ခွင့်ပြုချက်မဲ့ ဖွင့်လှစ်နေမှုသည့် Terminal ဆီဆိုင် ဖယ်ရှားမပေးပါက တရားဥပဒေအတိုင်း ဆောင်ရွက်မည်

ခွင့်ပြုချက်မဲ့ ဖွင့်လှစ်နေမှုသည့် Terminal ဆီဆိုင် ဖယ်ရှားမပေးပါက တရားဥပဒေအတိုင်း ဆောင်ရွက်မည်

မင်္ဂလာဒုံမြို့နယ် ရန်ကုန်-ပြည် ကားလမ်းမဘေး၊ ဘီအိုစီမှတ်တိုင် အနီးရှိ ခွင့်ပြုချက်မဲ့ ဖွင့်လှစ်နေသည့် Terminal ဆီဆိုင်အမှတ် (၂၀၁) အား ဖယ်ရှားမပေးပါက တရားဥပဒေအတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ယနေ့ ဇူလိုင် ၄ ရက် နံနက်ပိုင်းက မင်္ဂလာဒုံတပ်မြို့ စည်ပင်ခန်းမတွင် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွင် မင်္ဂလာဒုံတပ်မြို့ စည်ပင်အတွင်းရေးမှူး ဦးကျော်ငွေ က ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ ၂၀၁၇ ခုနှစ်ကတည်း ဖယ်ပေးဖို့ ၃ ကြိမ် သတိပေးစာထုတ် အကြောင်းကြားပြီပါပြီ။ကျွန်တော်တို့ ရှေ့နေနဲ့လည်း တရားဝင် အကြောင်းကြားပြီးပါပြီ။ဆက်လက်ပြီး မဖယ်ပေးရင်တော့ တရားဥပဒေနဲ့အညီ တပ်မြို့စည်ပင်မြေပြန်ရဖို့ မကြာမီဆက်လက်ဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ပြောသည်။

ယင်းဓာတ်ဆီဆိုင်သည် လေယာဉ်ပြေးလမ်းနှင့် နီးကပ်နေခြင်း၊ ပင်မဓာတ်အားခွဲရုံနှင့် နီးကပ်နေခြင်း၊ လေကြောင်းကာကွယ်ရေးစခန်း၊ တပ်မတော်လေတပ် လေယာဉ်ရုံများနှင့် နီးကပ်စွာတည်ရှိနေတဲ့အတွက် မီးဘေးအန္တရာယ် အလွန်စိုးရိမ်ရတဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ မြေနေရာပေါ်တွင် စက်သုံးဆီရောင်းချခွင့်အား စွမ်းအင်ဝန်ကြီးဌာနမှ ရာရွှေဝါကုမ္ပဏီသို့ ၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့က လွှဲပြောင်းရောင်းချခဲ့ကြောင်း၊ မင်္ဂလာဒုံတပ်မြို့ စည်ပင်နယ်မြေဖြစ်သည့်အတွက် ရောင်းချထားမှုအား ပယ်ဖျက်ရန် လျှောက်ထားမှုကို စစ်ထောက်ချုပ်ရုံးမှ အတည်ပြုခဲ့တဲ့အတွက် ရောင်းချရငွေများကို ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် ပြန်လည်ပေးချေခဲ့ပြီး ဖြစ်တယ်လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

တပ်မြို့စည်ပင်သာယာရေးအဖွဲ့ (မင်္ဂလာဒုံ) အနေဖြင့် ယာယီနှစ်တိုအနေဖြင့်သာ ၂၀၁၁ ခုနှစ်တွင် (၁) နှစ် သက်တမ်းရှိ မြေငှားစာချုပ်ဖြင့် လည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် (၃) နှစ် သက်တမ်းရှိ မြေငှားစာချုပ်ဖြင့် လည်းကောင်း စည်းကမ်းများချမှတ်၍ နောက်ဆုံးအကြိမ် ငှားရမ်းလုပ်ကိုင်စေခဲ့ပြီး နိုင်ငံတော်ဘဏ္ဍာငွေသို့ ကာကွယ်ရေးရငွေ ခေါင်းစဉ်ဖြင့် ပေးသွင်းခဲ့ကြောင်း၊ ၂၀၁၇ မတ် ၃၁ ရက်နေ့တွင် စာချုပ်သက်တမ်း ပြည့်မြောက်ခဲ့တဲ့အတွက် မြေငှားရမ်းခကို လက်ခံမှုမပြုလုပ်တော့ဘဲ ပြန်လည်အပ်နှံရန် အကြောင်းကြားခဲ့ပေမယ့် ကုမ္ပဏီပိုင်ရှင်မှ ဖယ်ရှားခြင်းမရှိဘဲ ဆက်လက်လုပ်ကိုင်လျှက် ရှိတယ်လို့ ဆိုပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ ဇူလိုင် - ၄

( Zawgyi )

