【 နိုင်ငံတကာ 】 Juror No. 2 ရုပ်ရှင်ကားမှာ ကလင့်စ်အိစ်ဝုဒ်၏ နောက်ဆုံးဇာတ်ကားဟု အသံထွက်လာ

【 နိုင်ငံတကာ 】 Juror No. 2 ရုပ်ရှင်ကားမှာ ကလင့်စ်အိစ်ဝုဒ်၏ နောက်ဆုံးဇာတ်ကားဟု အသံထွက်လာ

လော့စ်အိန်ဂျလိစ်၊ ဧပြီ - ၁၉
 
မကြာမီက Juror No. 2 ဇာတ်ကား ရိုက်ကူးမှု ပြီးဆုံးခဲ့ရာ ကလင့်အိစ်ဝုဒ်အတွက် ၎င်း၏ ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သော နောက်ဆုံးဇာတ်ကားဟု ကောလာဟလများ ထွက်ပေါ်နေခဲ့ပါတယ်။
 
စတူဒီယိုတွင် အစမ်းပြသခဲ့ပြီးနောက် Variety မဂ္ဂဇင်း၏ သတင်းအရ Warner Bros ကုမ္ပဏီသည် ၎င်းပြသခဲ့သည့် ဗီဒီယိုကြောင့် “အားရပီတိဖြစ်ခဲ့ကြောင်း” ဆိုပါတယ်။
 
ဟောလီးဝုဒ် သပိတ်မှောက်မှုကြောင့် ယမန်နှစ်ကတည်းကပြီးရမည့် ဇာတ်ကားမှာ ရိုက်ကူးရန် လအတန်ကြာ ရပ်နားခဲ့ရသဖြင့် ရုပ်ရှင်ပြီးရန် ရုန်းကန်ခဲ့ရပါတယ်။
 
ထို့အပြင် Warner Bros ကုမ္ပဏီက အဆိုပါဂန္တဝင်ရုပ်ရှင်ရိုက်ကူးသူအတွက် ရှာမတွေ့မီအထိ စတူဒီယိုအများအပြားက အဆိုပါပရောဂျက်ကို ပယ်ချခဲ့ကြောင်း သိရပါတယ်။
 
မေလတွင် ၉၄ နှစ်ပြည့်မည့် ကလင့်အိစ်ဝုဒ်၏ ထိုဇာတ်ကားတွင် X-Men ကြယ်ပွင့် နစ်ဟိုးလ် ဟော့လ်က ဂျူရီလူကြီးများ ခုံပေါ်တွင် ထိုင်ရင်း ရင်ခုန်စရာကောင်းသည့် နားလည်မှုရရှိလာသူတစ်ဦးအဖြစ် သရုပ်ဆောင်ထားပါတယ်။
 
ယင်းဇာတ်ကားမှာ လူသေဆုံးစေခဲ့သော ယာဉ်တိုက်မှုတွင် လူသတ်မှုကျူးလွန်သူအား အပြစ်ရှိ ကြောင်း တရားရုံးရှေ့တွင် တဖြည်းဖြည်းနှင့် ထင်ရှားစေမည့် ဇာတ်ရုပ်ကို ပေါ်လွင်စေပါတယ်။
 
ထို့အတွက် သူ့ကိုယ်သူ နာမည်ကောင်းအောင်ထားမလား ဒါမှမဟုတ် အပြစ်မဲ့တရားခံကို တရားသေလွတ်အောင် ကူညီပေးမလားဆိုတာ ဆုံးဖြတ်ဖို့ လက်သည်းကိုက်တဲ့အနေအထားမှာ ရှိနေတာကို ပြခဲ့ပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - Film News