ကုလအထူးကိုယ်စားလှယ်နှင့် ANP ပါတီ ဦးဆောင်ကော်မတီဝင်များ တွေ့ဆုံ၊ ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေ ကိစ္စရပ်များကို ဆွေးနွေးခဲ့ဟု ဆို

ကုလအထူးကိုယ်စားလှယ်နှင့် ANP ပါတီ ဦးဆောင်ကော်မတီဝင်များ တွေ့ဆုံ၊ ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေ ကိစ္စရပ်များကို ဆွေးနွေးခဲ့ဟု ဆို

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေမှူး၏ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener နှင့် ရခိုင်အမျိုးသားပါတီ (ANP) မှ ဦးဆောင်ကော်မတီဝင်များသည် ဇူလိုင် ၁၀ ရက်နေ့က စစ်တွေမြို့ရှိ ANP ပါတီ ဗဟိုဌာနချုပ်မှာ တွေ့ဆုံခဲ့ကြပြီး လက်ရှိ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော အခြေအနေ ကိစ္စရပ်ဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

တွေ့ဆုံစဉ် ကုလအထူးကိုယ်စားလှယ်က ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေ၊ ရခိုင်ပြည်အတွင်း ၂၀၂၀ ရွေးကောက်ပွဲ ဖြစ်နိုင်ခြေ အလားအလာ ဘင်္ဂလားဒေ့ရှ်မှ ရွှေ့ပြောင်းဘင်္ဂါလီများ လက်ခံမည့် အခြေအနေအတွက် ရခိုင်အမျိုးသားပါတီရဲ့ သဘောထားကို မေးမြန်းခဲ့ကြောင်း၊ ယင်းကဲ့သို့ မေးမြန်းလာမှုအပေါ် ANP ပါတီ တာဝန်ရှိသူများက လက်ရှိ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခ အခြေနေများကို ပြန်လည်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂအစည်းအဝေး (၆) လ တစ်ကြိမ် အစီရင်ခံစာတွင် ဘဂါၤလီကိစ္စချည်း မဟုတ်ဘဲ ရခိုင်ကိစ္စလည်း ထည့်သွင်းတင်ပြရန် ANP ပါတီမှ ဦးအောင်မြကျော် မှ ဆွေးနွေးခဲ့ရာမှာလည်း ကုလအထူးကိုယ်စားလှယ်က ကုလသမဂ္ဂ အစည်းအဝေးသို့ တက်ရောက်သည့် သံတမန်အားလုံးက ဘင်္ဂါလီကိစ္စဘဲ နားလည်ကြကြောင်း ARSA နှင့် AA ကိုတောင် ခွဲမသိကြပါကြောင်း ယခုဆွေးနွေချက်များကို ထည့်သွင်းတင်ပြမှာ ဖြစ်တယ်လို့လည်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း ANP ပါတီမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါတွေ့ဆုံပွဲသို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener နှင့်အတူ Ms. Jamila Seftaoui (head of office Myanmar)၊ Ms. Michiko Ito (political affair officer)၊ Mr. Duncan Wilson (UN resident coordinater) နှင့် ရခိုင်အမျိုးသားပါတီမှ ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဒေါ်အေးနုစိန်၊ ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးခိုင်ပြည်စိုး အပါအဝင် အတွင်းရေမှူး ဦးအောင်မြကျော် တို့မှ တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

ပြေသိမ်း
ရန်ကုန်၊ ဇူလိုင် - ၁၁
ဓာတ်ပုံ - ANP ပါတီ

( Zawgyi )

ျမန္မာႏိုင္ငံသို႔ ေရာက္ရွိေနသည့္ ကုလသမဂၢ အေထြေထြအတြင္းေရမႉး၏ အထူးကိုယ္စားလွယ္ Ms. Christine Schraner Burgener ႏွင့္ ရခိုင္အမ်ိဳးသားပါတီ (ANP) မွ ဦးေဆာင္ေကာ္မတီဝင္မ်ားသည္ ဇူလိုင္ ၁၀ ရက္ေန႔က စစ္ေတြၿမိဳ႕ရွိ ANP ပါတီ ဗဟိုဌာနခ်ဳပ္မွာ ေတြ႕ဆုံခဲ့ၾကၿပီး လက္ရွိ ရခိုင္ျပည္နယ္အတြင္း ျဖစ္ေပၚေနေသာ အေျခအေန ကိစၥရပ္ဆိုင္ရာမ်ားကို ရင္းႏွီးပြင့္လင္းစြာ ေဆြးေႏြးခဲ့ၾကတယ္လို႔ သိရပါတယ္။

