြီး ဖြည့်ဆည်း ပေးနိုင်မယ့် သာတူညီမျှ အခွင့်အရေး ရရှိဖို့လည်း အရေးကြီးပါတယ်။ ဘယ်နေရာမှာ မဆို ခွဲခြား လုပ်ဆောင်မှု တွေ ရှိနေသမျှ ပြဿနာတွေ အမြဲ ရှိနေပြီး ငြိမ်းချမ်းမှု ဆိုတာ ရှိလာနိုင်မှာ မဟုတ်တဲ့အတွက် အိမ်တွေမှာ ကျောင်း တွေမှာ ရုံးတွေမှာ ပတ်ဝန်းကျင်မှာ ကမ္ဘာကြီးမှာ ခွဲခြား ဆက်ဆံမှုတွေ နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်ဖို့ လိုမှာ ဖြစ်ပါတယ်။

သာတူညီမျှ အခွင့်အရေး မရဘူးဆိုရင် ပစ်ပယ်ခံရခြင်းဆိုတဲ့ အကြောင်းအရာတွေ ရှိလာမှာပါ။ ဒါကြောင့် ပဋိပက္ခ ဖြစ်ပွားမှုတွေရဲ့ အကြောင်းရင်းတွေထဲမှာ ပစ်ပယ်ခံရခြင်းဆိုတဲ့ အကြောင်းရင်းတွေ ရှိနေတယ် ဆိုတာကို သတိပြုသင့်ပါတယ်။ ပဋိပက္ခအားလုံးဟာ လူ့ အဖွဲ့အစည်းအတွင်းမှာ ရှိနေတာ သဘာဝ ပါပဲ။ အဲဒီပဋိ ပက္ခတွေကို အဖြေရှာရင်း အတူတကွ ပေါင်းသင်း ဆက်ဆံရင်း ခိုင်မြဲသွားတာ၊ ပိုမို ကောင်းမွန် ငြိမ်းချမ်းတဲ့ အဖြေ ရရှိသွားတာလည်း ရှိနိုင်ပါတယ် ”ဟုနိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားခဲ့ပါတယ်။

ယင်းအပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ ဆက်လက်ပြောကြားခဲ့ရာမှာ “ပြဿနာဟာ ပြဿနာ မဟုတ်ဘူး၊ ပြဿနာကို ဖြေရှင်းပုံ ဖြေရှင်းနည်း မှန်ဖို့ကသာ ပြဿနာ ဖြစ်ပါတယ်။ ပြဿနာကို ဖြေရှင်းပုံ ဖြေရှင်းနည်း မမှန်လို့ ရှိရင် ကျွန်မတို့ဟာ ဘယ်ပြဿနာကိုမှ ရေရှည်အတွက် ကောင်းမွန်စွာ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ပညာအဆင့် တိုးတက်လာတာနဲ့အတူ နိုင်ငံကလည်း တိုးတက်လာမှာ ဖြစ်ပါတယ်။ နိုင်ငံတိုးတက်လာတာနဲ့ ရေမြင့်ရင် ကြာတင့်တယ် ဆိုတဲ့ စကားလိုပဲ ပညာရေးဝန်ထမ်းတွေရဲ့ အဆင့်အတန်းကလည်း မြင့်မားလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပညာရေး လုပ်ငန်းမှာ အောင်မြင်ဖို့ဆိုရင် ဆရာ ဆရာမတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်း ဆိုင်ရာ လိုအပ်ချက်တွေ အားနည်းချက်တွေကိုပါ ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။

အခြေခံပညာရေးရဲ့ အဓိက ရည်မှန်း ထားတဲ့ ၁။ နိုင်ငံသားကောင်းများ ဖြစ်ထွန်းရေး၊ ၂။ အတူတကွ ပူးပေါင်း ဆောင်ရွက်တတ်တဲ့ အလေ့ အကျင့်ကောင်းတွေ ဖြစ်ထွန်းရေး၊ ၃။ တာဝန်ယူမှု တာဝန်ခံမှု ရှိတဲ့ ကလေးတွေ ဖြစ်လာရေးနဲ့ ၄။ ဆန်းသစ် တီထွင်ဖန်တီး တတ်တဲ့ ကလေးတွေ ဖြစ်လာရေး စတဲ့ နိုင်ငံ့ရဲ့ ရေရှည် အနာဂတ်မှာ အားကိုး အထားပြုရ မယ့် မျိုးဆက်သစ်တွေ ဖြစ်ထွန်းလာရေး အတွက် အခြေခံပညာ ကဏ္ဍ ပညာရေး ပြုပြင် ပြောင်းလဲမှုများကို ဆောင်ရွက်တဲ့အခါမှာ မိဘ ပြည်သူတွေ ကျောင်သား ကျောင်းသူ တွေ ဆရာ ဆရာမတွေနဲ့ ပညာရေးနဲ့ ပတ်သက် ဆက်နွယ်သူတွေ အားလုံးက ဟန်ချက် ညီညီနဲ့ပူးပေါင်း ပါဝင်ပေးကြပါလို့ တိုက်တွန်း ပြောကြားချင်ပါတယ်။

