ကျူးရှင်းလုံခြုံရေးရဲတပ်ဖွဲ့ဝင်များအား အုပ်စုဖွဲ့တိုက်ခိုက်မှုမှ ဦးဆောင်သူအပါအဝင် ဖမ်းမမိသေး သူများရှိဟု ဆို

ကျူးရှင်းလုံခြုံရေးရဲတပ်ဖွဲ့ဝင်များအား အုပ်စုဖွဲ့တိုက်ခိုက်မှုမှ ဦးဆောင်သူအပါအဝင် ဖမ်းမမိသေး သူများရှိဟု ဆို

ကျူးကျော်နေအိမ်တွေရှင်းလင်းရာမှာ လုံခြုံရေးအဖြစ်သွားရောက်တာဝန်ယူရတဲ့ရဲတပ်ဖွဲ့ဝင်တွေကို အရပ်သားတစ်စုက တုတ်လက်နက်တွေနဲ့ပစ်ခတ်ခဲ့တဲ့အတွက် ရဲအရာရှိတစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ ဝင် ၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ်မှ ကျူးရှင်းလုံခြုံရေးရဲတပ်ဖွဲ့ဝင်များအား ဦးဆောင် အုပ်စု ဖွဲ့တိုက်ခိုက်သူ အပါအဝင် အချို့ကို ဖမ်းမိသေးဟု သိရပါတယ်။

 

မန္တလေး ချမ်းမြသာစည်မြို့နယ် အမှတ် ၁၁ ရဲစခန်းအပိုင်နယ်မြေဖြစ်တဲ့ မြို့သစ် ၅ ရပ်ကွက် ၇၄ လမ်းအနောက်ဘက်ခြမ်းကျူးကျော်နေအိမ်တွေကိုရှင်းလင်းရာကနေ ကျူးကျော်နေသူတွေထဲက လူတစ်စုရဲ့ ပစ်ခတ်မှုခံရတာလို့သိရပြီး ဒီဖြစ်စဉ်မှာ အမှတ် ၁၁ ရဲစခန်းမှူးဒုရဲမှူးဇော်နိုင်အပါအဝင် ရဲတပ်ဖွဲ့ဝင် ၇ ဦး အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိမှုတွေဖြစ်ခဲ့ကြတယ်လို့သိရပါတယ်။

"နေဝင်းဦးဆောင်တဲ့လူအယောက်နှစ်ဆယ်လောက်က တာဝန်ထမ်းဆောင်နေတဲ့ရဲတပ်ဖွဲ့ကို တုတ်လက်နက်တွေနဲ့ပစ်ပေါက်ကြတာပါ စခန်းမှူးနဲ့ရဲတပ်ဖွဲ့ဝင် ၇ ယောက်အပြင်းအထန် ဒဏ်ရာ ရပါတယ် စည်ပင်ဝန်ထမ်းတစ်ယောက်လည်းဒဏ်ရာရပါတယ် အခုလောလောဆယ်တော့ ၅ ယောက် ဖမ်းထားနိုင်တယ် နေဝင်းနဲ့တစ်ခြားလူတွေလွတ်နေသေးတယ်" လို့ အမှတ် ၁၁ နယ်မြေ ရဲစခန်းမှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

