ကန်ဒေါ်လာ သန်း ၁၀၀ ကျော် တရုတ်ဘက်မှ လာရောက်ရင်းနှီးမြုပ်နှံသဖြင့် ယခုဘဏ္ဍာနှစ်အတွင်း တရုတ်FDI ဝင်ရောက်မှု သန်း ၄၀၀ ကျော်ရှိ

ကန်ဒေါ်လာ သန်း ၁၀၀ ကျော် တရုတ်ဘက်မှ လာရောက်ရင်းနှီးမြုပ်နှံသဖြင့် ယခုဘဏ္ဍာနှစ်အတွင်း တရုတ်FDI ဝင်ရောက်မှု သန်း ၄၀၀ ကျော်ရှိ

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)က ဇူလိုင်လအတွင်း ထုတ်ပြန် သော စာရင်းအချက်အလက်များအရ ဇွန်လအတွင်း နိုင်ငံပေါင်း ၁၀ နိုင်ငံမှ မြန်မာနိုင်ငံသို့ ကန်ဒေါ်လာသန်း ၆၀၀ ကျော် လာရောက်ရင်းနှီးမြုပ်နှံမှု ရှိခဲ့ရာမှာ တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြုပ်နှံသည့် ပမာဏမှ အမေ ရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ရှိခဲ့ကြောင်း သိရပါတယ်။

ထုတ်ပြန်သည့် အချက်အလက်များအရ တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြုပ်နှံသည့် ပမာဏမှာ လအ လိုက်ကျနေရာမှ  ဇွန်လတွင် ပြန်တက် ခဲ့ခြင်းဖြစ်ပြီး မတ်လအတွင်း ကန်ဒေါ်လာ ၈၄ဒသမ၈၂၄ သန်း၊ ဧပြီလ တွင် ကန်ဒေါ်လာ ၅၂ ဒသမ ၅၆၅ သန်း၊ မေလတွင်  ကန်ဒေါ်လာ ၂၇ ဒသမ ၅၈၈ သန်းနှင့် ဇွန်လတွင် ကန် ဒေါ်လာ ၁၁၄ ဒသမ ၁၂၈ သန်း ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်သစ်ကာလအတွင်းတရုတ်ဘက်မှ လာရောက်ရင်းနှီးမြုပ်နှံမှုမှာ  ဇွန်လ တတိယအပတ်ကထုတ်ပြန်ခဲ့သည့် DICA ၏ Yearly Approved Amount of Foreign Investment(By Country )စာရင်းအရ အောက်တိုဘာလတွင် ကန်ဒေါ်လာ ၂ဒသမ ၀၈၃ သန်း၊ နိုဝင်ဘာလတွင် ကန်ဒေါ်လာ ၅၁ ဒသမ ၉၁၈ သန်း ၊ ဒီဇင်ဘာလတွင် ကန်ဒေါ်လာ ၅၁ ဒသမ ၉၁၈ သန်းနှင့် ဇန်နဝါရီ လတွင် ကန်ဒေါ်လာ ၁၈ ဒသမ ၆၀၄ သန်း၊ ဖေဖေါ်ဝါရီ လတွင် ကန်ဒေါ်လာ ၆ ဒသမ ၀၅၂ သန်း၊မတ်လတွင် ကန်ဒေါ်လာ ၈၄ ဒသမ ၈၂၄ သန်း၊ဧပြီလတွင် ကန်ဒေါ် လာ ၅၂ ဒသမ ၅၆၅ သန်း၊မေလတွင်  ကန်ဒေါ်လာ ၂၇ ဒသမ ၅၈၈ သန်း၊ ဇွန်လတွင် ကန် ဒေါ်လာ ၁၁၄ ဒသမ ၁၂၈ သန်း အသီးသီး လာရောက်ရင်းနှီးမြုပ်နှံခဲ့ရာ ယခုဘဏ္ဍာနှစ် ၈လတာအတွင်းကန်ဒေါ်လာ၄၃၇ ဒသမ၄၁၀ သန်းရှိခဲ့ကြောင်းသိရပါတယ်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)၏ ထုတ်ပြန်ချက်အရတရုတ် နိုင်ငံမှ လာရောက် ရင်းနှီးမြုပ်နှံမှုမှာ အရပ်သားအစိုးရစတင်တာဝန်ယူသည့်၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ် တွင်အမေရိ ကန်ဒေါ်လာ၃၃၂၃ဒသမ၈၅၃သန်း၊၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄၈၂ဒသမ ၅၉၁သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ ဍာနှစ်တွင် အမေရိကန်ဒေါ်လာ၁၃၉၅ဒသမ၂၁၉သန်းအသီးသီးနှင့် ၂၀၁၈ ကာလတိုဘတ် ဂျက်ကာလတွင် ကန်ဒေါ်လာ ၁၇၆၄ ဒသမ ၇၀၁ သန်းတရုတ်နိုင်ငံကလာရောက်ရင်းနှီး မြုပ်နှံခဲ့ရာလက်ရှိတွင် မြန်မာနိုင်ငံ အတွင်းတရုတ်နိုင်ငံ၏ရင်းနှီးမြုပ်နှံမှုပမာဏမှာအမေရိကန်ဒေါ်လာဘီလျံ၂၀ကျော်( အမေရိကန် ဒေါ်လာ၂၀၆၈၀ ဒသမ၂၂၇သန်း) ရှိပြီး ထိုပမာဏမှာလာရောက်ရင်းနှီးမြုပ်နှံသည့်နိုင်ငံ ၄၉ နိုင်ငံထဲဒုတိယ အများဆုံးဖြစ်ကြောင်းသိရပါတယ်။

PWA
ရန်ကုန်၊ဇူလိုင် ၂၇

(  Zawgyi  )




မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)၏ ထုတ်ပြန်ချက်အရတရုတ် နိုင်ငံမှ လာရောက် ရင်းနှီးမြုပ်နှံမှုမှာ အရပ်သားအစိုးရစတင်တာဝန်ယူသည့်၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ် တွင်အမေရိ ကန်ဒေါ်လာ၃၃၂၃ဒသမ၈၅၃သန်း၊၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄၈၂ဒသမ ၅၉၁သန်း၊ ၂၀၁၇ -၂၀၁၈ ဘဏ် ဍာနှစ်တွင် အမေရိကန်ဒေါ်လာ၁၃၉၅ဒသမ၂၁၉သန်းအသီးသီးနှင့် ၂၀၁၈ ကာလတိုဘတ် ဂျက်ကာလတွင် ကန်ဒေါ်လာ ၁၇၆၄ ဒသမ ၇၀၁ သန်းတရုတ်နိုင်ငံကလာရောက်ရင်းနှီး မြုပ်နှံခဲ့ရာလက်ရှိတွင် မြန်မာနိုင်ငံ အတွင်းတရုတ်နိုင်ငံ၏ရင်းနှီးမြုပ်နှံမှုပမာဏမှာအမေရိကန်ဒေါ်လာဘီလျံ၂၀ကျော်( အမေရိကန် ဒေါ်လာ၂၀၆၈၀ ဒသမ၂၂၇သန်း) ရှိပြီး ထိုပမာဏမှာလာရောက်ရင်းနှီးမြုပ်နှံသည့်နိုင်ငံ ၄၉ နိုင်ငံထဲဒုတိယ အများဆုံးဖြစ်ကြောင်းသိရပါတယ်။

PWA
ရန်ကုန်၊ဇူလိုင် ၂၇