အရည်အသွေး ရှိတဲ့ ပညာရေး စနစ်ကို ပြောင်းလဲ တည်ဆောက်နိုင်ဖို့ ဆိုရင်မိမိသာမက အခြားသူများပါ လေ့လာ သင်ယူပြီး ဖွံ့ဖြိုး တိုးတက်နေဖို့ လိုပါတယ်။ တကယ်တော့ ပညာဆိုတာ လက်ဆင့်ကမ်းရမယ့် အရာပဲ ဖြစ်ပါတယ် ”ဟုလည်းပြောကြားခဲ့ပါတယ်။ထို့ပြင် “ ပြုပြင်ပြောင်းလဲတယ်ဆိုတဲ့နေရာမှာအခြေအနေ(၂)မျိုးရှိနိုင်ပါတယ်။

တစ်ခုကအတိတ်က အခြေအနေတွေကို ပြန်လည် ဆန်းစစ်ပြီး ပိုမိုကောင်းမွန်အောင်လို့ ပြုပြင်ပြောင်းလဲတာနဲ့ တစ်ခုက အနာဂတ် အတွက်မျှော်မှန်းပြီးပြုပြင်ပြောင်းလဲတာဘဲဖြစ်ပါတယ်။ဘယ်စနစ်ပဲဖြစ်ဖြစ်ပြုပြင်ပြောင်းလဲတာမလွယ်ကူလှပါဘူး။ စနစ်ကို ပြောင်းလဲ မယ်ဆိုယင် ပထမဦးစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မဲ့သူတွေကိုယ်တိုင်က မိမိတို့ရဲ့ mindset ကို အရင်ပြောင်း ရပါမယ်။

အဲ့ဒီလိုပြောင်းလဲဖို့သတ္တိရှိရပါမယ်။ အဲ့ဒီလိုပြောင်းလဲခြင်း ကရလာတဲ့ ရလဒ်တွေစိန်ခေါ်မှုတွေကိုလည်းခံနိုင်ရည်ရှိရပါမယ်။ ဘယ်ဟာ က ပြုပြင်ပြောင်းလည်းသင့်တယ် ဘယ်ဟာကမပြောင်းလဲသင့်ဘူဆိုတာ ခွဲခြားသိဖို့ဟာ ပညာဘဲဖြစ်ပါတယ်။ ဒီလိုပြုပြင်ပြောင်းလဲဖို့ ဆိုတာပညာ အမျှော်အမြင်ရှိမှ မှန်မှန်ကန်ကန်ဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်ကျမတို့ ပညာရေးစနစ်ဟာ ဉာဏ်ပညာ အမျှော်အမြင် ရှိစေဖို့ ဦးတည်နေတဲ့ စနစ်ဖြစ်ဖို့အရေးကြီးပါတယ်။အဲ့မှာပညာနဲ့ အမျှော်အမြင် နဲ့ကိုခွဲခြားပြီးသတိပြု စေချင်ပါတယ်။

ပညာကသင်ယူလို့ရတယ်၊အမျော်အမြင်ကပညာပေါ်မှာအခြေခံပြီးတော့ဒါဘာဖြစ်နိုင်တယ်၊ဖြစ်လာတဲ့ ကိစ္စတွေကို ဘယ်လိုလုပ် ဖြေရှင်းနိုင်မယ် ဆိုတာကို မျှော်မှန်းနိုင်တဲ့အရေအချင်းလို့ဘဲမြင်ပါတယ်။ ကမ္ဘာ့ပညာရှင်တွေရဲ့လေ့လာချက်အရ ပညာရေးဟာ ကမ္ဘာကို အကောင်းဆုံးတည်ဆောက်နိုင်တဲ့အရာလို့မှတ်သားရပါတယ်။

နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ဖို့ဆိုယင် အဲ့ဒီနိုင်ငံမှာရှိတဲ့နိုင်ငံသားတွေရဲ့ အသိပညာ ဗဟုသုတပြည့်ဝမှုတွေကျွမ်းကျင် မှုတွေနဲ့ ပညာရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအပေါ်အဓိကမူတည်နေပါတယ်။ဒါကြောင့်အရည်အသွေးရှိတဲ့ပညာရေး စနစ်ကိုခိုင်မာအောင် တည်ဆောက်ကြရ ပါမယ်။ဒီလိုတည်ဆောက်ဖို့ဆိုယင် လက်ရှိပညာရေးစနစ်တွေ၊သင်ကြား နည်းတွေ၊ပညာရေးစီမံခွဲမှုတွေ၊ ဆရာ့အရည်အသွေးတွေကို ဆန်းစစ်ဖို့လိုပါတယ်၊ ဒီလိုပြုပြင်ဆောင်ရွက်ဖို့ဆိုယင် အစိုးရတစ်ခုတည်နဲ့ဆောင်ရွက်လို့ အောင်မြင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး၊ မလွယ်ကူရုံတင်မကပါဘူး ဖြစ်ကိုမဖြစ်နိုင်ဘူးလို့ပြောလို့ရပါတယ်။

ပြည်သူတွေပညာရေးနဲ့ပတ်သက်ဆက်နွယ်ပြီးအားလုံးပူးပေါင်းဆောင်ရွက်ဖိုဟာ အင်မတန်မှအရေးကြီးပါတယ် ”ဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှပြောကြားခဲ့ပါတယ်။ ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ် ပွဲသို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် အတူ ပြည်ထောင်စု ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး ပြည်နယ် အသီးသီးမှ ပညာရေး အရာရှိများ၊ ကျောင်းအုပ်ဆရာ ဆရာမကြီးများ၊ ပညာရေး ဝန်ထမ်းများ၊ မိတ်ဖက် အဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရပြီး ပညာရေး ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှော ဖလှယ်ပွဲကို (၂)ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရပါတယ်။

KO
နေပြည်တော်၊ဇန်နဝါရီ-၂၈

(  Zawgyi   )

 ဘယ္ေနရာမွာ မဆို ခြဲျခား လုပ္ေဆာင္မႈေတြ ရွိေနသမွ် ျပႆနာေတြ အၿမဲ ရွိေနၿပီး ၿငိမ္းခ်မ္းမႈ ဆိုတာ ရွိလာႏိုင္မွာ မဟုတ္သည့္အတြက္ အိမ္ေတြ၊ေက်ာင္းေတြ၊႐ုံးေတြ၊ပတ္ဝန္းက်င္မွာ ကမာၻႀကီးမွာ ခြဲျခား ဆက္ဆံမႈ ေတြ နည္းႏိုင္သမွ် နည္းေအာင္ ေဆာင္႐ြက္ဖို႔လိုေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားခဲ့ပါတယ္။

ယေန႔နံနက္ပိုင္းက ေနျပည္ေတာ္MICC-2)တြင္က်င္းပျပဳလုပ္သည့္ပညာေရးဖြံၿဖိဳးတိုးတက္မႈ အေကာင္အထည္ ေဖာ္ေရး ႏွီးေႏွာဖလွယ္ပြဲ သို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္တက္ေရာက္၍ အဖြင့္မိန႔္ ခြန္း ေျပာၾကားရာမွာ ယခုကဲ့သို႔ ထည့္သြင္းေျပာၾကား ခဲ့ျခင္းျဖစ္ ပါတယ္။