ဖြစ်စဉ်နဲ့ပတ်သက်လို့သိရတာမှာ ပြီးခဲ့တဲ့ဇူလိုင်လ ၁၁ ရက်နေ့မနက် ၅ နာရီ ၄၅ မိနစ်ခန့်က ချမ်းမြသာစည်မြို့နယ် အမှတ် ၁၁ နယ်မြေရဲစခန်း စခန်းမှူးဒုရဲမှူးဇော်နိုင်နဲ့အဖွဲ့ဟာ သက်သေတွေနဲ့အတူ မြို့သစ် ၅ ရပ်ကွက် ၇၄ လမ်းအနောက်ဘက်ခြမ်း ကျူးကျော်နေအိမ်တွေကိုရှင်းလင်းရာမှာ လုံခြုံရေးအဖြစ်သွားရောက်ခဲ့ကြောင်း၊ အဲဒီနောက် စည်ပင်ရဲတပ်ဖွဲ့မှရဲအုပ်မြင့်ခိုင် နဲ့အဖွဲ့၊ စည်ပင်ဌာနမှူးဦးသက်နိုင်နဲ့အဖွဲ့တို့နဲ့တွေ့ဆုံပြီး မနက် ၇ နာရီခွဲအချိန်ခန့်မှာ ဌာနမှူးဦးသက်နိုင်က ကျူးကျော်နေထိုင်တဲ့ နေအိမ်တွေကို အသာတကြည်ဖယ်ရှားပေးဖို့ကြေညာခဲ့ကြောင်း၊ ၁၂  နာရီခွဲ အချိန် ခန့်မှာတော့ ကျူးကျော်နေအိမ်တွေထဲကမှ နေဝင်းဦးဆောင်တဲ့အဖွဲ့လူအယောက် ၂၀ ခန့်က အော်ဟစ်ဆဲဆိုပြီး ကျောက်ခဲ တုတ် အုပ်နီခဲတွေနဲ့ပစ်ခတ်ရာ စခန်းမှူးဇော်နိုင် ဝဲဘက် မျက်ခုံး ဖူးယောင် ဒဏ်ရာ ၁ ချက်(မျက်မှန်ကွဲ)၊ ဝဲဘက်လက်ဖမိုးဖုယောင်ဒဏ်ရာ ၁ ချက်၊ ရဲမေရဲတပ်ကြပ် သန္တကျော်မှာ ဝဲဘက်လက်ဖျံဖုယောင်ဒဏ်ရာ ၁ ချက်၊ ရဲတပ်သားကျော်ဝင်းထွန်းမှာ ဝဲဘက်ခြေထောက် တစ်ချောင်း လုံးမှာ ဖုယောင်အောင့်နာဒဏ်ရာ ၁ ချက်၊ စည်ပင်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်အောင်မျိုးချစ် မှာ ဝဲဘက်မျက်ခုံးဖုယောင်ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ရဲတပ်သားစိုးသူအောင်မှာ ဝဲဘက်နဖူးပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ရဲမေရဲတပ်သားယမင်းထွေးမှာ ယာဂျိုစောင်းပေါက်ပြဲဒဏ်ရာ ၁ ချက်၊ တိုင်းအကူတပ်ဖွဲ့ခွဲရုံးမှ ရဲတပ်သားသန့်ဇော်ထွေးမှာ ဝဲဘက်နဖူးထိပ် ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ စည်ပင်အခွန်ဌာနမှကိုစန်းသူရမှာ နဖူးတည့်တည့်ပေါက်ပြဲဒဏ်ရာ ၁ ချက် အသီးသီးရရှိခဲ့ကြောင်း၊ စခန်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၇ ဦး နဲ့ စည်ပင်ဝန်ထမ်းတစ်ဦးတို့အား တာဝန်ဝတ္ တရားဆောင်ရွက်နေ စဉ် ဆဲဆိုပြီးပြင်းထန်ဒဏ်ရာရအောင် ကျောက်ခဲ တုတ် အုတ်နီခဲတွေနဲ့ပစ်ပေါက်ခဲ့တဲ့ နေဝင်း ဦးဆောင်တဲ့လူ ၂၀ ကို ဒုရဲမှူးဇော်နိုင်က တရားလိုပြုလုပ်တိုင်တန်းခပါတယ်။

ဒီဖြစ်စဉ်အပေါ် အမှတ် ၁၁ နယ်မြေရဲစခန်းက (ပ)၄၃၉/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၃၃/၂၉၄/၁၈၆/၁၁၄ တို့နဲ့ အမှုဖွင့်အရေးယူထားကြောင်း၊ ပြစ်မှုကျူးလွန်သူ နေဝင်းပါ ၂၀ ဦးထဲက ၅ ဦး ဖမ်းဆီးရမိထားပြီး နေဝင်းနဲ့ကျန်သူတွေကတော့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း ရဲမှတ် တမ်းအရသိရပါတယ်။

KT
မန္တလေး ၊ ဇူလိုင် ၁၃

(  Zawgyi  )




