ကိုယ်ဝန်ဆောင်မိခင်သေဆုံးနှုန်း လျော့ကျစေရေးကို အဓိကထားပြီး အလေးပေးဆောင်ရွက်လျက်ရှိဟု ဆို

ကိုယ်ဝန်ဆောင်မိခင်သေဆုံးနှုန်း လျော့ကျစေရေးကို အဓိကထားပြီး အလေးပေးဆောင်ရွက်လျက်ရှိဟု ဆို

ကိုယ်ဝန်ဆောင်မိခင်သေဆုံးနှုန်းဟာမြင့်မားနေသည့်အတွက်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အနေနှင့် မိခင်သေဆုံးမှုလျော့ကျစေရေး ကိုအဓိကထားပြီးအလေးပေးဆောင်ရွက်လျက်ရှိကြောင်း ဒုတိယ သမ္မတဦးမြင့်ဆွေက ယနေ့ ကျင်းပတဲ့ ၂၀၁၉ခုနှစ်၊ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားမှာ ပြော ကြားခဲ့ပါတယ်။

ဒုတိယသမ္မတဦးမြင့်ဆွေမှ မြန်မာနိုင်ငံမှာမိခင်သေဆုံးမှုတွေကိုလေ့လာကြည့်မယ်ဆိုရင်၁၉၉၀ခုနှစ်  က အရှင်မွေးကလေးတစ်သိန်းမှာ မိခင်သေဆုံးမှု(၄၅၃)ဦးရှိခဲ့ရာမှ၂၀၁၄ခုနှစ်သန်းခေါင်စာရင်းအရ အရှင် မွေးက လေးတစ်သိန်းမှာမိခင်သေဆုံးမှု(၂၈၂)ဦးရှိခဲ့ပြီး၂၀၁၅-၂၀၁၆မြန်မာနိုင်ငံလူနေမှုဘဝနှင့်ကျန်းမာရေး ဆိုင်ရာ အခြေခံအချက် အလက်စစ်တမ်းအရ အရှင်မွေးကလေးတစ်သိန်းမှာ မိခင်သေဆုံးမှု (၁၇၈)ဦး ထိကျ ဆင်း သွား သော်လည်း ကိုယ် ဝန်ဆောင်မိခင်သေဆုံးနှုန်းဟာမြင့်မားနေဆဲဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့်အား ကစား ဝန်ကြီး ဌာန အနေနှင့်ဖွံ့ဖြိုးမှုပန်းတိုင်များပြည်မီအောင်ဦးတည်ချက်ထားဆောင်ရွက်လျက်ရှိရာမှာ မိခင် သေဆုံးမှု လျော့ကျစေရေးကိုလည်း အဓိက ထားပြီး အလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြောင်းလဲလာတဲ့ ခေတ် စနစ်နှင့် အညီမျိုးဆက်ပွား ကျန်းမာရေး ဆိုင်ရာအခွင့်အရေးများ ကိုလက်လှမ်းမီစေရေးအတွက် မြန်မာ နိုင်ငံရဲ့ပထမဆုံးသောအမျိုးသာအဆင့်လိင်မှုဆိုင်ရာနှင့်မျိုးဆက်ပွားဆိုင်ရာကျန်းမာရေးနှင့်အခွင့်အရေး များ နှင့်စပ်လျဉ်းပြီး မူဝါဒများပြင်ဆင်ရေးဆွဲလျက်ရှိပါကြောင်း၊အိမ်ထောင်သည်အမျိုးသမီးများအတွင်သား ဆက် ခြားဆေးဝါသုံးစွဲမှုနှုန်း မှာ၁၉၉၁ခုနှစ်တွင်(၁၆ ရာခိုင်နူန်း)ရှိခဲ့ရာမှ၂၀၁၅-၂၀၁၆မြန်မာနိုင်ငံလူနေမှုဘဝနှင့် ကျန်း မာရေးဆိုင်ရာအခြေခံအချက်အလက်စစ်တမ်းအရ(၅၁ ရာခိုင်နူန်း) ထိတိုးတက်လာခဲ့ကြောင်း တွေရှိရသော် လည်း လိုအပ်ချက်များရှိနေဆဲဖြစ်ပါကြောင်း ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့လူဦးရေဆိုင်ရာဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုအနေနှင့်၂၀၁၄ခုနှစ်သန်းခေါင်စာရင် အချက်အလက်များကို အခြေခံပြီး လူဦးရေ ခန့်မှန်းတွက်ချက်မှုအရ၂၀၁၉ခုနှစ်မြန်မာနိုင်ငံရဲ့လူဦးရေဟာ (၅၄)သန်းကျော်ရှိ ပြီး၂၀၃၀ပြည့်နှစ်မှာ (၅၉)သန်းကျော် ခန့်ရှိမယ်လို့် ခန့်မှန်း ထားပါတယ်၊မြန်မာနိုင်ငံအနေနဲ့ လက်ရှိမှာအလုပ်လုပ် ကိုင်နိုင်တဲ့ အသက်အပိုင်း အခြားမှာရှိတဲ့လူဦးရေများပြားနေတဲ့အတွက်လူဦးရေ ဆုလာဘ်ကိုထိထိမိမိအသုံးချနိုင်ဖို့နိုင်ငံတော်ရဲ့ဖွ့ဖြိုးတိုးတက်မှုစီမံကိန်းတွေမှာလူငယ်တွေရဲ့အင်အားကိုထိ ထိရောက်ရောက်ထည့် သွင်း အသုံးချဖို့လိုအပ်သလို အနာဂတ်မှာအသက်ကြီးလူဦးရေများပြားလာနိုင်ခြေရှိ တဲ့အတွက် လူမှုကာကွယ်စောင့်ရှောက်ရေး စနစ် အားကောင်း လာစေဖို့ကြိုတင်ပြင်ဆင်ဖို့လိုပါတယ် “ဟုလည်း ဒုတိယသမ္မတဦးမြင့်ဆွေမှပြောကြားခဲ့ပါတယ်။

ယနေ့နံနက်ပိုင်းက ၂၀၁၉ခုနှစ်၊ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ်အခမ်းအနားကို နေပြည်တော်၊သင်္ဂဟ ဟိုတယ်တွင်ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဒုတိယ သမ္မတဦးမြင့်ဆွေ ၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေနှင့်အတူပြည်ထောင်စုဝန်ကြီးများ၊ဒုတိယ ဝန်ကြီး များ၊အမြဲတမ်း အတွင်း ဝန်များ၊ မြန်မာနိုင်ငံဆိုင်ရာသံအမတ်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ဌာနဆိုင်ရာဝန်ထမ်းများ၊ကျောင်းသားကျောင်းသူများတက်ရောက်ခဲ့ကြကြောင်းသိရှိရ ပါတယ်။

PTG
နေပြည်တော်၊ဇူလိုင်-၁၁

(  Zawgyi  )





PTG
နေပြည်တော်၊ဇူလိုင်-၁၁