“သာတူညီမွ် အခြင့္အေရးဆိုတာ လူ႔အဖြဲ႕အစည္းတိုင္းအတြက္ အေရးႀကီးပါတယ္။ ဒါေၾကာင့္ ပညာေရး နယ္ပယ္မွာ ရွိၾကတဲ့ ဆရာေတြ ေက်ာင္းသားေတြနဲ႔ ပညာေရး ဝန္ထမ္းေတြအားလုံးဟာ တန္းတူ အခြင့္အေရးကို ရရွိဖို႔ လိုအပ္သလို တစ္ဦးခ်င္း တစ္ဦးခ်င္းမွာ ရွိတဲ့ လိုအပ္ခ်က္ အားနည္း ခ်က္ေတြကို စဥ္းစားၿပီး ျဖည့္ဆည္း ေပးႏိုင္မယ့္ သာတူညီမွ် အခြင့္အေရး ရရွိဖို႔လည္း အေရးႀကီးပါတယ္။ ဘယ္ေနရာမွာ မဆို ခြဲျခား လုပ္ေဆာင္မႈ ေတြ ရွိေနသမွ် ျပႆနာေတြ အၿမဲ ရွိေနၿပီး ၿငိမ္းခ်မ္းမႈ ဆိုတာ ရွိလာႏိုင္မွာ မဟုတ္တဲ့အတြက္ အိမ္ေတြမွာ ေက်ာင္း ေတြမွာ ႐ုံးေတြမွာ ပတ္ဝန္းက်င္မွာ ကမာၻႀကီးမွာ ခြဲျခား ဆက္ဆံမႈေတြ နည္းႏိုင္သမွ်နည္းေအာင္ ေဆာင္႐ြက္ဖို႔ လိုမွာ ျဖစ္ပါတယ္။

သာတူညီမွ် အခြင့္အေရး မရဘူးဆိုရင္ ပစ္ပယ္ခံရျခင္းဆိုတဲ့ အေၾကာင္းအရာေတြ ရွိလာမွာပါ။ ဒါေၾကာင့္ ပဋိပကၡ ျဖစ္ပြားမႈေတြရဲ႕ အေၾကာင္းရင္းေတြထဲမွာ ပစ္ပယ္ခံရျခင္းဆိုတဲ့ အေၾကာင္းရင္းေတြ ရွိေနတယ္ ဆိုတာကို သတိျပဳသင့္ပါတယ္။ ပဋိပကၡအားလုံးဟာ လူ႔ အဖြဲ႕အစည္းအတြင္းမွာ ရွိေနတာ သဘာဝ ပါပဲ။ အဲဒီပဋိ ပကၡေတြကို အေျဖရွာရင္း အတူတကြ ေပါင္းသင္း ဆက္ဆံရင္း ခိုင္ၿမဲသြားတာ၊ ပိုမို ေကာင္းမြန္ ၿငိမ္းခ်မ္းတဲ့ အေျဖ ရရွိသြားတာလည္း ရွိႏိုင္ပါတယ္ ”ဟုႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္မွ ေျပာၾကားခဲ့ပါတယ္။

ယင္းအျပင္ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္မွ ဆက္လက္ေျပာၾကားခဲ့ရာမွာ “ျပႆနာဟာ ျပႆနာ မဟုတ္ဘူး၊ ျပႆနာကို ေျဖရွင္းပုံ ေျဖရွင္းနည္း မွန္ဖို႔ကသာ ျပႆနာ ျဖစ္ပါတယ္။ ျပႆနာကို ေျဖရွင္းပုံ ေျဖရွင္းနည္း မမွန္လို႔ ရွိရင္ ကြၽန္မတို႔ဟာ ဘယ္ျပႆနာကိုမွ ေရရွည္အတြက္ ေကာင္းမြန္စြာ ေျဖရွင္းႏိုင္မွာ မဟုတ္ပါဘူး။ ပညာအဆင့္ တိုးတက္လာတာနဲ႔အတူ ႏိုင္ငံကလည္း တိုးတက္လာမွာ ျဖစ္ပါတယ္။ ႏိုင္ငံတိုးတက္လာတာနဲ႔ ေရျမင့္ရင္ ၾကာတင့္တယ္ ဆိုတဲ့ စကားလိုပဲ ပညာေရးဝန္ထမ္းေတြရဲ႕ အဆင့္အတန္းကလည္း ျမင့္မားလာမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ပညာေရး လုပ္ငန္းမွာ ေအာင္ျမင္ဖို႔ဆိုရင္ ဆရာ ဆရာမေတြရဲ႕ စိတ္ပိုင္းဆိုင္ရာ ႐ုပ္ပိုင္း ဆိုင္ရာ လိုအပ္ခ်က္ေတြ အားနည္းခ်က္ေတြကိုပါ ထည့္သြင္း စဥ္းစားရမွာ ျဖစ္ပါတယ္။

