【 နိုင်ငံတကာ 】 AUKUS ရန်ပုံငွေမှ သြစတြေးလျဒေါ်လာ ၄.၆ ဘီလီယံက ဗြိတိန်အတွက်အလုပ်အကိုင် ၁၀၀၀ ကျော် ဖန်တီးပေးဟု ရိုးရွိုက်စ်ကုမ္ပဏီ ဆို

【 နိုင်ငံတကာ 】 AUKUS ရန်ပုံငွေမှ သြစတြေးလျဒေါ်လာ ၄.၆ ဘီလီယံက ဗြိတိန်အတွက်အလုပ်အကိုင် ၁၀၀၀ ကျော် ဖန်တီးပေးဟု ရိုးရွိုက်စ်ကုမ္ပဏီ ဆို

လန်ဒန်၊ မတ် - ၂၆

သြစတြေးလျ၏ AUKUS ရန်ပုံငွေသည် ဗြိတိန်ရှိ ဒါဘီတွင် အလုပ်အကိုင်သစ် ၁,၀၀၀ ကျော်ကို ဖန်တီးပေးလိမ့်မည်ဖြစ်ကြောင်း ၎င်းနှင့် တိုက်ရိုက်လုပ်ကိုင်ခွင့်ရသည့် Rolls-Royce မှ ပြောကြားခဲ့ပါတယ်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန မှ ပူးပေါင်း ရန်ပုံငွေပံ့ပိုးထားသည့် အဆိုပါပရောဂျက်ကြောင့် ထုတ်လုပ်မှု အဆောက်အအုံများအပြင် ရုံးခန်းနေရာသစ်များ ဆောက်လုပ်နိုင်မည်ဟု မျှော်လင့်ရပါတယ်။

ဒါဘီရှိ Rolls-Royce နျူကလီးယား ဓာတ်ပေါင်းဖို ထုတ်လုပ်မှုလိုင်းသည် အလာဒီယေးတွင် အသုံးပြုရန်အတွက် တည်ဆောက်ထားသော နျူဓာတ်ပေါင်းဖိုများ ထောက်ပံ့ပေးနိုင်စေရန် လာမည့်ဆယ်နှစ်အတွင်း ဗြိတိန်သို့ သြစတြေးလျဒေါ်လာ ၄.၆ ဘီလီယံ (ယူရို ၂.၄ ဘီလီယံ) ပေးသွားမည်ဟု သြစတြေးလျအစိုးရက ပြီးခဲ့သည့် သီတင်းပတ်နှောင်းပိုင်းတွင် ထုတ်ဖော်ပြောခဲ့ပါတယ်။

“ဒါဘီရှိ Rolls-Royce စက်ရုံကို ထုတ်လုပ်မှုနှုန်း တိုးမြှင့်ပြီး လည်ပတ်နိုင်စေမည်” ဟုဆိုခြင်းမှတပါး၊ အစိုးရက ရန်ပုံငွေ ဘယ်လိုပေးမယ်ဆိုတာ အသေးစိတ်အချက်အလက်တွေကို မပေးခဲ့ပါဘူး။

ဒါပေမဲ့ Rolls-Royce က ပိုရှေ့ထွက်လာခဲ့ပါတယ်။၎င်းက သြစတြေးလျအစိုးရ၏ ရန်ပုံငွေကို ကြိုဆိုလိုက်ပြီး “ဒါဘီ ရမ်ဆေးရှိ Rolls-Royce ရေငုပ်သင်္ဘောလုပ်ငန်းခွင် အရွယ်အစားကို နှစ်ဆတိုးရန်” လုပ်ဆောင်နေပြီဟု ဆိုပါတယ်။

“ယခု ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနနှင့် သြစတြေးလျကာကွယ်ရေးဌာနတို့မှ ပူးပေါင်းရန်ပုံငွေဖြင့် ပံ့ပိုးပေးခြင်းသည် ပြီးခဲ့သည့် နွေရာသီက ကြေညာခဲ့သော တိုးချဲ့လုပ်ငန်းအတွက် ထုတ်လုပ်မှုနှင့် အင်ဂျင်နီယာအပါအဝင် နယ်ပယ်အသီးသီးတွင် ဒါဘီအတွက် အလုပ်အကိုင်သစ် ၁,၀၀၀ ကျော် ဖန်တီးပေးမည်” ဟု ကုမ္ပဏီ၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားပါတယ်။

“လက်ရှိ ရမ်နယူးစ်ဝေးစခန်းအနီးတစ်ဝိုက်တွင် မကြာသေးမီကမှ ရရှိထားသော မြေကွက်ပေါ်တွင် ထုတ်လုပ်မှုနှင့် ရုံးခန်းအဆောက်အအုံအသစ်များကိုလည်း တွေ့မြင်ရမည်ဖြစ်ပါတယ်” လို့ ဖော်ပြထားပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Yahoo