ေတြ႕ဆုံစဥ္ ကုလအထူးကိုယ္စားလွယ္က ရခိုင္ျပည္နယ္၏ လက္ရွိအေျခအေန၊ ရခိုင္ျပည္အတြင္း ၂၀၂၀ ေ႐ြးေကာက္ပြဲ ျဖစ္ႏိုင္ေျခ အလားအလာ ဘဂၤလားေဒ့ရွ္မွ ေ႐ႊ႕ေျပာင္းဘဂၤါလီမ်ား လက္ခံမည့္ အေျခအေနအတြက္ ရခိုင္အမ်ိဳးသားပါတီရဲ႕ သေဘာထားကို ေမးျမန္းခဲ့ေၾကာင္း၊ ယင္းကဲ့သို႔ ေမးျမန္းလာမႈအေပၚ ANP ပါတီ တာဝန္ရွိသူမ်ားက လက္ရွိ ရခိုင္ျပည္နယ္အတြင္း ျဖစ္ေပၚေနသည့္ လက္နက္ကိုင္ပဋိပကၡ အေျခေနမ်ားကို ျပန္လည္ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ကုလသမဂၢအစည္းအေဝး (၆) လ တစ္ႀကိမ္ အစီရင္ခံစာတြင္ ဘဂါလႌကိစၥခ်ည္း မဟုတ္ဘဲ ရခိုင္ကိစၥလည္း ထည့္သြင္းတင္ျပရန္ ANP ပါတီမွ ဦးေအာင္ျမေက်ာ္ မွ ေဆြးေႏြးခဲ့ရာမွာလည္း ကုလအထူးကိုယ္စားလွယ္က ကုလသမဂၢ အစည္းအေဝးသို႔ တက္ေရာက္သည့္ သံတမန္အားလုံးက ဘဂၤါလီကိစၥဘဲ နားလည္ၾကေၾကာင္း ARSA ႏွင့္ AA ကိုေတာင္ ခြဲမသိၾကပါေၾကာင္း ယခုေဆြးေႏြခ်က္မ်ားကို ထည့္သြင္းတင္ျပမွာ ျဖစ္တယ္လို႔လည္း ျပန္လည္ေဆြးေႏြးခဲ့ေၾကာင္း ANP ပါတီမွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

အဆိုပါေတြ႕ဆုံပြဲသို႔ ကုလသမဂၢ အေထြေထြအတြင္းေရးမႉး၏ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Ms. Christine Schraner Burgener ႏွင့္အတူ Ms. Jamila Seftaoui (head of office Myanmar)၊ Ms. Michiko Ito (political affair officer)၊ Mr. Duncan Wilson (UN resident coordinater) ႏွင့္ ရခိုင္အမ်ိဳးသားပါတီမွ ပါတီမူဝါဒေရးရာ ဦးေဆာင္ေကာ္မတီဝင္ ေဒၚေအးႏုစိန္၊ ပါတီမူဝါဒေရးရာ ဦးေဆာင္ေကာ္မတီဝင္ ဦးထြန္းေအာင္ေက်ာ္၊ ပါတီအေထြေထြအတြင္းေရးမႉး ဦးခိုင္ျပည္စိုး အပါအဝင္ အတြင္းေရမႉး ဦးေအာင္ျမေက်ာ္ တို႔မွ တက္ေရာက္ခဲ့ၾကတယ္လို႔လည္း သိရပါတယ္။

ေျပသိမ္း
ရန္ကုန္၊ ဇူလိုင္ - ၁၁
ဓာတ္ပုံ - ANP ပါတီ