အေျခခံပညာေရးရဲ႕ အဓိက ရည္မွန္း ထားတဲ့ ၁။ ႏိုင္ငံသားေကာင္းမ်ား ျဖစ္ထြန္းေရး၊ ၂။ အတူတကြ ပူးေပါင္း ေဆာင္႐ြက္တတ္တဲ့ အေလ့ အက်င့္ေကာင္းေတြ ျဖစ္ထြန္းေရး၊ ၃။ တာဝန္ယူမႈ တာဝန္ခံမႈ ရွိတဲ့ ကေလးေတြ ျဖစ္လာေရးနဲ႔ ၄။ ဆန္းသစ္ တီထြင္ဖန္တီး တတ္တဲ့ ကေလးေတြ ျဖစ္လာေရး စတဲ့ ႏိုင္ငံ့ရဲ႕ ေရရွည္ အနာဂတ္မွာ အားကိုး အထားျပဳရ မယ့္ မ်ိဳးဆက္သစ္ေတြ ျဖစ္ထြန္းလာေရး အတြက္ အေျခခံပညာ က႑ ပညာေရး ျပဳျပင္ ေျပာင္းလဲမႈမ်ားကို ေဆာင္႐ြက္တဲ့အခါမွာ မိဘ ျပည္သူေတြ ေက်ာင္သား ေက်ာင္းသူ ေတြ ဆရာ ဆရာမေတြနဲ႔ ပညာေရးနဲ႔ ပတ္သက္ ဆက္ႏြယ္သူေတြ အားလုံးက ဟန္ခ်က္ ညီညီနဲ႔ပူးေပါင္း ပါဝင္ေပးၾကပါလို႔ တိုက္တြန္း ေျပာၾကားခ်င္ပါတယ္။

အရည္အေသြး ရွိတဲ့ ပညာေရး စနစ္ကို ေျပာင္းလဲ တည္ေဆာက္ႏိုင္ဖို႔ ဆိုရင္မိမိသာမက အျခားသူမ်ားပါ ေလ့လာ သင္ယူၿပီး ဖြံ႕ၿဖိဳး တိုးတက္ေနဖို႔ လိုပါတယ္။ တကယ္ေတာ့ ပညာဆိုတာ လက္ဆင့္ကမ္းရမယ့္ အရာပဲ ျဖစ္ပါတယ္ ”ဟုလည္းေျပာၾကားခဲ့ပါတယ္။ထို႔ျပင္ “ ျပဳျပင္ေျပာင္းလဲတယ္ဆိုတဲ့ေနရာမွာအေျခအေန(၂)မ်ိဳးရွိႏိုင္ပါတယ္။

တစ္ခုကအတိတ္က အေျခအေနေတြကို ျပန္လည္ ဆန္းစစ္ၿပီး ပိုမိုေကာင္းမြန္ေအာင္လို႔ ျပဳျပင္ေျပာင္းလဲတာနဲ႔ တစ္ခုက အနာဂတ္ အတြက္ေမွ်ာ္မွန္းၿပီးျပဳျပင္ေျပာင္းလဲတာဘဲျဖစ္ပါတယ္။ဘယ္စနစ္ပဲျဖစ္ျဖစ္ျပဳျပင္ေျပာင္းလဲတာမလြယ္ကူလွပါဘူး။ စနစ္ကို ေျပာင္းလဲ မယ္ဆိုယင္ ပထမဦးစြာ အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ႏိုင္မဲ့သူေတြကိုယ္တိုင္က မိမိတို႔ရဲ႕ mindset ကို အရင္ေျပာင္း ရပါမယ္။

အဲ့ဒီလိုေျပာင္းလဲဖို႔သတၱိရွိရပါမယ္။ အဲ့ဒီလိုေျပာင္းလဲျခင္း ကရလာတဲ့ ရလဒ္ေတြစိန္ေခၚမႈေတြကိုလည္းခံႏိုင္ရည္ရွိရပါမယ္။ ဘယ္ဟာ က ျပဳျပင္ေျပာင္းလည္းသင့္တယ္ ဘယ္ဟာကမေျပာင္းလဲသင့္ဘူဆိုတာ ခြဲျခားသိဖို႔ဟာ ပညာဘဲျဖစ္ပါတယ္။ ဒီလိုျပဳျပင္ေျပာင္းလဲဖို႔ ဆိုတာပညာ အေမွ်ာ္အျမင္ရွိမွ မွန္မွန္ကန္ကန္ဆုံးျဖတ္ႏိုင္မွာျဖစ္ပါတယ္။ ဒါေၾကာင့္က်မတို႔ ပညာေရးစနစ္ဟာ ဉာဏ္ပညာ အေမွ်ာ္အျမင္ ရွိေစဖို႔ ဦးတည္ေနတဲ့ စနစ္ျဖစ္ဖို႔အေရးႀကီးပါတယ္။အဲ့မွာပညာနဲ႔ အေမွ်ာ္အျမင္ နဲ႔ကိုခြဲျခားၿပီးသတိျပဳ ေစခ်င္ပါတယ္။

