ခြေ/ဥပြင်ဆင်ရေးအတွက် လွှတ်တော်နှင့်အတူ လှုပ်ရှားဆောင်ရွက်မည်ဟု မန်းခြေ/ဥပြင်ဆင်ရေး ထောက်ခံပွဲစီစဉ်သူများ ဆို

ခြေ/ဥပြင်ဆင်ရေးအတွက် လွှတ်တော်နှင့်အတူ လှုပ်ရှားဆောင်ရွက်မည်ဟု မန်းခြေ/ဥပြင်ဆင်ရေး ထောက်ခံပွဲစီစဉ်သူများ ဆို

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ လွှတ်တော်ရဲ့ဆောင်ရွက်မှုနဲ့အတူ ပြင်ပကနေလည်း လူထုရဲ့ ထောက်ခံလှုပ်ရှားမှုတွေ စဉ်ဆက်မပြတ်ပြုလုပ်သွား မှာဖြစ်တယ်လို့ မန္တလေးမြို့မှာ မနေ့ကပြုလုပ်တဲ့ ဖွဲ့စည်အခြေခံဥပဒေကိုပြင်ဆင်ရေး လူထုထောက်ခံပွဲအခမ်းအနားအပြီးမှာ ပွဲစီစဉ်သူတွေဘက်ကဆိုပါတယ်။

"ဒီလိုလှုပ်ရှားမှုတွေကနေ ဘာအကျိုးရလာဒ်ရှိလာမလဲ စောင့်ကြည့်မယ်လေ၊ လွှတ်တော်ကလည်း သူ့ဟာသူဆက်လုပ်နေမှာဖြစ်သလို ကျွန်တော်တို့ဘက်ကလည်း လွှတ်တော်ရဲ့အခြေအနေကိုစောင့်ကြည့်ပြီး အဆင်ပြေလားမပြေလားကြည့်မယ် အဆင်မပြေရင် အဆင်ပြေတဲ့ အထိ ဒီလိုလူထုထောက်ခံပွဲတွေ ဆက်လုပ်သွားပါမယ်" လို့ ၂၀၀၈ ခြေ/ဥပြင်ဆင်ရေးထောက်ခံကြိုဆိုပွဲကျင်းပရေးကော်မတီ(မန္တလေး)မှ ဦးကျော်သက်နိုင်က Opinion Leaders Media ကိုပြောပါတယ်။

၂၀၀၈ ခြေ/ဥပြင်ဆင်ရေးထောက်ခံကြိုဆိုပွဲကျင်းပရေးကော်မတီ(မန္တလေး)ရဲ့ဦးဆောင်မှုနဲ့ မန္တလေး မြို့က မနော်ရမ္မံပြည်သူ့ ဟစ်တိုင် ကွင်းအတွင်းမှာ မနေ့ကညနေ ၄ နာရီကနေ ၆ နာရီခွဲအထိ ၂၀၀၈ ခြေ/ဥပြင် ဆင်ရေး ထောက်ခံကြိုဆိုပွဲအခမ်းအနားပြုလုပ်ခဲ့တာမှာ မန္တလေးမြို့လူထုကကွင်းလုံးပြည့် လာရောက်အားပေးထောက်ခံခဲ့ကြပါတယ်။ "ထောက်ခံပွဲတက်ရောက်သူသောင်းဂဏန်းရှိတယ် အနည်းဆုံး သုံးလေးသောင်းအနည်းဆုံးပါပဲ ကွင်းထဲနေရာမရလို့အပြင်ကပါဝင်သူတွေတောင်ရှိပါတယ် ဒီထောက်ခံပွဲကနေ ဘာတွေမျှော်လင့်လဲဆိုတော့ ကျွန်တော်တို့လူထုအလိုရှိတဲ့ဒီဖွဲ့စည်းပုံပြင်နိုင်ရေးဟာအောင်ကိုအောင်ရမယ်ပေါ့ဗျာ မအေယင်မြင်မချင်း ဒီလိုထောက်ခံပွဲတွေ ဆက်လုပ်သွား ရမှာပဲ" လို့လည်း ၎င်းကဆိုပါတယ်။

၂၀၀၈ ခြေ/ဥပြင်ဆင်ရေးနဲ့ပတ်သက်လို့ ထောက်ခံကြိုဆိုကြသူတွေရှိသလို ကန့်ကွက်ကြသူတွေ လည်းရှိတာမှာ နှစ်ဖွဲ့နှစ်ဖက်အပြိုင်အဆိုင်ဝေဖန် မှုတွေလည်းရှိနေပါတယ်။ "ဖွဲ့စည်းပုံပြင်ရင် ဘာဖြစ်မလဲ ဘယ်သူ့အတွက်အန္တရာယ်ရှိမလဲ ရှင်းရှင်းလေးပါ သူတို့အကျိုးစီးပွားပဲ ပျက်မှာဆိုတော့ သူတို့ပဲအန္တရာယ်ရှိတာပါ ပြည်သူအတွက်အန္တရာယ်မရှိပါဘူး ဒီနေ့တက်ရောက်လာ ကြ တဲ့ပြည်သူကို အရမ်းလေးစားပါတယ် ဒီလိုပဲပြည်သူ့အားနဲ့ဆက်လုပ်သွားရမှာပါ" လို့ ဒီပွဲမှာ တက်ရောက် ဟောပြောပေးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေကြီးဦးသိန်းသန်းဦးက Opinion Leaders Media ကိုပြောပါတယ်။

KT
မန္တလေး၊ ဇူလိုင် ၂၂

(  Zawgyi  )

