【 နိုင်ငံတကာ 】 ‘စစ်အေးတိုက်ပွဲသစ်’ အတွက် နျူကလီးယားလက်နက်ထုတ်လုပ်မှု မြှင့်တင်ရန် ကင်ဂျုံအန် တောင်းဆို

【 နိုင်ငံတကာ 】 ‘စစ်အေးတိုက်ပွဲသစ်’ အတွက်  နျူကလီးယားလက်နက်ထုတ်လုပ်မှု မြှင့်တင်ရန် ကင်ဂျုံအန် တောင်းဆို

ပြုံးယမ်း၊ စက်တင်ဘာ - ၂၈

မြောက်ကိုရီးယားခေါင်းဆောင်က အမေရိကန်ကို ထိပ်တိုက်ရင်ဆိုင်ရာမှာ စည်းလုံးညီညွတ်တဲ့ နိုင်ငံတွေရဲ့ ညွန့်ပေါင်းအဖွဲ့မှာ ပိုမိုကြီးမားတဲ့ အခန်းကဏ္ဍကနေပါဝင်ဖို့ သူ့နိုင်ငံကို တောင်းဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က နိုင်ငံ၏ နျူကလီးယားစစ်ရေးအစီအစဉ်ကို ချဲ့ထွင်မည့် ၎င်း၏မူဝါဒကို ထည့်သွင်းနိုင်ရန်အတွက် နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခဲ့ပါတယ်။

ကင်ဂျုံအန်က နျူလက်နက်များ ထုတ်လုပ်မှုကို အဆမတန်တိုးမြှင့်ထုတ်လုပ်ရန် တောင်းဆိုကြောင်း နိုင်ငံပိုင်မီဒီယာက ကြာသပတေးနေ့တွင် ဖော်ပြခဲ့ပါတယ်။  

ကိုရီးယားဗဟိုသတင်းအေဂျင်စီ (KCNA) က “စစ်အေးတိုက်ပွဲသစ်” တွင် အမေရိကန်ကို ရင်ဆိုင်ရမည့် နိုင်ငံများထဲ နိုင်ငံကို ပိုမိုကြီးမားသောအခန်းကဏ္ဍမှပါဝင်ရန် ကင်က တောင်းဆိုကြောင်း ပြောကြားခဲ့သည်။

KCNA ၏ ပြောကြားချက်အရ မစ္စတာကင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် မြောက်ကိုရီးယား ဦးသျှောင်ပါလီမန်၏ နှစ်ရက်ကြာအစည်းအဝေးတွင် မှတ်ချက်ပေးခဲ့တာဖြစ်တယ် ဆိုပါတယ်။

“နိုင်ငံတော်ရှင်သန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အာမခံချက်၊ စစ်ပွဲကို ဟန့်တားကာ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေးကို နျူကလီယားလက်နက်များ လျင်မြန်စွာ တီထွင်ထုတ်လုပ်ခြင်းဖြင့် ကာကွယ်ရန်” ဆိုသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မအသစ်ကို လွှတ်တော်က တညီတညွတ်တည်း အတည်ပြုပေးခဲ့ပါတယ်။

“နျူကလီးယားအင်အားတည်ဆောက်ရေး မူဝါဒကို နိုင်ငံတော်ရဲ့ အခြေခံဥပဒေအဖြစ် အမြဲတမ်းချမှတ်ထားပြီး၊ ဘယ်သူ့မှထိပါးခွင့်မပြုဘူး” လို့ ပါလီမန်အစည်းအဝေးမှာ မစ္စတာကင် ပြောခဲ့ပါတယ်။

“နျူကလီးယားလက်နက် ထုတ်လုပ်မှုကို အဆမတန်မြှင့်တင်ရေးလုပ်ငန်းကို ဆက်လက်တွန်းအားပေးခြင်းနှင့် နျူကလီးယားတိုက်ခိုက်မှုနည်းလမ်းများ ကွဲပြားစေခြင်း” က သူ့နိုင်ငံအတွက် လိုအပ်တယ်လို့ မြောက်ကိုးရီးယားခေါင်းဆောင်က ပြောခဲ့ပါတယ်။

ကင်ဂျုံအန်က အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့ကို  “နေတိုး၏ အာရှဗားရှင်း” အဖြစ် ခြိမ်းခြောက်မှုတစ်ခု ဖန်တီးရန် ပေါင်းစည်းနေသည်ဟု စွပ်စွဲခဲ့ကာ “စစ်ပွဲနှင့် ရန်စမှု၏ မူလဇစ်မြစ်” အဖြစ် ဖော်ပြခဲ့ပါတယ်။

Linko
Ref - IBC