 ဖြစ်စဉ်နဲ့ပတ်သက်လို့သိရတာမှာ ပြီးခဲ့တဲ့ဇူလိုင်လ ၁၁ ရက်နေ့မနက် ၅ နာရီ ၄၅ မိနစ်ခန့်က ချမ်းမြသာစည်မြို့နယ် အမှတ် ၁၁ နယ်မြေရဲစခန်း စခန်းမှူးဒုရဲမှူးဇော်နိုင်နဲ့အဖွဲ့ဟာ သက်သေတွေနဲ့အတူ မြို့သစ် ၅ ရပ်ကွက် ၇၄ လမ်းအနောက်ဘက်ခြမ်း ကျူးကျော်နေအိမ်တွေကိုရှင်းလင်းရာမှာ လုံခြုံရေးအဖြစ်သွားရောက်ခဲ့ကြောင်း၊ အဲဒီနောက် စည်ပင်ရဲတပ်ဖွဲ့မှရဲအုပ်မြင့်ခိုင် နဲ့အဖွဲ့၊ စည်ပင်ဌာနမှူးဦးသက်နိုင်နဲ့အဖွဲ့တို့နဲ့တွေ့ဆုံပြီး မနက် ၇ နာရီခွဲအချိန်ခန့်မှာ ဌာနမှူးဦးသက်နိုင်က ကျူးကျော်နေထိုင်တဲ့ နေအိမ်တွေကို အသာတကြည်ဖယ်ရှားပေးဖို့ကြေညာခဲ့ကြောင်း၊ ၁၂  နာရီခွဲ အချိန် ခန့်မှာတော့ ကျူးကျော်နေအိမ်တွေထဲကမှ နေဝင်းဦးဆောင်တဲ့အဖွဲ့လူအယောက် ၂၀ ခန့်က အော်ဟစ်ဆဲဆိုပြီး ကျောက်ခဲ တုတ် အုပ်နီခဲတွေနဲ့ပစ်ခတ်ရာ စခန်းမှူးဇော်နိုင် ဝဲဘက် မျက်ခုံး ဖူးယောင် ဒဏ်ရာ ၁ ချက်(မျက်မှန်ကွဲ)၊ ဝဲဘက်လက်ဖမိုးဖုယောင်ဒဏ်ရာ ၁ ချက်၊ ရဲမေရဲတပ်ကြပ် သန္တကျော်မှာ ဝဲဘက်လက်ဖျံဖုယောင်ဒဏ်ရာ ၁ ချက်၊ ရဲတပ်သားကျော်ဝင်းထွန်းမှာ ဝဲဘက်ခြေထောက် တစ်ချောင်း လုံးမှာ ဖုယောင်အောင့်နာဒဏ်ရာ ၁ ချက်၊ စည်ပင်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်အောင်မျိုးချစ် မှာ ဝဲဘက်မျက်ခုံးဖုယောင်ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ရဲတပ်သားစိုးသူအောင်မှာ ဝဲဘက်နဖူးပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ရဲမေရဲတပ်သားယမင်းထွေးမှာ ယာဂျိုစောင်းပေါက်ပြဲဒဏ်ရာ ၁ ချက်၊ တိုင်းအကူတပ်ဖွဲ့ခွဲရုံးမှ ရဲတပ်သားသန့်ဇော်ထွေးမှာ ဝဲဘက်နဖူးထိပ် ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ စည်ပင်အခွန်ဌာနမှကိုစန်းသူရမှာ နဖူးတည့်တည့်ပေါက်ပြဲဒဏ်ရာ ၁ ချက် အသီးသီးရရှိခဲ့ကြောင်း၊ စခန်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၇ ဦး နဲ့ စည်ပင်ဝန်ထမ်းတစ်ဦးတို့အား တာဝန်ဝတ် တရားဆောင်ရွက်နေ စဉ် ဆဲဆိုပြီးပြင်းထန်ဒဏ်ရာရအောင် ကျောက်ခဲ တုတ် အုတ်နီခဲတွေနဲ့ပစ်ပေါက်ခဲ့တဲ့ နေဝင်း ဦးဆောင်တဲ့လူ ၂၀ ကို ဒုရဲမှူးဇော်နိုင်က တရားလိုပြုလုပ်တိုင်တန်းခပါတယ်။


KT
မန္တလေး ၊ ဇူလိုင် ၁၃