【 နိုင်ငံတကာ 】 ၂၀၂၃ ယူနက်စ်ကို မိန်းကလေးများနှင့် အမျိုးသမီး ပညာရေးဆု ချီးမြှင့်ပွဲသို့ ရှီကျင့်ဖျင်၏ ဇနီး ဖုန်လိယွမ် တက်ရောက်

【 နိုင်ငံတကာ 】 ၂၀၂၃ ယူနက်စ်ကို မိန်းကလေးများနှင့် အမျိုးသမီး ပညာရေးဆု ချီးမြှင့်ပွဲသို့ ရှီကျင့်ဖျင်၏ ဇနီး ဖုန်လိယွမ် တက်ရောက်

ပေကျင်း၊ စက်တင်ဘာ - ၂၉

တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှာ စက်တင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ၂၀၂၃ ယူနက်စ်ကို မိန်းကလေးများနှင့် အမျိုးသမီး (Girls and Women) ပညာရေးဆု ချီးမြှင့်ပွဲသို့ သမ္မတ ရှီကျင့်ဖျင်၏ ဇနီး ဖုန်လိယွမ် တက်ရောက်ခဲ့ကြောင်း China Media Group သတင်းမှာ ဖော်ပြထားပါတယ်။

စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်၏ ဇနီး၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံပညာနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စ်ကို) မိန်းကလေးများနှင့် အမျိုးသမီး (Girls and Women) ပညာရေးမြှင့်တင်ရေး အထူးသံတမန် ဖုန်လိယွမ်နှင့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံပညာနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စ်ကို) ဒါရိုက်တာချုပ် Audrey Azoulay တို့သည် ပေကျင်းမြို့မှာပြုလုပ်တဲ့ ၂၀၂၃ ယူနက်စ်ကို မိန်းကလေးများနှင့် အမျိုးသမီး (Girls and Women) ပညာရေးဆု ချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး အမှာစကား အသီးသီးပြောကြားခဲ့တယ်လို့ သိရပါတယ်။

ဖုန်လိယွမ်က ပိုမိုများပြားသည့်လူများမှ မိန်းကလေးများနှင့် အမျိုးသမီးများ၏ ပညာရေးလုပ်ငန်းအတွက် အကျိုးပြုဆောင်ရွက်ပေးပြီး ပိုမိုများပြားသည့် အမျိုးသမီးများအား ပညာရေးမှတစ်ဆင့် ၎င်းတို့၏ကံကြမ္မာကို ပြောင်းလဲစေကာ ၎င်းတို့၏ဘဝတန်ဖိုးကို အကောင်အထည်ဖော်ရေးအတွက် ကူညီပေးရန် မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံသည် အမျိုးသမီးများ တန်းတူရည်တူပညာသင်ကြားခွင့်ရရှိရေးကို အလေးထားပြီး နိုင်ငံတကာမိသားစုကြီးနှင့် အပြန်အလှန်ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်နှင့် ကမ္ဘာတစ်ဝှမ်းရှိ မိန်းကလေးများနှင့် အမျိုးသမီး၏ ပညာရေးလုပ်ငန်းကို အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတကာ ဘက်အသီးသီးတို့နှင့် လက်တွဲဆောင်ရွက်လိုကြောင်း ပြောကြားခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

ထို့အတူ Audrey Azoulay ကလည်း တရုတ်အစိုးရ၏ ယူနက်စ်ကိုအား အစဉ်တစိုက်အားကောင်းသော ပံပိုးပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ မိန်းကလေးများနှင့် အမျိုးသမီးများ ပညာရေးကိုမြှင့်တင်ရေးလုပ်ငန်းတွင် ဖုန်လိယွမ်၏ ထူးချွန်သော ပါဝင်ကူညီမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။