 ၂၀၀၈ ဖြဲ႕စည္းပုံျပင္ဆင္ေရးမွာ လႊတ္ေတာ္ရဲ႕ေဆာင္႐ြက္မႈနဲ႔အတူ ျပင္ပကေနလည္း လူထုရဲ႕ ေထာက္ခံလႈပ္ရွားမႈေတြ စဥ္ဆက္မျပတ္ျပဳလုပ္သြား မွာျဖစ္တယ္လို႔ မႏၲေလးၿမိဳ႕မွာ မေန႔ကျပဳလုပ္တဲ့ ဖြဲ႕စည္အေျခခံဥပေဒကိုျပင္ဆင္ေရး လူထုေထာက္ခံပြဲအခမ္းအနားအၿပီးမွာ ပြဲစီစဥ္သူေတြဘက္ကဆိုပါတယ္။

"ဒီလိုလႈပ္ရွားမႈေတြကေန ဘာအက်ိဳးရလာဒ္ရွိလာမလဲ ေစာင့္ၾကည့္မယ္ေလ၊ လႊတ္ေတာ္ကလည္း သူ႔ဟာသူဆက္လုပ္ေနမွာျဖစ္သလို ကြၽန္ေတာ္တို႔ဘက္ကလည္း လႊတ္ေတာ္ရဲ႕အေျခအေနကိုေစာင့္ၾကည့္ၿပီး အဆင္ေျပလားမေျပလားၾကည့္မယ္ အဆင္မေျပရင္ အဆင္ေျပတဲ့ အထိ ဒီလိုလူထုေထာက္ခံပြဲေတြ ဆက္လုပ္သြားပါမယ္" လို႔ ၂၀၀၈ ေျခ/ဥျပင္ဆင္ေရးေထာက္ခံႀကိဳဆိုပြဲက်င္းပေရးေကာ္မတီ(မႏၲေလး)မွ ဦးေက်ာ္သက္ႏိုင္က Opinion Leaders Media ကိုေျပာပါတယ္။

၂၀၀၈ ေျခ/ဥျပင္ဆင္ေရးေထာက္ခံႀကိဳဆိုပြဲက်င္းပေရးေကာ္မတီ(မႏၲေလး)ရဲ႕ဦးေဆာင္မႈနဲ႔ မႏၲေလး ၿမိဳ႕က မေနာ္ရမၼံျပည္သူ႔ ဟစ္တိုင္ ကြင္းအတြင္းမွာ မေန႔ကညေန ၄ နာရီကေန ၆ နာရီခြဲအထိ ၂၀၀၈ ေျခ/ဥျပင္ ဆင္ေရး ေထာက္ခံႀကိဳဆိုပြဲအခမ္းအနားျပဳလုပ္ခဲ့တာမွာ မႏၲေလးၿမိဳ႕လူထုကကြင္းလုံးျပည့္ လာေရာက္အားေပးေထာက္ခံခဲ့ၾကပါတယ္။ "ေထာက္ခံပြဲတက္ေရာက္သူေသာင္းဂဏန္းရွိတယ္ အနည္းဆုံး သုံးေလးေသာင္းအနည္းဆုံးပါပဲ ကြင္းထဲေနရာမရလို႔အျပင္ကပါဝင္သူေတြေတာင္ရွိပါတယ္ ဒီေထာက္ခံပြဲကေန ဘာေတြေမွ်ာ္လင့္လဲဆိုေတာ့ ကြၽန္ေတာ္တို႔လူထုအလိုရွိတဲ့ဒီဖြဲ႕စည္းပုံျပင္ႏိုင္ေရးဟာေအာင္ကိုေအာင္ရမယ္ေပါ့ဗ်ာ မေအယင္ျမင္မခ်င္း ဒီလိုေထာက္ခံပြဲေတြ ဆက္လုပ္သြား ရမွာပဲ" လို႔လည္း ၎ကဆိုပါတယ္။

၂၀၀၈ ေျခ/ဥျပင္ဆင္ေရးနဲ႔ပတ္သက္လို႔ ေထာက္ခံႀကိဳဆိုၾကသူေတြရွိသလို ကန႔္ကြက္ၾကသူေတြ လည္းရွိတာမွာ ႏွစ္ဖြဲ႕ႏွစ္ဖက္အၿပိဳင္အဆိုင္ေဝဖန္ မႈေတြလည္းရွိေနပါတယ္။ "ဖြဲ႕စည္းပုံျပင္ရင္ ဘာျဖစ္မလဲ ဘယ္သူ႔အတြက္အႏၲရာယ္ရွိမလဲ ရွင္းရွင္းေလးပါ သူတို႔အက်ိဳးစီးပြားပဲ ပ်က္မွာဆိုေတာ့ သူတို႔ပဲအႏၲရာယ္ရွိတာပါ ျပည္သူအတြက္အႏၲရာယ္မရွိပါဘူး ဒီေန႔တက္ေရာက္လာ ၾက တဲ့ျပည္သူကို အရမ္းေလးစားပါတယ္ ဒီလိုပဲျပည္သူ႔အားနဲ႔ဆက္လုပ္သြားရမွာပါ" လို႔ ဒီပြဲမွာ တက္ေရာက္ ေဟာေျပာေပးခဲ့တဲ့ တရားလႊတ္ေတာ္ေရွ႕ေနႀကီးဦးသိန္းသန္းဦးက Opinion Leaders Media ကိုေျပာပါတယ္။

KT
မႏၲေလး၊ ဇူလိုင္ ၂၂