မဂၤလာဒုံၿမိဳ႕နယ္ ရန္ကုန္-ျပည္ ကားလမ္းမေဘး၊ ဘီအိုစီမွတ္တိုင္ အနီးရွိ ခြင့္ျပဳခ်က္မဲ့ ဖြင့္လွစ္ေနသည့္ Terminal ဆီဆိုင္အမွတ္ (၂၀၁) အား ဖယ္ရွားမေပးပါက တရားဥပေဒအတိုင္း ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ယေန႔ ဇူလိုင္ ၄ ရက္ နံနက္ပိုင္းက မဂၤလာဒုံတပ္ၿမိဳ႕ စည္ပင္ခန္းမတြင္ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲတြင္ မဂၤလာဒုံတပ္ၿမိဳ႕ စည္ပင္အတြင္းေရးမႉး ဦးေက်ာ္ေငြ က ေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ ၂၀၁၇ ခုႏွစ္ကတည္း ဖယ္ေပးဖို႔ ၃ ႀကိမ္ သတိေပးစာထုတ္ အေၾကာင္းၾကားၿပီပါၿပီ။ကြၽန္ေတာ္တို႔ ေရွ႕ေနနဲ႔လည္း တရားဝင္ အေၾကာင္းၾကားၿပီးပါၿပီ။ဆက္လက္ၿပီး မဖယ္ေပးရင္ေတာ့ တရားဥပေဒနဲ႔အညီ တပ္ၿမိဳ႕စည္ပင္ေျမျပန္ရဖို႔ မၾကာမီဆက္လက္ေဆာင္႐ြက္သြားမွာပါ” ဟု ၎က ေျပာသည္။

ယင္းဓာတ္ဆီဆိုင္သည္ ေလယာဥ္ေျပးလမ္းႏွင့္ နီးကပ္ေနျခင္း၊ ပင္မဓာတ္အားခြဲ႐ုံႏွင့္ နီးကပ္ေနျခင္း၊ ေလေၾကာင္းကာကြယ္ေရးစခန္း၊ တပ္မေတာ္ေလတပ္ ေလယာဥ္႐ုံမ်ားႏွင့္ နီးကပ္စြာတည္ရွိေနတဲ့အတြက္ မီးေဘးအႏၲရာယ္ အလြန္စိုးရိမ္ရတဲ့အတြက္ ျဖစ္တယ္လို႔ ဆိုပါတယ္။

အဆိုပါ ေျမေနရာေပၚတြင္ စက္သုံးဆီေရာင္းခ်ခြင့္အား စြမ္းအင္ဝန္ႀကီးဌာနမွ ရာေ႐ႊဝါကုမၸဏီသို႔ ၂၀၁၁ ခုႏွစ္ မတ္လ ၁၁ ရက္ေန႔က လႊဲေျပာင္းေရာင္းခ်ခဲ့ေၾကာင္း၊ မဂၤလာဒုံတပ္ၿမိဳ႕ စည္ပင္နယ္ေျမျဖစ္သည့္အတြက္ ေရာင္းခ်ထားမႈအား ပယ္ဖ်က္ရန္ ေလွ်ာက္ထားမႈကို စစ္ေထာက္ခ်ဳပ္႐ုံးမွ အတည္ျပဳခဲ့တဲ့အတြက္ ေရာင္းခ်ရေငြမ်ားကို ၂၀၁၁ ခုႏွစ္ ႏိုဝင္ဘာလတြင္ ျပန္လည္ေပးေခ်ခဲ့ၿပီး ျဖစ္တယ္လို႔ ၎က ဆက္လက္ေျပာၾကားခဲ့ပါတယ္။

တပ္ၿမိဳ႕စည္ပင္သာယာေရးအဖြဲ႕ (မဂၤလာဒုံ) အေနျဖင့္ ယာယီႏွစ္တိုအေနျဖင့္သာ ၂၀၁၁ ခုႏွစ္တြင္ (၁) ႏွစ္ သက္တမ္းရွိ ေျမငွားစာခ်ဳပ္ျဖင့္ လည္းေကာင္း၊ ၂၀၁၄ ခုႏွစ္တြင္ (၃) ႏွစ္ သက္တမ္းရွိ ေျမငွားစာခ်ဳပ္ျဖင့္ လည္းေကာင္း စည္းကမ္းမ်ားခ်မွတ္၍ ေနာက္ဆုံးအႀကိမ္ ငွားရမ္းလုပ္ကိုင္ေစခဲ့ၿပီး ႏိုင္ငံေတာ္ဘ႑ာေငြသို႔ ကာကြယ္ေရးရေငြ ေခါင္းစဥ္ျဖင့္ ေပးသြင္းခဲ့ေၾကာင္း၊ ၂၀၁၇ မတ္ ၃၁ ရက္ေန႔တြင္ စာခ်ဳပ္သက္တမ္း ျပည့္ေျမာက္ခဲ့တဲ့အတြက္ ေျမငွားရမ္းခကို လက္ခံမႈမျပဳလုပ္ေတာ့ဘဲ ျပန္လည္အပ္ႏွံရန္ အေၾကာင္းၾကားခဲ့ေပမယ့္ ကုမၸဏီပိုင္ရွင္မွ ဖယ္ရွားျခင္းမရွိဘဲ ဆက္လက္လုပ္ကိုင္လွ်က္ ရွိတယ္လို႔ ဆိုပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ဇူလိုင္ - ၄