ပညာကသင္ယူလို႔ရတယ္၊အေမ်ာ္အျမင္ကပညာေပၚမွာအေျခခံၿပီးေတာ့ဒါဘာျဖစ္ႏိုင္တယ္၊ျဖစ္လာတဲ့ ကိစၥေတြကို ဘယ္လိုလုပ္ ေျဖရွင္းႏိုင္မယ္ ဆိုတာကို ေမွ်ာ္မွန္းႏိုင္တဲ့အေရအခ်င္းလို႔ဘဲျမင္ပါတယ္။ ကမာၻ႔ပညာရွင္ေတြရဲ႕ေလ့လာခ်က္အရ ပညာေရးဟာ ကမာၻကို အေကာင္းဆုံးတည္ေဆာက္ႏိုင္တဲ့အရာလို႔မွတ္သားရပါတယ္။

ႏိုင္ငံတစ္ခုဖြံ႕ၿဖိဳးတိုးတက္ဖို႔ဆိုယင္ အဲ့ဒီႏိုင္ငံမွာရွိတဲ့ႏိုင္ငံသားေတြရဲ႕ အသိပညာ ဗဟုသုတျပည့္ဝမႈေတြကြၽမ္းက်င္ မႈေတြနဲ႔ ပညာေရး က႑ဖြံ႕ၿဖိဳးတိုးတက္မႈအေပၚအဓိကမူတည္ေနပါတယ္။ဒါေၾကာင့္အရည္အေသြးရွိတဲ့ပညာေရး စနစ္ကိုခိုင္မာေအာင္ တည္ေဆာက္ၾကရ ပါမယ္။ဒီလိုတည္ေဆာက္ဖို႔ဆိုယင္ လက္ရွိပညာေရးစနစ္ေတြ၊သင္ၾကား နည္းေတြ၊ပညာေရးစီမံခြဲမႈေတြ၊ ဆရာ့အရည္အေသြးေတြကို ဆန္းစစ္ဖို႔လိုပါတယ္၊ ဒီလိုျပဳျပင္ေဆာင္႐ြက္ဖို႔ဆိုယင္ အစိုးရတစ္ခုတည္နဲ႔ေဆာင္႐ြက္လို႔ ေအာင္ျမင္ဖို႔ဆိုတာ မလြယ္ကူလွပါဘူး၊ မလြယ္ကူ႐ုံတင္မကပါဘူး ျဖစ္ကိုမျဖစ္ႏိုင္ဘူးလို႔ေျပာလို႔ရပါတယ္။

ျပည္သူေတြပညာေရးနဲ႔ပတ္သက္ဆက္ႏြယ္ၿပီးအားလုံးပူးေပါင္းေဆာင္႐ြက္ဖိုဟာ အင္မတန္မွအေရးႀကီးပါတယ္ ”ဟု ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္မွေျပာၾကားခဲ့ပါတယ္။ ပညာေရး ဖြံ႕ၿဖိဳးတိုးတက္မႈ အေကာင္အထည္ေဖာ္ေရး ႏွီးေႏွာဖလွယ္ ပြဲသို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ႏွင့္ အတူ ျပည္ေထာင္စု ဝန္ႀကီးမ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ တိုင္းေဒသႀကီး ျပည္နယ္ အသီးသီးမွ ပညာေရး အရာရွိမ်ား၊ ေက်ာင္းအုပ္ဆရာ ဆရာမႀကီးမ်ား၊ ပညာေရး ဝန္ထမ္းမ်ား၊ မိတ္ဖက္ အဖြဲ႕အစည္း မ်ားမွ ကိုယ္စားလွယ္မ်ား တက္ေရာက္ခဲ့ၾကေၾကာင္းသိရွိရၿပီး ပညာေရး ဖြံ႕ၿဖိဳးတိုးတက္မႈ အေကာင္အထည္ေဖာ္ေရး ႏွီးေႏွာ ဖလွယ္ပြဲကို (၂)ရက္တိုင္တိုင္ က်င္းပသြားမည္ျဖစ္ေၾကာင္းသိရွိရပါတယ္။

KO
ေနျပည္ေတာ္၊ဇန္နဝါရီ-၂၈